Latest News

Sunday, February 11, 2018

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းသို့ ခရီးသွားဧည့်သည်များ ပုံမှန်လာရောက်လည်ပတ်

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းသို့ ခရီးသွားဧည့်သည်များ ပုံမှန်လာရောက်လည်ပတ်


ညောင်ရွှေ     ဖေဖော်ဝါရီ     ၁၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပုံမှန်လာရောက်လည်ပတ် လျှက်ရှိကြောင်းသိရသည်။

 အင်းလေးကို ပထမဦးဆုံးရောက်ဖူးတာပါ၊ စက်လှေစီးရတာ ပျော်စရာကောင်းပါတယ်၊ ဖောင်တော်ဦးဘု ရား၊ နန်းပန်အလိုတော်ပေါက် ဘုရားတွေ အေးအေးဆေးဆေးဖူးခဲ့ရပါတယ်၊ ယက္ကန်းရုံနဲ့ ငွေပန်းထိမ် လုပ်ငန်းတွေလဲ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်၊ နောက်လဲအင်းလေးကို လာရောက်လည်ပတ်ဖြစ်ဦးမှာပါဟု ရန်ကုန်မြို့မှခရီးသွား ဧည့်သည် မချောစုအောင်ပြောကြားသွားသည်။

 အင်းလေးကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက နောက်ဆုံးရောက် ဖူးခဲ့တာပါ၊ အခုနောက်တစ်ကြိမ် ပြန်ရောက်လာတော့ အတော်လေးကို ပြောင်းလဲ သွားခဲ့ပါတယ်၊ အရင်တုန်းကမြင်တွေ့ခဲ့ဖူးတဲ့ မြင်ကွင်းမျိုးတွေနဲ့ အခုကလုံးဝကို တစ်ခြားစီဖြစ်သွားခဲ့ပါပြီ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ အဆောက်အအုံတွေ၊ လူနေမှုစနစ်တွေ အတော် လေးကို တိုးတက်ပြောင်းလဲလာတာတွေ့ရပါတယ်၊ အင်းလေးကန်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်တော်တို့ ကလဲ တစ်ဖက် တစ်လမ်းက ပါဝင်ဆောင်ရွက်သွားပါ့မယ်ဟု မန္တလေးမြို့မှ ဦးကျော်စွာဝင်း က ပြောကြားသွားသည်။

 သာမန်အားဖြင့် ယခုကဲ့သို့ ရုံးအားလပ်ရက်များတွင် ပြည်တွင်း ခရီးသွား ဧည့်သည်များ လာရောက်လည် ပတ်မှု ပိုမိုများပြား တတ်သော် လည်း အခြေခံပညာကျောင်းသားများ စာမေးပွဲဖြေဆိုနေသည့် ကာလဖြစ်သည့် အတွက် ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု သာမန်အနေအထားသာရှိကြောင်း၊ စာမေးပွဲ ကာလပြီးဆုံးပါက ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ဖို့ မျှော်လင့်မိကြောင်း စက်လှေမောင်းနှင်သူ ကိုဇော်ရှိန်က ပြောကြားသွား သည်။     စိုင်းအယ်ဘဲ(ညောင်ရွှေ) မြန်​မာ့အလင်း
                                                           

No comments:

Post a Comment