Latest News

Friday, February 16, 2018

WLC လက်ရှိချန်ပီယံ တူးတူးနှင့် ယူကရိန်းမှ ဆိုရိုကင်တို့ ကမ္ဘာ့ လက်ဝှေ့ချန်ပီယံကာကွယ်ပွဲအဖြစ် ယနေ့ ယှဉ်ပြိုင်ကြမည်

WLC လက်ရှိချန်ပီယံ တူးတူးနှင့် ယူကရိန်းမှ ဆိုရိုကင်တို့
ကမ္ဘာ့ လက်ဝှေ့ချန်ပီယံကာကွယ်ပွဲအဖြစ် ယနေ့ ယှဉ်ပြိုင်ကြမည်


နေပြည်တော် ဖေဖော်ဝါရီ ၁၆

ဗလာလက်သီးဘုရင်BARE-KNUCKLE KINGဟု အမည်ပေးထားသည့်ွှ WLC-4 (World Lethwei Championship) ပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ဖေဖော်ဝါရီ ၁၇ ရက်(ယနေ့) ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် တွဲဆိုင်း ခုနစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပွဲစဉ်(၇)အဓိကပွဲစဉ်အဖြစ်WLC မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့လက်ရှိချန်ပီယံ မြန်မာ့လက်ဝှေ့ကျော် တူးတူးနှင့် ယူကရိန်း နိုင်ငံသား ဆိုရိုကင်(Vasyl Sorokin)တို့၏ ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တူးတူး သည် မြန်မာ့လက်ဝှေ့ရှုံးပွဲမရှိ မှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်ပြီး ဆိုရိုကင်မှာ မွေထိုင်းလက်ဝှေ့ကျော် ဆူစခွန်ကို ပြီးခဲ့သည့်ဒီဇင်ဘာလက ကျင်းပခဲ့သော
ထိုင်းဖိုက်ပြိုင်ပွဲတွင် အနိုင်ရခဲ့သူဖြစ်သည်။

ပွဲစဉ်(၆) ဒုတိယ အဓိကပွဲစဉ် ဝယ်တာဝိတ်တန်း(၆၃.၅-၆၇ကီလို)တွင် တောင်ကလေးကလပ်မှ စောဘဦးနှင့် ရွှေဘားလားကလပ်မှ သပြေညိုတို့ ကစားကြမည်ဖြစ်ပြီး ပွဲစဉ်(၃) ဖယ်သာ(၅၄-၅၇ ကီလို)တွင် အမျိုးသမီး တွဲဆိုင်း မြန်မာ့လက်ဝှေ့မယ် ရွှေစင်မင်းနှင့် ကမ္ဘောဒီးယားမှ နိုဆရီပေါ့ (Nou Srey Pov)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အမျိုးသမီးတွဲဆိုင်း သည်WLC သမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။

လိုက်ဝယ်တာ (၆ဝ-၆၃.၅ကီလို)တွင် ပွဲစဉ်(၅)အဖြစ် ဗထူးမောင် (ရတနာပုံ)နှင့် ကျော်ဇင်လတ်(T&Tသထုံ)၊ ပွဲစဉ်(၄)အဖြစ် စောဒါဝိတ် (တောင်ကလေး)နှင့် ပတ်ကျော်လင်းနိုင် (တိုက်ဂါး)တို့က မြန်မာပြည် ချန်ပီယံ လုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပွဲစဉ်(၁) လိုက်ဝယ်တာ (၆ဝ-၆၃.၅ကီလို)တွင် သွေးသစ်မောင် (အဖြူရောင်သွေး သစ်)နှင့် လက်သီးမိုး (T&T သထုံ)၊ ပွဲစဉ်(၂) လိုက်ဝိတ်(၅၇-၆ဝ ကီလို)တွင် ချစ်မောင်မောင် (တောင်ကလေး)နှင့် စည်သူ (T&Tသထုံ)တို့က ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယနေ့ယှဉ်ပြိုင်မည့်WLC ပြိုင်ပွဲ တွဲဆိုင်းအားလုံးတွင် ကစားသမားများ အနေဖြင့် မူလထိုးကြေးများအပြင် အလဲထိုးအနိုင်ရသူကို ဆုကြေးငွေ ၁ဝ သိန်း၊ တံတောင်တိုက်ကွက်ဖြင့် အလဲထိုးအနိုင်ရသူကို ဆုကြေးငွေ သိန်း ၂ဝ အပိုထပ်ဆောင်း ချီးမြှင့်သွားမည်ဟု သိရသည်။သတင်း- ဇေယျာ၊ ဓာတ်ပုံ- WLC(ပြန်​ကြား​ရေး)

No comments:

Post a Comment