Latest News

Sunday, February 18, 2018

ဗန်း​မောက်​မြို့နယ်​အတွင်းမှ တရားမဝင်​​ရွှေတူး​ဖော်​ရာတွင်​အသုံးပြု​သော စက်​ပစ္စည်းများဖမ်းမိ

ဗန်း​မောက်​မြို့နယ်​အတွင်းမှ တရားမဝင်​​ရွှေတူး​ဖော်​ရာတွင်​အသုံးပြု​သော စက်​ပစ္စည်းများဖမ်းမိ


ကသာ  ဖေဖော်ဝါရီ  ၁၈

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ကသာခရိုင်​၊ဗန်း​မောက်​မြို့နယ်​​နောင်မှီ​ကျေးရွာ အနီး၊ မဲဇာ​ချောင်းရိုးအတွင်းတရားမဝင်​​ရွှေလုပ်​ကွက်​မှ​ရွှေတူ​ဖော်​ရာတွင်​အသုံးပြု​သောစက်​ပစ္စည်းများဖမ်းမိခဲ့​ကြောင်းသိရသည်​။
ဖြစ်​စဉ်​မှာ ၁၇၊၂၊၁၈ ရက်​​နေ့ ​နေ့လယ်​(၂)နာရီအချိန်​ခန့့်​တွင်​ဗန်း​မောက်​မြို့နယ်​၊အမှတ်​ ၂ သတ္ထုတွင်းလုပ်​ငန်း၊မြို့နယ်​သတ္ထုဦးစီးဌာနမှလ/ထ ၁ ဦး​ကျော်​မင်းသန်းဦးဆောင်​​သောအဖွဲ့သည်​သက်​ဆိုင်​ရာဌာနဆိုင်ရာများဖြင့်​ ပူး​ပေါင်း၍သက်​​သေများနှင့်​အတူဗန်း​မောက်​မြို့နယ်​၊အင်း​ပေါက်​​ကျေးရွာ အုပ်​စုအတွင်းနယ်​​မြေရှင်းလင်း​ရေး​ဆောင်​ရွက်​​နေစဉ်​​နောင်​မိုး​ကျေးရွာ အနီး၊မဲဇာ​ချောင်းရိုးအတွင်း၌တရားမဝင်​​ရွှေတူး​ဖော်​ရာတွင်​အသုံးပြု​သော ဝီလီ၂၈ ​ကောင်​အင်​ဂျင်​​ရေခရုဖြင့်​တွဲလျှက်​ ၁ လုံး၊ဝီလ၂၅ ​ကောင်​အင်​ဂျင်​မုံအိုးနှင့်​တွဲလျှက်​ ၁ လုံး၊၂၀​ပေရှိ ၄လက်​မပိုက်​​ပျော့ ၁ ခု၊၄၀ ​ပေရှိ၎လက်​မပိုက်​​ပျော့ ၁ ခု၃ တန်​ရှိချိန်းဘ​ရောက်​ ၁ ခုနှင့်​၁၅ ​ပေရှိ ၄လက် မလည်​​ချောင်း ပိုက်​တစ်​ခုနှင့်​တရားမဝင်​​ရွှေတူး​ဖော်​ရာတွင်​အသုံးပြု​သောဆက်​စပ်​ပစ္စည်းများဖမ်းဆီးရမိသဖြင့်​တရားမဝင်​​ရွှေတွင်း လုပ်​ကိုင်​သူအားအမြန်​ဖမ်းမိ​ရေးအတွက်​သက်​ဆိုင်​ရာဌာနဆိုင်​ရာများဖြင့်​ ပူး​ပေါင်း​ဆောင်​ရွက်​ထား​ကြောင်းသတ္ထုဦးစီးဌာနမှ လ/ထ ၁ ဦး​ကျော်​မင်းသန်းမှ​ပြောပြသိရှိရသည်​။လူ​အောင်​(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment