Latest News

Saturday, February 17, 2018

ဝိတ်တန်းတက်ထိုးမယ့် အောင်လအန်ဆန်(မြန်မာစပါးအုံးမြွေ) ရဲ့ ပဉ္စမမြောက် အမိမြေစိန်ခေါ်ပွဲ

ဝိတ်တန်းတက်ထိုးမယ့် အောင်လအန်ဆန်(မြန်မာစပါးအုံးမြွေ) ရဲ့
ပဉ္စမမြောက် အမိမြေစိန်ခေါ်ပွဲ

ယနေ့ ပြည်သူများစိတ်ဝင်စားနေတဲ့ အောင်လအန်ဆန် (မြန်မာစပါးအုံးမြွေ) ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်မယ့် Mix Martial Art(ကိုယ်ခံပညာပေါင်းစုံအတိုက်ပြိုင်ပွဲကြီး)ကို ယခုလာမယ့် ဖေဖော်ဝါရီ ၂၃ ရက်မှာ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ဆဋ္ဌမအကြိမ် ကျင်းပတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ၂ဝ၁၅ ခုနှစ်က စတင်ခြေချခဲ့တဲ့ MMAပြိုင်ပွဲကြီးဟာ ထိုင်းနိုင်ငံအခြေစိုက်One Championship အဖွဲ့ကဦးဆောင်ကာ ကမ္ဘာ့နိုင်ငံအများစုသို့ လစဉ်လှည့်လည် ကျင်းပနေပါတယ်။ သုံးနှစ်ကာလအတွင်း MMAပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တာပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက်က ငါးကြိမ်မြောက်ကျင်းပခဲ့ပြီး ယခုလာမယ့် ဖေဖော်ဝါရီ ၂၃ ရက်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ ဆဋ္ဌမအကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ အိမ်ရှင်အဖြစ် ဆဋ္ဌမအကြိမ်မြောက် ကျင်းပမယ့် MMA ပြိုင်ပွဲရဲ့ လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်လုပွဲမှာ   ကချင်ပြည်နယ်ဖွား အောင်လအန်ဆန်ဟာ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒားမချာဒိုနဲ့ စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။ ဒီပွဲဟာ အောင်လအန်ဆန်(မြန်မာစပါးအုံးမြွေ)ရဲ့ ဝိတ်တန်းတက်ထိုးရမယ့် ပွဲတစ်ပွဲဖြစ်သလို ငါးကြိမ်မြောက် အမိမြေစိန်ခေါ်ပွဲလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား အောင်လအန် ဆန်ဟာ ၂ဝ၁၆ ခုနှစ် မတ် ၁၈ ရက်တွင် မြန်မာ နိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပတဲ့ MMA ပြိုင်ပွဲ မှာ အီဂျစ်နိုင်ငံသား မိုဟာမက်အလီနဲ့ စတင်ယှဉ် ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲမှာ အီဂျစ် နိုင်ငံသား မိုဟာမက်အလီကို ဂျူဂျစ်စုနည်းနဲ့ အနိုင် ရခဲ့ပြီးနောက် ငါးလအကြာ စက်တင်ဘာ ၆ ရက် မှာ ပိုလန်နိုင်ငံသား  မိုက်ကယ်ပတ်စတားနက်နဲ့ ဒုတိယမြောက်ယှဉ်ပြိုင်  ထိုးသတ်ရာမှာလည်း အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် အောင်လ အနေနဲ့ မြန်မာနိုင်ငံမှာ တတိယမြောက်ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့MMA မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံလုပွဲမှာတော့ ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို     စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်ရာမှာ အမှတ်နဲ့ အနိုင်ရခဲ့ပြန်ပါ တယ်။ ယင်းနောက်MMAမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ကြီးကို၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ  ရက်မှာ သင်္ဃန်းကျွန်း မြို့နယ်      သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ အဆိုပါ ရွှေခါးပတ်လုပွဲမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖွားအောင်လအန်ဆန်ကို အားပေးသူပရိသတ် သုံးသောင်းကျော်အထိ စံချိန်တင် များပြား ခဲ့ပါတယ်။  One Championshipအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့  MMA   ပြိုင်ပွဲတွေကို မြန်မာနိုင်ငံမှာ ၂ဝ၁၅ ခုနှစ်   ဇူလိုင် ၁၈ ရက်က စတင်ကျင်းပခဲ့ရာ ယခုအကြိမ်ဟာ ဆဋ္ဌမမြောက် ကျင်းပမှာဖြစ်ပါတယ်။ ယခုဆဋ္ဌမ မြောက်ပွဲမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်ဖွား လက် ရှိ  MMA  ကမ္ဘာ့မစ်ဒယ်ဝိတ်တန်းချန်ပီယံ    အောင်လ အန်ဆန်အနေနဲ့   ဝိတ်တန်းတက်ထိုးရမှာဖြစ် လို့   ယခင်ပွဲများထက်  အမှန်တကယ်  ရုန်းကန် ရမှာဖြစ်ပါတယ်။ အောင်လနဲ့ ယှဉ်ပြိုင်ထိုးသတ် ရမယ့်ပြိုင်ဘက်ဟာ   လိုက်ဟဲဗီးဝိတ်တန်းမှာ ယှဉ်ပြိုင်ထိုးသတ်နေတဲ့  လက်ဝှေ့ကျော်တစ်ဦး ဖြစ်သလို ဂျူဂျစ်စုနည်းပညာမှာ သူမတူ ပြိုင်ဘက် ကင်းနေတဲ့ လက်ဝှေ့ကျော်တစ်ဦးလည်း ဖြစ်နေ ပါတယ်။
အောင်လအန်ဆန်(မြန်မာစပါးအုံမြွေ)ဟာ  MMA လက်ရှိ ကမ္ဘာ့မစ်ဒယ်ဝိန်တန်းချန်ပီယံ ခါးပတ်ကို ပိုင်ဆိုင်ပြီးနောက် ယခုစိန်ခေါ်ထိုး သတ်မယ့်ပွဲဟာ ဒုတိယမြောက်ပွဲဖြစ်ပါတယ်။ ဒီပွဲဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်နဲ့ မဆိုင် ဘဲ ပိုင်ရှင်မဲ့နေတဲ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံရွှေခါး ပတ်ကိုသာ ယှဉ်ပြိုင်လုခြင်းဖြစ်ပါတယ်။ MMAရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို   ယခင်က   ရော်ဂျာဂရေဆီ ချန်ပီယံဖြစ်ခဲ့ပြီး ယခုအခါ ¤င်း အနားယူ သွားသဖြင့် အောင်လအန်ဆန်နှင့် လိုက်ဟဲဗီး ဝိတ်တန်းမှ မချာဒိုတို့ ယှဉ်ပြိုင်လုကြ ခြင်းဖြစ်ပါတယ်။   ဒီလိုက်ဟဲဗီးဝိတ်တန်းပွဲမှာ   အောင်လအန်ဆန်အနိုင်ရပါက  ခါးပတ်နှစ်ခု ပိုင်ရှင်ဖြစ်လာမှာ ဖြစ်ပါတယ်။
လက်ရှိမှာ အောင်လအန်ဆန်ဟာ အသက် ၃၃ နှစ်၊ အရပ် ၆ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ၁၈၅ ပေါင်ရှိပြီး လတ်တလောလက်ရှိ MMA ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံတစ်ဦး ဖြစ်ပါ တယ်။ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Cham-pionship ပြိုင်ပွဲ ၃၁ ပွဲမှာ နိုင်ပွဲ၂၁ပွဲ၊ ရှုံးပွဲ ၁ဝ ပွဲ ရလဒ်ပိုင်ဆိုင်သော   လက်ဝှေ့ကျော်တစ်ဦး ဖြစ်ပါတယ်။ ပြိုင်ဘက်တိုင်းကို ဂျူဂျစ်စုနည်းနဲ့အဓိကအားထားကစားလေ့ရှိပြီး ယင်းနည်းဖြင့် ပင် ပြိုင်ဘက်များအား အနိုင်ယူခဲ့ခြင်းကြောင့် မြန်မာ့ရိုးရာလက်ဝှေ့နယ်ပယ်မှ ဆိုရိုးစကားဖြစ် သော ချုပ်သိုင်းပိုင်၍ လုပ်တိုင်းနိုင်သည့် မြန်မာ စပါးအုံးမြွေဟုပင် ကမ္ဘာ့အလယ်တွင် ကျော် ကြားခဲ့တာ ဖြစ်ပါတယ်။
ယခု လိုက်ဟဲဗီးဝိတ်တန်း  ရွှေခါးပတ်ကိုလု မယ့် အောင်လအန်ဆန်နဲ့  ယှဉ်ပြိုင်ထိုးသတ် မယ့် တစ်ဖက်ပြိုင်ဘက်ကစားသမား ဘရာ ဇီးနိုင်ငံသား အလက်ဇန္ဒားမချာဒိုဟာ    လက်ရှိ ၂ဝ၅ ပေါင် လိုက်ဟဲဗီးဝိတ်တန်းမှာ ထိပ်သီးဖိုက်တာတစ်ဦး    ဖြစ်ပါတယ်။  အောင်လအန်ဆန်ထက်MMAအတွေ့ အကြုံပိုင်း၊    သမ္ဘာပိုင်းနဲ့ပညာပိုင်းမှာ  ပို စုံလင်တဲ့  လက်ဝှေ့ကျော်တစ်ဦးဖြစ်သလို လက်ရှိမှာလည်း အမေရိကန်  ကမ္ဘာ့ထိပ် သီးသိုင်းပေါင်းစုံကလပ်တစ်ခုမှာ ကြိုတင် လေ့ ကျင့်နေတယ်လို့  သိရပါတယ်။  မချာဒို ဟာ လိုက်ဟဲဗီးဝိတ်တန်း ပြိုင်ဘက်အများ စုကို ဂျူဂျစ်စုနည်းနဲ့ အနိုင်ယူထားပြီး  လက်ရှိ အောင်လအန်ဆန်ကိုလည်း ငါးချီမပြည့်ခင်မှာပင် ပွဲအဆုံးသတ် နိုင်မယ်ဟု ကြုံးဝါးပါတယ်။
''အောင်လအန်ဆန်  ဟာ    တကယ်တော့      MMA လောကမှာ နာမည်ကောင်း တစ်ခုနဲ့ ကျော်ကြားနေတဲ့  လက်ဝှေ့ကျော် တစ်ဦးပါ၊ လက်ရှိမှာလည်းMMA  ကမ္ဘာ့  မစ်ဒယ်ဝိတ်တန်း ချန်ပီယံ  တစ်ဦးဆို တာ    အားလုံး သိ  ပါ  တယ်၊ ဒါပေမယ့် ဒီ  လိုက်ဟဲဗီး ဝိတ်တန်း  ရွှေခါးပတ်ကို တော့ သူ့လက်ထဲကို  လွယ် လွယ်နဲ့ ကျွန်တော်ထည့်ပေး လိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်လည်း လိုက် ဟဲဗီးဝိတ်ချန်ပီယံဖြစ်ရေး ကြိုးစားနေတဲ့သူမို့ ဆုံမှတ်ချင်းတူနေကြတဲ့ ပြိုင်ဘက်တွေဖြစ်တာ ကြောင့် ဒီပွဲဟာပြိုင်ဆိုင်မှုပြင်းထန်မယ့် ပွဲတစ်ပွဲ ဖြစ်မယ်လို့ထင်ပါတယ်၊ အဓိက သူ့ကိုကျွန်တော်Stand  Fight  နဲ့ အနိုင်ယူမှာ မဟုတ်ပါဘူး၊ Ground  Fight နဲ့ အနိုင်ယူမှာ ဖြစ်ပါတယ်'' ဟု မချာဒိုကပွဲကြို  ရင်ဖွင့်ထားပါတယ်။
One Championshipပြိုင်ပွဲအတွေ့အကြုံ များအရပညာပိုင်း၊ သမ္ဘာပိုင်းအရ ကြည့်မယ် ဆိုရင် မချာဒိုက အားသာချက်များရှိသော်လည်း  အိမ်ရှင်အားသာချက်နဲ့ သက်လုံပိုင်းအရ ကြည့် မယ် ဆိုရင် အောင်လအန်ဆန်က အားသာချက် ရှိပြန်ပါတယ်။ အောင်လနဲ့  မချာဒိုမှာ  ပညာ၊ သ္ဘာအရ ကွာခြားနေသလို  အသက်ပိုင်းခြား အရလည်း မချာဒိုက အောင်လနဲ့ အနည်းငယ် ကွာခြားမှုရှိနေတာကြောင့် သ္ဘာကပဲ   စားသွား မလား၊ သက်လုံပိုင်းကပဲ စားသွားမလားစောင့် ကြည့်ရတော့မှာ ဖြစ်ပါတယ်။
အောင်လအန်ဆန်ရဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲတွေကို ပြန်လည် သုံးသပ်ကြည့်ရင်တော့ အောင်လအန်ဆန် နိုင်ပွဲ အများစုဟာ ပထမချီ၊ ဒုတိယအချီအတွင်းမှာပဲ တစ်ဖက်ပြိုင်ဘက်ကို  အသာစီးယူယှဉ်ပြိုင်ခဲ့ သည်များရှိနေပါတယ်။ အောင်လအန်ဆန်အနေ နဲ့ ငယ်ဂုဏ်ရှိလို့ သက်လုံချွေကာ ယှဉ်ပြိုင်ကစား ပါမှ  တစ်ဖက်ပြိုင်ဘက်  မချာဒိုအပေါ်  အခွင့် အရေးကောင်းတစ်ရပ်ရမှာ  ဖြစ်ပါတယ်။   သူ တစ်ပြန်ကိုယ်တစ်လှည့် တိုက်စစ်ဖွင့်ကစားရင် တော့    အောင်လအန်ဆန်အနေနဲ့    ကျား တစ်ကောင်ကို အားမတန်လို့ မာန်လျှော့လိုက် ရတဲ့ သမင်တစ်ကောင်လို အရေးနိမ့်ဖွယ်ရှိနေပါ တယ်။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ MMA ကမ္ဘာ့ချန်ပီယံမစ်ဒယ်ဝိတ်တန်း  ခါးပတ်လုပွဲမှာ ရုရှားနိုင်ငံသား   ဗစ်တာလီဘစ်ဒက်ရှ်ကို ကစ် ဘောက်ဆင်နည်းနဲ့   ပညာသုံးအမှတ်ယူကာ အနိုင်ရခဲ့ပါတယ်။ ယခု စိန်ခေါ်ပွဲမှာ ဘယ်နည်း၊ ဘယ်ပုံနဲ့ ယှဉ်ပြိုင်ထိုး သတ်မည်ဆိုတာ လတ်တလောဖွင့်ဟပြောဆို ခြင်းမရှိသေးသော်လည်း သုံးချီအတွင်း မချာဒို ကိုအနိုင်ယူကာ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါး ပတ်ကို   အမိမြေပေါ်မှာ သိမ်းပိုက်မယ်လို့တော့ ကြုံးဝါးနေပါတယ်။
ခြောက်ကြိမ်မြောက် အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမယ့် ယခု MMA ပြိုင်ပွဲမှာ အဓိကMain Fight  ပွဲစဉ်အနေနဲ့ အောင်လအန်ဆန်နှင့် အလက်ဇန္ဒားမချာဒို၊   အခြားတွဲဆိုင်းများမှာ Phoe Thaw Vs Sor  Sey ၊ Dae  Hwan Kim Vs Daichi Takenaka ၊ Doen Rosauro Vs Li Kai Wen၊ Ev Ting Vs Arien Sexton ၊ Amir Khan Vs Timo-fey Nastyukhin၊ Saw Min Min Vs Ye Thway Ne၊ အမျိုးသမီးပွဲစဉ်များဖြစ်တဲ့ Kri-sna Limbaga Vs Prisdlla Hertatiwmနှင့် Bozhena Antoniyar Vs Shwe Sinတို့အပါအဝင်     စုစုပေါင်း     တွဲဆိုင်းရှစ်ဆိုင်း ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။
ယခုယှဉ်ပြိုင်ထိုးသတ်မယ့်   လိုက်ဟဲဗီးဝိတ် တန်း ရွှေခါးပတ်လုပွဲဟာ  ဂျူဂျစ်စုကစားသမား နှစ်ဦးတို့  ယှဉ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။   အောင်လအန်ဆန်ဟာ         သူကျွမ်းကျင်ရာ   ဂျူဂျစ်စုနည်းနဲ့        ယှဉ်ပြိုင်အနိုင်ယူမလား၊ အမှတ်ပေးစနစ်ဖြစ်၍    ကစ်ဘောက်ဆင် နည်းနဲ့ပဲ     ယှဉ်ပြိုင်ကာ   အနိုင်ယူမလား   မြန်မာပြည်            အောင်လအန်ဆန်    ချစ်ပြည်သူများ   စိတ်ဝင်တစားဖြစ်နေကြပါ တယ်။  အောင်လအန်ဆန်ဟာ ယှဉ်ပြိုင်ထိုး သတ်မယ့်     ယခုပွဲအတွက်  အမေရိကားမှ မြန်မာနိုင်ငံသို့   ရောက်ရှိနေပြီဖြစ်၍       များမကြာမီ ဖေဖော်ဝါရီ  ၂၃ ရက် ည  ၆ နာရီမှာတော့   ရန်ကုန် မြို့ သင်္ဃန်းကျွန်းမြို့နယ်   သုဝဏ္ဏ       မိုးလုံ လေ       လုံ အားကစား ပြိုင်ပွဲရုံကြီးမှာ  ယှဉ်ပြိုင်ထိုးသတ်တော့မှာပါ။ဆုံမှတ်ချင်းတူနေတဲ့ အောင်လအန်ဆန်အနေနဲ့  အမိမြေပေါ်၌ ပဉ္စမမြောက်ယှဉ်ပြိုင်ထိုးသတ် မယ့် လိုက်ဟဲဗီးဝိတ်တန်း  ချန်ပီယံခါးပတ်ကို  မျှော်မှန်းထားသည့်အတိုင်း  အမှန်တကယ်  ကိုင် မြှောက်နိုင်မည်လား၊  ဧည့်သည်အလက်ဇန္ဒား မချာဒိုပဲ ပိုင်ဆိုင်ခွင့်ရမည်လားစောင့်ကြည့်ရ တော့မှာ ဖြစ်ပါတယ်။       ။ သတင်းဆောင်းပါး - မောင်စိန်လွင်(မြန်မာ့အလင်း)

No comments:

Post a Comment