Latest News

Saturday, March 3, 2018

မြန်မာ -ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်ပါအတိုင်း မြန်မာဘက်မှ အဆင်သင့်ဖြစ်

မြန်မာ -ဘင်္ဂလားဒေ့ရှ်  နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေး
ပြန်လည်လက်ခံရေးအတွက် သဘောတူညီချက်ပါအတိုင်း မြန်မာဘက်မှ အဆင်သင့်ဖြစ်

နေပြည်တော်     မတ်     ၃

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂ ရက် ညနေ ၄ နာရီမှ ၄  နာရီ ၅၅ မိနစ်အထိ  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း နှစ်နိုင်ငံ  နယ်စပ်မှတ်တိုင်   ၃၁/၁ ဂေါင်းဒုံBGB  စခန်း၌  ကျင်းပခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး  တရားမဝင်   နေရပ်စွန့်ခွာနေထိုင်သူများနှင့် ပတ်သက်၍ ကိစ္စရပ်များ၊ နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်မည့် အစီအမံများ၊   နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင်  ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား အချိန်နှင့်တစ်ပြေးညီ သတင်းညှိနှိုင်း        ဖလှယ်နိုင်ရေးတို့ကို  ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ အမှတ်  ၁  နယ်ခြားစောင့်  ရဲတပ်ဖွဲ့ခွဲမှူး   ဒုတိယရဲမှူးကြီး စောဇေယျာလင်းနှင့်    အဖွဲ့ဝင် ကိုးဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမှတ် ၃၄ BGB  တပ်ရင်းမှူး   ဒုတိယဗိုလ်မှူးကြီး မောန်ဇူ ရုပ်ဟာဆာန်ခါန်းနှင့်  အဖွဲ့ဝင်ခြောက်ဦး  တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတရုံး       ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက     '' မနေ့ညနေပိုင်းက   နှစ်နိုင်ငံတပ်ရင်းမှူးအဆင့်     တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့တာ      ရှိပါတယ်၊  နယ်စပ်မှာတော့ ပုံမှန်ပါပဲ၊ ဒီနေ့လည်း  ထူးခြားမှုအခြေအနေ    သတင်းပို့လာတာ တော့ မရှိသေးပါဘူး၊  နယ်နိမိတ်မျဉ်းမှာ ရောက်နေတဲ့သူ  အရေအတွက်က  ၁ဝဝဝ ကျော်လောက်   ကျန်နေသေးတယ်လို့   သိရပါတယ်။

 အဆင်သင့်ဖြစ်
''ကျွန်တော်တို့ဘက်က  နေရပ် စွန့်ခွာသူတွေကို      ပြန်လည်လက်ခံဖို့ ဆောင်ရွက်ထားတာ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းကပါ၊        ပြည်ထဲရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ   ဦးစီးတဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့   ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ    ၁၇      ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို        သွားတုန်းက သူတို့ဘက်    ပထမအသုတ်     လွှဲပြောင်း ပေးမယ်ဆိုတဲ့    အိမ်ထောင်စု   ၁၆ဝဝ ကျော်၊ လူဦးရေ   ၈ဝဝဝ   ကျော်စာရင်း ပေးလိုက်တာ   ရှိပါတယ်၊    ဒါပေမယ့် သူတို့ပေးလိုက်တဲ့စာရင်းက    သူတို့ စိတ်ကြိုက်၊ သူတို့ ဖြည့်ချင်သလို ဖြည့်စွက် ထားတဲ့ပုံစံဖြစ်ပြီး  ကျွန်တော်တို့ဘက်က ပေးထားတဲ့  ပုံစံအတိုင်း မဟုတ်လို့ အခု လဝကကို   ကိုယ့်ပုံစံအတိုင်း ဝင်အောင် ပြန်လုပ်ခိုင်း၊     စိစစ်ခိုင်းထားပါတယ်၊ နှစ်နိုင်ငံ     သဘောတူညီချက်ပါအတိုင်း ကျွန်တော်တို့ဘက်ကတော့ ဇန်နဝါရီလ ၂၃     ရက်နေ့ကတည်းက     ပြန်လည် လက်ခံရေးအတွက်     အဆင်သင့်ဖြစ် အောင် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်'' ဟု  ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်    နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံ ရေးအတွက်      လှဖိုးခေါင်     ကြားစခန်း၊ တောင်ပြိုလက်ဝဲနှင့် ငါးခူရ လက်ခံရေး စခန်းတို့ကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းက    ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပြန်လည်လက်ခံ မည့်သူများ            တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊        သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး၊      ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး    စီစဉ်ဆောင် ရွက်ထားပြီးဖြစ်ကြောင်း၊ ထိုသို့  ပြင်ဆင် ဆောင်ရွက်ထားမှုနှင့်     ပတ်သက်၍ သံတမန်များ၊  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ    တာဝန်ရှိသူများ၊ ပြည်တွင်း  ပြည်ပ   သတင်းထောက်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ   အကြံပြုချက် များအပေါ်     အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ  အကြံပေး အဖွဲ့မှ  အဖွဲ့ဝင်များ၊ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး    စသဖြင့်   သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပြီးဖြစ်ကြောင်း       သိရှိရ သည်။  သတင်းစဉ်

No comments:

Post a Comment