Latest News

Saturday, March 3, 2018

ညောင်ချောင်းသာကမ်းခြေ၌ အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ပိုမိုများပြား

ညောင်ချောင်းသာကမ်းခြေ၌ အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ပိုမိုများပြား

ညောင်တုန်း  မတ်   ၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်  ရန်ကင်းစံရွာကျေးရွာ ရှိ  ဧရာဝတီမြစ်နှင့်  ပန်းလှိုင်မြစ်ဆုံရာ သဲသောင်ပြင်တွင်    သဘာဝအတိုင်း တည်ရှိနေသော     ညောင်ချောင်းသာ အပန်းဖြေရေချိုးဆိပ် (ညောင်ချောင်း  သာ) ကမ်းခြေသည်  တစ်နှစ်ထက်တစ်နှစ် လာရောက်လည်ပတ်သူများ ပိုမိုများပြား လာခဲ့သော  အပန်းဖြေ  ကမ်းခြေတစ်ခု ဖြစ်လာသည်။

''ကျွန်တော်  ညောင်ချောင်းသာ ကမ်းခြေကို လာရောက်လည်ပတ်ခဲ့တာ ဒီနှစ်နဲ့ဆိုရင်   သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီ၊ သွားလာရတာလည်း   အဆင်ပြေတယ်၊ ကိုယ့်ဒေသကို နေ့ချင်းပြန်ဖို့လည်း အချိန် မီတယ်၊ ဒီနှစ် ညောင်ချောင်းသာကမ်းခြေ က တိုက်ရိုက်ကားနဲ့ ဆင်းသွားလို့ရတဲ့ အတွက် ခါတိုင်းနှစ်တွေကထက် လာရ တာ ပိုအဆင်ပြေပါတယ်''ဟု ရန်ကုန်မြို့ မှ    လာရောက်လည်ပတ်သူတစ်ဦးက ပြောသည်။

ညောင်ချောင်းသာကမ်းခြေ တည်ရှိ ရာ ညောင်တုန်းမြို့သည် ရန်ကုန်မြို့နှင့် မိုင်ပေါင်း ၃ဝ ကျော်ခန့်သာ ကွာဝေးပြီး နေ့ချင်းပြန်သွားလာနိုင်ခြင်း၊    ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အခြားမြို့နယ် များနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ခြင်းတို့ကြောင့်လည်း   လာရောက် လည်ပတ်သူများအဖို့ အချိန်တိုအတွင်း ငွေအကုန်နည်းပြီး  စိတ်အေးချမ်းသာယာ စွာ  အပန်းဖြေအနားယူနိုင်ကာ  မိမိဒေသ သို့ အချိန်မီပြန်နိုင်ပေသည်။

''ဒီရုံးပိတ်ရက်       လေးရက်မှာ ကျွန်တော်တို့ မိသားစုအနေနဲ့ အပန်းဖြေ ကမ်းခြေများစွာထဲက ကိုယ့်မြို့နဲ့ အနီးဆုံး ဖြစ်တဲ့ ညောင်တုန်းမြို့က ညောင်ချောင်း သာ ကမ်းခြေကို မိသားစုလိုက် လာရောက် အပန်းဖြေဖြစ်တယ်၊ ညောင်ချောင်းသာ ကမ်းခြေဆိုတာ လူပြောများပြီး ကြားဖူး နေတာတော့ ကြာပြီ၊ ဒီနှစ်မှပဲ ရောက်ဖြစ် တော့တယ်၊    စားသောက်ဆိုင်ခန်းတွေ ကလည်း    ၅ဝ   နီးပါးခန့်ရှိပြီး   အလွန် စည်ကားပါတယ်၊    ဝန်ဆောင်မှုလည်း ကောင်းတယ်၊      ကလေးတွေလည်း ရေဆော့ကစားရတာ အဆင်ပြေတယ်၊ ဒေသထွက် အစားအစာတွေကလည်း စားသုံးရတာ  အဆင်ပြေပါတယ်'' ဟု မအူပင်မြို့မှ   လာရောက်လည်ပတ်သူ တစ်ဦးက ပြောသည်။

အဆိုပါ ညောင်ချောင်းသာ  အပန်း ဖြေ   ရေချိုးဆိပ်(ညောင်ချောင်းသာ) ကမ်းခြေသည်   တစ်နှစ်ထက်   တစ်နှစ် လူသိထင်ရှား     ကျော်ကြားလာသော ကမ်းခြေတစ်ခုဖြစ်ပြီး   ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ပတ်ဝန်း ကျင် ဒေသများမှ ပြည်သူများသာမက ရန်ကုန်မြို့နှင့်    အခြားတိုင်းဒေသကြီး၊ ပြည်နယ်များကပါ လာရောက် လည်ပတ် လျက်ရှိပြီး ယခုလို အစိုးရရုံးပိတ်ရက်များ တွင် လာရောက်အပန်းဖြေသူများ   ပိုမို များပြားပြီ    စည်ကားလျက်ရှိကြောင်း သိရသည်။            ဝဠာနိုင်(ညောင်တုန်း)

No comments:

Post a Comment