WLC လက်ဝှေ့ပြိုင်ပွဲ ရွှေခါးပတ်လုပွဲ၌ လက်ရှိချန်ပီယံတူးတူး စိန်ခေါ်သူ ဆိုရိုကင်ကို အမှတ်ဖြင့်နိုင်ပြီး ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး မြန်မာလက်ခမောင်းကုမ္ပဏီက စီစဉ်ကျင်းပသော လေးကြိမ်မြောက် က္ဘာ့လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်လုပွဲကြီးကို ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော် ဝ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ၌ ကျင်းပရာ မစ်ဒယ်ဝိတ်တန်း လက်ရှိက္ဘာ့ချန်ပီယံ တူးတူး(မြန်မာ)နှင့် ယူကရိန်းနိုင်ငံသား ဆိုရိုကင်တို့ ယှဉ်ပြိုင်ထိုးသတ်ရာ လက်ရှိ ချန်ပီယံတူးတူး အမှတ်ဖြင့် အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
ယနေ့ပထမဆုံးအကြိမ် နေပြည်တော်၌ ကျင်းပသော မြန်မာလက်ခမောင်း၏ စတုတ္ထမြောက် ကမ္ဘာ့လက်ဝှေ့ချန်ပီယံ(WLC) ပြိုင်ပွဲကြီးတွင် ပြည်တွင်း၊ ပြည်ပ တွဲဆိုင်း ခုနစ်ဆိုင်းပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြပြီး အဓိကတွဲဆိုင်းဖြစ်သော မစ်ဒယ် ဝိတ်တန်း က္ဘာ့ချန်ပီယံခါးပတ်လုပွဲတွင် လက်ရှိချန်ပီယံ တူးတူး(မြန်မာ- နဂါးမာန်) နှင့် စိန်ခေါ်သူ ဆိုရိုကင် (ယူကရိန်း)တို့ပွဲမှာ ငါးချီပြည့်သည်အထိ တစ်ဦးနှင့်တစ်ဦး အလဲထိုး အရှုံး၊ အနိုင် မပေါ်၍ အမှတ်ဖြင့်ဆုံးဖြတ်ရာ လက်ရှိချန်ပီယံ တူးတူး(မြန်မာ)က အနိုင်ရခဲ့သည်။ မစ်ဒယ်ဝိတ်တန်း က္ဘာ့ချန်ပီယံခါးပတ်လုသော အဆိုပါပွဲတွင် ကောင်တာသမားနှစ်ဦး တွေ့ဆုံသဖြင့် ပွဲမှာထင်သလောက် ပြင်းထန်မှုမရှိဘဲ တစ်ဦးနှင့် တစ်ဦး အကဲစမ်းမှုများနေကြသဖြင့် ကြိုးဝိုင်းဒိုင်ကပင် တစ်ဖက်နှင့်တစ်ဖက် ထိုးသတ် ရန် အကြိမ်ကြိမ်သတိပေးခဲ့ရသည်။
ဒုတိယ Main ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သော စောဘဦး(တောင်ကလေး)နှင့် သပြေညို(ရွှေဘားလား) တို့ပွဲတွင် တစ်ဦးနှင့်တစ်ဦး ငါးချီပြည့်သည်အထိ အကြိတ် အနယ် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း အရှုံး၊ အနိုင် မပေါ်ခဲ့၍ အမှတ်ဖြင့် ဆုံးဖြတ်ရာ စောဘဦး အနိုင်ရခဲ့သည်။ တစ်ဖန်လိုက်ဝယ်တာဝိတ် မြန်မာပြည်ချန်ပီယံဆီမီး ဖိုင်နယ်ပွဲတွင် ဗထူးမောင်(ရတနာပုံ)နှင့် ကျော်ဇင်လတ် (T&Tသထုံ)တို့ ယှဉ်ပြိုင် ထိုးသတ်ရာ၌ တတိယအချီ ၁ မိနစ် ၅ဝ စက္ကန့်တွင် ဗထူးမောင် ဆက်လက်ယှဉ်ပြိုင်နိုင် စွမ်းမရှိတော့သဖြင့် ကျော်ဇင်လတ် အနိုင်ရခဲ့သည်။ အလားတူ မြန်မာပြည်ချန်ပီယံ ဆီမီးဖိုင်နယ် လိုက်ဝယ်တာ ဒုတိယပွဲစဉ်တွင် စောဒါဝိတ် (တောင်ကလေး)နှင့် ပတ်ကျော်လင်းနိုင်(တိုက်ဂါး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပထမအချီမှာပင် စောဒါဝိတ် က ပတ်ကျော်လင်းနိုင်ကို အမှတ်စဉ် သုံးကြိမ်ရေတွက်ခံစေပြီး အနိုင်ရရှိသဖြင့် နောက်တစ်ကြိမ် ကျင်းပမည့် WLC ပွဲတွင် လိုက်ဝယ်တာဝိတ် မြန်မာပြည်ချန်ပီယံ ဖိုင်နယ်တွင် စောဒါဝိတ်(တောင်ကလေး)နှင့် ကျော်ဇင်လတ် (T&Tသထုံ) တို့တွေ့ဆုံကာ လိုက်ဝယ်တာ မြန်မာပြည်ချန်ပီယံခါးပတ်ကို လုကြရမည်ဖြစ်သည်။
ထို့အပြင် ဖယ်သာဝိတ်တန်းတွင် အမျိုးသမီးအထူးပွဲစဉ်အနေဖြင့် ရွှေစင်မင်း (မြန်မာ) နှင့် ကမ္ဘောဒီးယားနိုင်ငံသူ နိုဆရီပေါ့တို့ပွဲတွင် သုံးချီပြည့်သည်အထိ အလဲထိုး အရှုံး၊ အနိုင်မပေါ်၍ အမှတ်ဖြင့်ဆုံးဖြတ်ရာ နိုဆရီပေါ့ အနိုင်ရခဲ့သည်။ ထို့အပြင် လိုက်ဝိတ်တန်း၌ ချစ်မောင်မောင်(တောင်ကလေး)နှင့် စည်သူ (T&T သထုံ) တို့ပွဲတွင် စည်သူက အမှတ်ဖြင့်လည်းကောင်း၊ လိုက်ဝယ်တာဝိတ်တန်း သွေးသစ်မောင် (အဖြူရောင်သွေးသစ်)နှင့် လက်သီးမိုး (T&Tသထုံ)တို့ပွဲတွင် လက်သီးမိုးက အမှတ်ဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။ မောင်စိန်လွင်(မြန်မာ့အလင်း)
Saturday, February 17, 2018
WLC လက်ဝှေ့ပြိုင်ပွဲ ရွှေခါးပတ်လုပွဲ၌ လက်ရှိချန်ပီယံတူးတူး စိန်ခေါ်သူ ဆိုရိုကင်ကို အမှတ်ဖြင့်နိုင်ပြီး ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့
WLC လက်ဝှေ့ပြိုင်ပွဲ ရွှေခါးပတ်လုပွဲ၌ လက်ရှိချန်ပီယံတူးတူး စိန်ခေါ်သူ ဆိုရိုကင်ကို အမှတ်ဖြင့်နိုင်ပြီး ချန်ပီယံခါးပတ်ကာကွယ်နိုင်ခဲ့
Reviewed by Ar Ti
on
7:47 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment