Latest News

Saturday, February 17, 2018

YBS ယာဉ်လိုင်း၌ ဂိတ်တွင် ကောင်တာဖွင့်၍ ယာဉ်ပေါ်မတက်မီ ငွေအကြွေ လဲလှယ်ပေးနေ

YBS ယာဉ်လိုင်း၌ ဂိတ်တွင် ကောင်တာဖွင့်၍ ယာဉ်ပေါ်မတက်မီ ငွေအကြွေ လဲလှယ်ပေးနေ

ရန်ကုန် ဖေဖော်ဝါရီ ၁၇

YBS စီးနင်းကြမည့် ခရီးသည်များ အတွက် YBS ၅၆ ယာဉ်လိုင်းရှိ ဂိတ်တာဝန်ခံများက ကောင်တာဖွင့်၍ ယာဉ်ပေါ်မတက်မီ ငွေပြန်အမ်းပေးသော ဝန်ဆောင်မှု ပြုလုပ်ပေး နေကြောင်း YBS ယာဉ်လိုင်းမှ သိရသည်။ ''အကြွေမပါတဲ့ သူတွေအနေနဲ့ ကောင်တာမှာ ငွေအကြွေ လဲသွားနိုင်အောင် အခုလို စီစဉ်ထားတာပါ။

ဂိတ်မှာတာဝန်ကျတဲ့ ဝန်ထမ်းတွေက ကားစီးဖို့ တန်းစီစောင့်နေတဲ့ ခရီးသည်တွေကို ငွေအကြွေလဲပေးတာပါ။ ယာဉ်စီးခအတွက် တစ်ခါတစ်ရံ အကြွေ အခက်အခဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ယာဉ်တွေကနေရတဲ့ ငွေအကြွေနဲ့ အခုလိုပြန်ပြီး လဲလှယ်ပေးတာပါ''ဟု Omini Focus ကုမ္ပဏီ လီမိတက်မှ သွားလာရေး မန်နေဂျာ ဦးစန်းယုက ပြောသည်။

ထိုသို့ငွေအကြွေ လဲလှယ်မှုကို YBS ၂ဝ ယာဉ်လိုင်းတွင် ပြုလုပ်ပေးရန်ရှိပြီး လက်ရှိ လဲလှယ်ပေးနေသော YBS ၅၆ ယာဉ်လိုင်း၌ ယခုအခါ ယာဉ်အစီးရေ ၃ဝ ကျော် အသုံးပြု ထားကာ နံနက် ၄ နာရီခွဲတွင် ဂိတ်ဖွင့်၍ ည ၉ နာရီခွဲခန့်အထိ နောက်ဆုံး ပြေးဆွဲပေးလျက် ရှိသည်။

အဆိုပါ ယာဉ်လိုင်းသည် ရန်ကုန်မြို့တွင်း Downtown ဧရိယာကိုပတ်ကာ သခင်မြ ပန်းခြံမှ အသွားလမ်းကြောတွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း အတိုင်း ဆေးရုံကြီး၊ ဗိုလ်ချုပ် အာင်ဆန်းဈေး၊ ဘူတာကြီး၊ လမ်း ၅ဝ၊ ပုဇွန်တောင်-ညောင်တန်းဘက်မှ အပြန်တွင် ကုန်သည် လမ်းအတိုင်းပြန်၍ သခင်မြ ပန်းခြံ၌ ပြန်လည်ဂိတ်ဆုံး၍ ခရီးစဉ်အတွက် ယာဉ်စီးခကို တစ်ဦးလျှင် ငွေကျပ် ၁ဝဝ သတ်မှတ်ထားကြောင်း သိရသည်။(မြ၀တီ)

No comments:

Post a Comment