Latest News

Friday, February 16, 2018

တရုတ်နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများနှင့် ရိုးရာယဉ်ကျေးမှု အဆိုအက များဖြင့် ဖျော်ဖြေ

တရုတ်နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများနှင့် ရိုးရာယဉ်ကျေးမှု အဆိုအက များဖြင့် ဖျော်ဖြေ

မန္တလေး ဖေဖော်ဝါရီ ၁၆

မန္တလေးမြို့အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှကြီးမှူး၍ ယူနန်ဗုဒ္ဓဘာသာနှင့် ကွမ်းတုံဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့
ကျင်းတော်ယန်ပရဟိတအသင်း၊ အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့မှ ကြီးမှူး၍တရုတ်နှစ်သစ်ကူးအကြို ပျော်ပွဲရွှင်ပွဲများနှင့် ရိုးရာယဉ်ကျေးမှု အဆိုအကများ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့က မန္တလေးချမ်းမြသာစည်မြို့နယ် ၇၃ လမ်း မင်္ဂလာမန္တလေး၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ
ဇော်မြင့်မောင်၊ မန္တလေးမြို့ အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
ကောင်စစ်ဝန်ချုပ် Mr.Wang Zongying တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တရုတ်ကောင်စစ်ဝန်ချုပ်က နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် နှစ်သစ်ကူးအထိမ်းအမှတ် တရုတ်-မြန်မာယဉ်ကျေးမှု ဖျော်
ဖြေတင်ဆက်မှုများ၊ ပွဲတော်အတွင်းဈေးဆိုင်ခန်းများတွင် စတုဒိသာ
ကျွေးမွေးမှုများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)ပြန်​ကြား​ရေး

No comments:

Post a Comment