ကျွေးမွေးလှူဒါန်းမည်
မုံရွာအကျဉ်းထောင်မှ အကျဉ်းသား၊အကျဥ်းသူများ အဟာရ အတွက် သဒ္ဓါ့ဓိက ဆရာတော် အရှင် စန္ဒာသီရိ ဦးစီးသော တပည့်သာဝကများ အဖွဲ့မှ လစဉ်ကျွေးမွေး လှူ ဒါန်းသွားမည်ဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများအား ဖိတ်ခေါ်နေကြောင်း ၄င်းအဖွဲ့မှ ကိုအောင်မျိုးထွန်း ကပြောသည်။
" ကျွေးနေတာတော့ သုးံကြိမ် ရှိပြီ၊ လှူဒါန်းငွေအပေါ်မူတည်ပြီး အကျဉ်းထောင်က ရိက္ခာနဲ့ပေါင်းပြီးကျွေးတယ်၊ အကျဥ်းသားတွေ အတွက် အဟာရဒါနပါ၊ဆရာတော်က တော့ တစ်ကြိမ်ကို ငွေသား ၅သိန်းလှူတယ်၊တစ်ချို့က မိဘမဲ့ကျောင်းတို့ ပရဟိတ ဂေဟာတို့မှာ လှူချင်တယ်၊ ထောင်ကို ကျ လှူဖို့ စိတ်အားမ ထက်သန်ကြဘူး "ဟု ၄င်းကပြောသည်။
မူးယစ်ဆေးဝါးမှုနှင့် ခိုး၊ဆိုး၊လုနှိုက် မှုများအား ရဲတပ်ဖွဲ့မှ အရှိန်မြှင့် ဖမ်းဆီးလာခြင်းကြောင်း မုံရွာအကျဉ်းထောင်တွင်လက်ရှိ အကျဉ်းသား၊အကျဥ်းသူ ဦးရေ ၁၀၀၀ကျော်ရှိနေသည်။ မုံရွာထောင် သည် မုံရွာမြို့ ရုးံကြီးရပ်ကွက် ရုးံကြီးလမ်းတွင် ရှိပြီး လူတစ်ထောင်ဆံ့ ကကြီးအဆင့် အကျဉ်းထောင်ဖြစ်သည်။
မုံရွာထောင်တွင် လှူဒါန်းကျွေးမွေးလိုသူများအနေဖြင့် ကိုအောင်မျိုးထွန်း ဖုန်းနံပတ်၊၀၉-၉၇၄၁၁၆၃၆၃ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ကိုသစ္စာ-မုံရွာ
No comments:
Post a Comment