ယခုလိုအခြေအနေမျိုးတွင် မည်သည့်ဥပဒေကိုရေးဆွဲ
သည်ဖြစ်စေ တာဝန်ရှိသူများဘက်မှ ပါဝင်ရေးဆွဲ ပြီး အားလုံး လက်ခံကျင့်သုံးရန် လွယ်ကူနိုင်သည့် ဥပဒေမျိုး ဖြစ်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦ ဖြိုးမင်းသိန်း ပြောကြား
ဖေဖော်ဝါရီ ၁၁ ရက်
ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦ ဖြိုးမင်းသိန်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင်ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပသော အခွန်ဆိုင်ရာကိစ္စရပ်များ တင်ပြသည့်ဆွေးနွေးပွဲ(ဒုတိယနေ့)သို့ တက်ရောက်ခဲ့ပြီးအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
``အခုလိုပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေမှာ ဘယ်ဥပဒေကိုပဲရေးဆွဲ ရေးဆွဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကနေ ပါဝင်ရေးဆွဲ ပြီးဒီလူတွေ အားလုံးအတွက် လက်ခံကျင့်သုံးဖို့ လွယ်ကူနိုင်ပြီး ဒီဥပဒေဟာ ငါတို့အားလုံးလိုက်နာသင့်တဲ့ ဥပဒေလို့ လက်ခံနိုင်တဲ့အခြေအနေ ဖြစ်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံး ဥပဒေတွေထဲမှာ အခွန်အတုတ်ဆိုင်ရာ ဥပဒေလည်းပါပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ပြည်ထောင်စုမှာ အခွန်ဥပဒေရယ် စီမံကိန်းဥပဒေရယ် ဘက်ဂျက်ရယ်ဟာ အာဏာရလာတဲ့ အစိုးရတစ်ရပ်က တင်သွင်းခွင့်ရှိတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေသုံးခုလုံးကို အာဏာရလာတဲ့အဖွဲ့အစည်းတစ်ခုက သူသွားမယ့် Political Way အတွက် မျှော်မှန်းချက်တွေအတွက်ပုံဖော်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီဥပဒေဟာ အစိုးရဘက်က တင်သွင်းတဲ့ဥပဒေ ဖြစ်ပါတယ်။ အစိုးရဘက်က တင်သွင်းတဲ့ဥပဒေဟာ ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ဖို့၊ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေဝင်လာဖို့ ဒီမျှော်မှန်းချက်တွေနဲ့ စီးပွားရေး ရည်မှန်းချက်တွေကို အထောက်အကူဖြစ်တဲ့ အခွန်ဥပဒေဖြစ်ရပါမယ်။ ဒါမှသာ နိုင်ငံတော်ရဲ့ပေါ်လစီမူဝါဒတွေကို ထင်ဟပ်နိုင်မယ့် အခြေအနေဖြစ်ပါတယ် ´´ဟု ဝန်ကြီးချုပ်က ပြောသည်။
ဆက်လက်ပြီး ယနေ့ဆွေးနွေးမှုများအပေါ်မူတည်ပြီး ပြည်ထောင်စုလွှတ်တော်တွင် ပြဌာန်းမည့် ဤဥပဒေကြီးပေါ်တွင် လုပ်ငန်းရှင်များ၏ သဘောထားများ၊ လက်တွေ့လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများကို ပေါင်းစပ်သွားမည်ဖြစ်ကြောင်း၊ အစိုးရကပြဌာန်းလိုက်သည့် ဥပဒေမဟုတ်ဘဲ အားလုံးပေါင်းစည်းပြီး ရေးဆွဲသည့် ဥပဒေတစ်ရပ် ဖြစ်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံကုန်သေတ္တာတင်ယာဉ်မော်တော်ယာဉ်အသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊မြန်မာနိုင်ငံပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအသင်းနှင့် မြန်မာနိုင်ငံချည်မျှင်နှင့်အထည်လိပ်လုပ်ငန်းရှင်များအသင်းတို့က အသီးသီးဆွေးနွေးခဲ့ကြသည်။
YRG Info:
Sunday, February 11, 2018
ယခုလိုအခြေအနေမျိုးတွင် မည်သည့်ဥပဒေကိုရေးဆွဲ သည်ဖြစ်စေ တာဝန်ရှိသူများဘက်မှ ပါဝင်ရေးဆွဲ ပြီး အားလုံး လက်ခံကျင့်သုံးရန် လွယ်ကူနိုင်သည့် ဥပဒေမျိုး ဖြစ်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦ ဖြိုးမင်းသိန်း ပြောကြား
ယခုလိုအခြေအနေမျိုးတွင် မည်သည့်ဥပဒေကိုရေးဆွဲ သည်ဖြစ်စေ တာဝန်ရှိသူများဘက်မှ ပါဝင်ရေးဆွဲ ပြီး အားလုံး လက်ခံကျင့်သုံးရန် လွယ်ကူနိုင်သည့် ဥပဒေမျိုး ဖြစ်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦ ဖြိုးမင်းသိန်း ပြောကြား
Reviewed by Ar Ti
on
3:51 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment