Latest News

Thursday, March 1, 2018

စစ်ကိုင်းတိုင်း လင်းနို့ဂူသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးစခန်း တွင်ပြသရန် တိရစ္ဆာန်ရုပ်လုးံသွင်း များ ရန်ကုန်တိရစ္ဆာန် ဥယျဉ်မှ ပေးပို့

စစ်ကိုင်းတိုင်း လင်းနို့ဂူသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးစခန်း တွင်ပြသရန် တိရစ္ဆာန်ရုပ်လုးံသွင်း များ ရန်ကုန်တိရစ္ဆာန် ဥယျဉ်မှ ပေးပို့


  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖော်ဆောင်နေသော လင်းနို့ဂူ သဘာဝအသိပညာပေး စခန်း၌ ပြသရန် တောရိုင်းတိရစ္ဆာန်ရုပ်လုးံသွင်းများကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ် မှ ပေးပို့ခဲ့ရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် မုံရွာမြို့ရှိ တိုင်းသစ်တောဦးစီးဌာနသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

     လင်းနို့ဂူသည် ကန့်ဘလူမြို့နယ် ဇင်းတောင်ဒေသ  ဂုန်းခါးကြိုးဝိုင်းတွင် တည်ရှိပြီး ကျောင်းသားကျောင်းသူများနှင့် ပြည်သူများ အပန်းဖြေစေရေး၊သစ်တောပညာပေးလေ့လာရေးစခန်းများတည်ဆောက်ရေးအတွက် တိုင်ဒေသကြီးအစိုးရနှင်သစ်တောဦးစီးဌာနတို့မှ ဘဏ္ဍာရေးနှစ်အလိုက်ကြိုးစားအကောင်အထည်ဖော်နေခြင်းဖြစ်သည်။

     "  လင်းနို့ဂူမှာ ကိုလိုနီခေတ်သစ်ထုတ်မှု အမှတ်တံဆိပ်ပါတဲ့ နှစ်ပေါင်း ၃၀၀နီးပါးသက်တမ်းရှိ ကျွန်းသားတုးံကြီးလည်း ပြသထားရှိမှာပါ၊အဲဒီသစ်လုးံကြီးကနု ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းရွာက တောင်သူတစ်ဦးလယ်ကွက်ရဲ့ မြေအောက်ထဲကနေ တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်၊နောက်ပြီး သစ်ခွ ဥယျာဉ်လည်း လုပ်မယ်၊" ဟု စစ်ကိုင်းတိုင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    ရုပ်လုးံသွင်းအရုပ်
များမှာ တောရိုင်းတရစ္ဆာန် အသေကောင်၏ မူလ ခန္ဓာကိုယ်အားပုံစံမပျက် မပုပ်မသိုးအောင် စီမံပြုလုပ်ထားခြင်းဖြစ်သည်။ ရန်ကုန်တရစ္ဆာန် ဥယျာဉ်မှ ပေးပို့သောရုပ်လုးံသွင်းများမှ ကျား|ဝက်ဝံ|ရွှေသမင်|ဂျီ|သားပိုက်ကောင်|မျောက်လွှဲကျော်|သမင်ပြောက်နှင့် တောကြောင် ရုပ်ကြွများဖြစ်သည်။ ၄င်း ရုပ်လုးံသွင်းများကို မုံရွာမှ တဆင့် ကန့်ဘလူမြို့နယ် လင်းနို့ဂူ ဒေသသို့ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

   လင်းနို့ဂူ သဘာဝ  အသိပညာပေး အပန်းဖြေစခန်းကို ခရီးသွားများ အားဆွဲဆောင်နိုင်ရန် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နေပြီး ယင်းဒေသတွင်   သဘာဝထုံးကျောက်လိုဏ်ဂူများ၊ ကျောက်ဖျာများဖြင့် ဖွဲ့စည်းတည်ရှိပြီး လိုဏ်ဂူများတွင် လင်းနို့ကောင်ရေ သိန်းချီနေထိုင်သော ဘူမိ ရူပ သွင်ပြင်ထူးခြားသည့် နယ်မြေ တစ်ခု ဖြစ်သည်။

     လင်းနို့ဂူတွင်  သဘာဝ အသိပညာပေးစခန်းနှင့်ခရီးသွားနေရာ ဖော်ဆောင်နိုင်ရေး တိုင်းဒေသကြီးအစိုးရ၏ ပိုလျံရန်ပုံငွေများထဲ မှ ဘတ်ဂျက်လွှဲပြောင်း  ကုန်ကျခံသုးံစွဲရန်ကို စစ်ကိုင်းတိုင်းလွှတ်တော်နှင့်အစိုးရအဖွဲ့တို့ လွှတ်တော်အတွင်းအကျေအလည် ဆွေးနွေးခဲ့ပြီးမှ  တိုင်းဒေသကြီးအစိုးရ က ဖော်ဆောင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ကိုသစ္စာ-မုံရွာ
ဓာတ်ပုံ- sagaing fd

No comments:

Post a Comment