Latest News

Sunday, February 11, 2018

အဆိုတော် ရေဗက္ကဝင်း ကချင်ဘာသာ စကားဖြင့် သီဆိုထားသော Maka တေးစီးရီး ထွက်ရှိမည်

အဆိုတော် ရေဗက္ကဝင်း ကချင်ဘာသာ စကားဖြင့် သီဆိုထားသော Maka တေးစီးရီး ထွက်ရှိမည်

ကချင်တိုင်းရင်းသူ အဆိုတော် ရေဗက္ကဝင်း၏ ကချင်ဘာသာ စကားဖြင့် သီဆိုထားသော Maka တစ်ကိုယ်တော် တေးစီးရီးခွေကို ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) တွင် ထုတ်ဝေဖြန့်ချိမည်ဖြစ်ကြောင်း သိရ သည်။

ယင်းတေးစီးရီး၏ ပွဲကြိုစာနယ်ဇင်းရှင်းလင်းပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါအထပ် (၂ဝ)ရှိ Sky Bistro ကော်ဖီဆိုင်၌ ကျင်းပသည်။ ယင်းပွဲတွင် ရေဗက္ကဝင်းနှင့်အတူ   ဝါရင့်အဆိုတော် အယ်လ်ခွန်းရီ၊ တူးတူးနှင့် ယုဇနတို့ကလည်းတက်ရောက်ပြီး ပြည်တွင်းရှိ စာနယ်ဇင်းများစွာလည်း တက်ရောက်ခဲ့သည်။

စာနယ်ဇင်းရှင်းလင်းပွဲတွင် အဆိုပါ အခွေနှင့် သက်ဆိုင်သော အကြောင်းအရာများကို ရေဗက္ကဝင်းက ရှင်း လင်းပြောကြားပြီး စာနယ်ဇင်းများကလည်း သိရှိလိုသည်များကို ရေဗက္ကဝင်းနှင့်အတူ ပွဲသို့တက်ရောက်လာ သော အနုပညာရှင်များအား မေးမြန်းခဲ့သည်။ '' Maka ဆိုတဲ့ စကားလုံးက ကချင်ဘာသာစကားဖြစ်ပြီး ရောင် ပြန်လို့ အဓိပ္ပာယ်ရပါတယ်။

ဒီတေးစီးရီးခွေကို ကချင်လူမျိုးတွေသာမက နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်း သား အားလုံးနားထောင်အားပေးကြပါလို့ တောင်းဆိုပါတယ်။ ဒီအခွေကို အကောင်းဆုံးကြိုးစားထားလို့ နားထောင်တဲ့ သူတွေအနေနဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိနိုင်မှာပါ''ဟု ရေဗက္ကဝင်းက ပြောသည်။

အဆို ပါ တေးစီးရီးခွေတွင် ကချင်ဘာသာဖြင့် သီဆိုထားသော သီချင်းပုဒ်ရေ အများအပြားကို ကချင်လူမျိုး တေးရေး ဆရာများက ရေးဖွဲ့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကချင်တိုင်းရင်းသားနှင့် ပြည်တွင်းရှိ တခြား တိုင်းရင်းသားတို့ နောက်ပိုင်းအချိန်ကာလများတွင် ပိုမိုချစ်ကြည်ရင်းနှီးစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ ရေဗက္ကဝင်းက ယင်းတေးစီးရီးခွေကိုအကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment