Latest News

Saturday, February 17, 2018

ရုပ်ရှင်ဇာတ်ကား သုံးကားခန့် ထပ်မံရိုက်ကူးရန် ရှိသည့် အဆိုတော်ရွှေထူး

ရုပ်ရှင်ဇာတ်ကား သုံးကားခန့် ထပ်မံရိုက်ကူးရန် ရှိသည့်
အဆိုတော်ရွှေထူး

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ထားပြီးဖြစ်သည့် အဆိုတော် ရွှေထူးသည် ရုပ်ရှင်ဇာတ်ကား သုံးကားခန့် ထပ်မံရိုက်ကူးရန် ရှိကြောင်း သိရသည်။

ထပ်မံ ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကား သုံးကားတွင် အဆိုတော် ရွှေထူးသည် ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ ရွှေမှုံရတီတို့နှင့် တွဲဖက်ပါဝင် ရိုက်ကူးရမည်ဖြစ်ပြီး ဝတ်မှုန်ရွှေရည်နှင့် တွဲဖက်ရိုက်ကူးရမည့် ဇာတ်ကားကို  ဒါရိုက်တာ မီးပွားက  မတ်လအတွင်း စတင်ရိုက်ကူးမည် ဖြစ်သည်။

''ဝတ်မှုန်ရွှေရည်နဲ့ ဇာတ်ကားမှာ ကျွန်တော်က ကြောင်တောင်တောင် ကောင်လေးတစ်ဦး နေရာက သရုပ်ဆောင်ရမှာပါ။ ပေါ့ပေါ့ပါးပါးတွေ ဝတ်ဖို့ ပြင်ဆင်ထားတယ်။

အရင်ဇာတ်ကား တုန်းက ကိုယ်ကခေါင်းဆောင် မင်းသား နေရာက မဟုတ်ဘဲ ဒုတိယမင်းသား နေရာက ဆိုတော့ အဲဒီလောက် ဖိအားမရှိဘူး။ အချိန်လည်းရတော့ ပိုသရုပ်ဆောင်နိုင်တယ်။ အခုက ခေါင်းဆောင်မင်းသား နေရာမို့ အမှားနည်းအောင်လုပ်ပြီး ကိုယ်တိုင် ကြိုးစားရတော့မယ်'' ဟု   ရွှေထူးကပြောသည်။

ဝတ်မှုန်ရွှေရည်နှင့် အတူ နှစ်ခါကွဲတဲ့ အသည်းမနာဘဲ ရှိပါ့မလား ဇာတ်ကားတွင် ခေါင်းဆောင်မင်းသား နေရာက ပါဝင်သရုပ်ဆောင်မည် ဖြစ်သော်လည်း ကျန်ဇာတ်ကား နှစ်ကား၏ အမည်များကို မသိရသေးကြောင်း ရွှေထူးကပြောသည်။

လတ်တလောတွင် ရွေထူးသည် I ဟု အမည်ပေးထားသည့် ဒုတိယ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၂ဝ ရက်တွင် ဖြန့်ချိရန် ပြင်ဆင်နေပြီး အနုပညာ အလုပ်များကို အားစိုက်ရမည် ဖြစ်သောကြောင့် အိမ်ထောင်ရေးကို မစဉ်းစားသေးကြောင်း ပြောသည်။ (MWD)

No comments:

Post a Comment