Latest News

Wednesday, March 14, 2018

နိုင်ငံခြားခရီးစဉ်သွားဖို့  အဝေမတဲ့ဖြစ်နေတဲ့  လွတ်တော်ကိုယ်စားလှယ်များ

နိုင်ငံခြားခရီးစဉ်သွားဖို့  အဝေမတဲ့ဖြစ်နေတဲ့  လွှတ်တော်ကိုယ်စားလှယ်များ

နိုင်ငံခြားခရီးစဉ်တွေမှာ မပါဝင်သော ကိုယ်စားလှယ်များနားလည်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က မေတ္တာရပ်ခံလိုက်သည်။

“အထူးသဖြင့် ကျွန်တော့် အနေနဲ့  လွှတ်တော် ကိုယ်စားလှယ် ရွေးချယ်တဲ့  ကိစ္စမှာ  အကြောင်းအချက်  သုံးခု လေးခုကို မူတည်ပြီးတော့ ရွေးချယ်ရတဲ့ အကြောင်းရှိပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ စိတ်တိုင်းမကျတဲ့ အနေအထားမျိုးလွှတ်တော် ကိုယ်စားလှယ်များထဲက ရှိရင်လည်း စိတ်ရှည် လက်ရှည်နဲ့  အမြဲတမ်းမျှတအောင်ရွေးချယ်ပြီး ဆက်လက် ပြီး အစီအစဉ်များဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးလိုပါတယ်။ “ဟု ၄င်းကပြောသည်။

မတ်လ(၁၄)ရက်နေ့ ကပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ဒသမ ပုံမှန်အည်းဝေးတွင် ထည့်သွင်းပြောဆိုခဲ့ ခြင်းဖြစ်သည်.။
လွတ်တော်မကျင်းပခင် ကမ္ဗောဒီယားနိုင်ငံသို့  အစိုးရအဖွဲ့ ဝင်တစ်ဦးနှင့် လွတ်တော် ကိုယ်စားလှယ်  ( ၁၀)ဦးခန့် သည့် လေ့ လာရေးတစ်ခု သွားခဲ့ သည်။

ယင်းခရီးစဉ်တွင်လိုက်ပါရခြင်းမရှိသည့်အတွက် ကိုယ်စားလှယ်အချို့ ကတိုင်ကြားမှုများရှိခဲ့ ကြောင်းတိုင်းဧရာကိုလွှတ်တော် နှင့်နီးစပ်သောအသိုင်းဝိုင်းတစ်ချို့ ကပြောသည်။

ဆက်လက် ၍ ဧပြီလအတွင်းတွင်ပင် ပြည်ပနိုင်ငံခြားခရီးစဉ်တစ်ခု သွားရန်လည်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က ပြင်ဆင်နေပြီးဆက်လက်၍ ပြည်ပခရီးစဉ်များယခင်ကထက်ပိုများလာမည်ဟု လွှတ်တော် ဥက္ကဌ ကပြောသည်။

ဇွဲထက်ဥာဏ်

Photo - Ni  Ni Moe FB

No comments:

Post a Comment