Latest News

Friday, February 16, 2018

တစ်ပတ်ရစ် မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်း အများစု ပိတ်သိမ်းရဖွယ်ရှိ

တစ်ပတ်ရစ် မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်း အများစု ပိတ်သိမ်းရဖွယ်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ယခုနှစ်အတွင်း ပြည်တွင်းသို့ မော်ဒယ်မြင့် ယာဉ်အသစ်များကိုသာ တင်သွင်းရန် သတ်မှတ်ထားခြင်းကြောင့် ရန်ကုန်မြို့၌ တစ်ပတ်ရစ် မော်တော်ယာဉ်များ ရောင်းချသော အရောင်းစင်တာနှင့် အရောင်းပြခန်း အများစုမှာ ပိတ်သိမ်းရဖွယ် ရှိနေကြောင်း အဆိုပါ အရောင်းပြခန်း ပိုင်ရှင်များထံမှ သိရသည်။

လက်ရှိတွင် တစ်ပတ်ရစ် မော်တော်ယာဉ် များကို ရောင်းချသော မော်တော်ယာဉ် အရောင်းစင်တာနှင့် အရောင်းပြခန်း အများစု မှာ ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဈေးကွက်ရရှိမှု နည်းလာကာ အရောင်းစင်တာနှင့် အရောင်းပြခန်းများအနက် သုံးပုံနှစ်ပုံခန့်မှာ အရောင်းအဝယ် ပါးလာကြောင်း၊ ထို့ပြင် လုပ်ငန်း၌ အသုံးပြုသော မြေနေရာ ငှားရမ်းခနှင့် အလုပ်သမားလစာများကို ပေးရန် အခက်အခဲ ဖြစ်လာခြင်းကြောင့် ပိတ်သိမ်းရမည့် အခြေအနေများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

 ''ရန်ကုန်မြို့ တစ်ပတ်ရစ်ကားတွေ ရောင်းချတဲ့ ကားအရောင်းပြခန်းနဲ့ ကား အရောင်းစင်တာတွေ ဈေးကွက်ရရှိမှု နည်းပါးလာတာ က ပြောင်းလဲလာတဲ့ ဈေးကွက် သဘောအရ ဖြစ်လာတာပါ။ ဒီအခြေအနေကို ချေဖျက်ဖို့ အတွက်ကတော့ မလွယ်လှပါဘူး။

ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ အခြေအနေကိုသာ ဒီလုပ်ငန်းတွေ အနေနဲ့ ပြောင်းလဲလုပ်ကိုင်မှ အဆင်ပြေမှာပါ'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်း ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ  Farmer Auto မော်တော်ယာဉ် အရောင်းပြခန်း ဒါရိုက်တာ ဒေါက်တာစိုးထွန်းက ပြောသည်။

ပိတ်သိမ်းတော့မည့် တစ်ပတ်ရစ် မော်တော်ယာဉ် အရောင်းပြခန်းနှင့် အရောင်းစင်တာ တချို့က မော်တော်ယာဉ် အသစ်များ ကိုသာ ရောင်းချမည့် အရောင်းပြခန်းနှင့် အရောင်းစင်တာများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သကဲ့သို့ တချို့မှာ လုံးဝ ပိတ်သိမ်းရဖွယ် ရှိကြောင်း သိရသည်။(MWD)

No comments:

Post a Comment