Latest News

Wednesday, February 7, 2018

နေပြည်တော်၌ Comprehensive Universityတစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

နေပြည်တော်၌ Comprehensive  Universityတစ်ခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

နေပြည်တော်    ဖေဖော်ဝါရီ   ၇

နေပြည်တော်၌  Comprehensive  Uni-versity တစ်ခုဖွင့်လှစ်ရန်   စီစဉ်လျက်ရှိပြီး မြေနေရာရရှိရန်    နေပြည်တော်ကောင်စီနှင့်             ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း  ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ကျင်းပသည့်  ပြည်သှူလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ အစည်း အဝေးတွင် ပြောကြားသည်။
လွှတ်တော်သို့ တင်ပြ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာ ရေးဝန်ကြီးဌာနအနေဖြင့်   နေပြည်တော် ပတ်ဝန်း ကျင်ဒေသရှိ  ကျောင်းသား  ကျောင်းသူများ          နှင့်  အသက်မွေးဝမ်းကျောင်းပညာကို  သင်ယူ လိုကြသော  ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူရေးကို   အထောက်အကူဖြစ်စေ ရန်အတွက်  အတတ်ပညာပေါင်းစုံ၊  ပညာရပ် ပေါင်းစုံ၊ အသက်မွေးဝမ်းကျောင်းပညာပေါင်းစုံ၊ လုပ်ငန်းခွင် အတတ်ပညာပေါင်းစုံ အစရှိသည့် ဒေသ၏   လိုအပ်ချက်ကို   ကိုက်ညီဖြည့်ဆည်း ပေးနိုင်မည့်  Comprehensive  University တစ်ခုဖွင့်လှစ်ရန်     စီစဉ်လျက်ရှိပါကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ရှင်းလင်းတင်ပြ
ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ နေပြည်တော် တွင်  အဆင့်မြင့်တက္ကသိုလ်တစ်ခုကို   နိုင်ငံ၏လိုအပ်ချက်၊ မြို့တော်အင်္ဂါ၏  လိုအပ်ချက်နှင့် ပညာရေးဝန်ကြီးဌာန၏ လိုအပ်ချက်အားလျော်စွာ ဖွင့်လှစ်တည်ထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားရာတွင် ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက    ထိုသို့ရှင်းလင်း တင်ပြခဲ့ခြင်းဖြစ်သည်။
 ညှိနှိုင်းဆောင်ရွက်လျက်ရှိ
ထို့ပြင်   ပညာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီးက Comprehensive  University        နှင့် လိုက်လျောညီထွေမှုရှိမည့် မြေနေရာ အကျယ် အဝန်း၊    လမ်းပန်းဆက်သွယ်ရေး လွယ်ကူ ကောင်းမွန်မှု၊  မြေနေရာ အခြေအနေပေးမှု အစရှိသည့်  အင်္ဂါရပ်များနှင့် ပြည့်စုံသောနေရာ ရရှိရန်   နေပြည်တော်ကောင်စီနှင့်  ညှိနှိုင်း   ဆောင်ရွက်လျက်ရှိပါကြောင်း၊    မြေနေရာ သတ်မှတ်ပြီးပါက    တက္ကသိုလ်ဖွင့်လှစ်နိုင်ရန်      လုပ်ထုံးလုပ်နည်းများနှင့်အညီ      ခွင့်ပြုချက်       ရရှိရေး   ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်       သော ဘဏ္ဍာငွေကို တွက်ချက်တင်ပြသွားမည်    ဖြစ်ပါကြောင်း၊  ဘဏ္ဍာငွေခွင့်ပြုချက်ရသည့် အချိန်မှစ၍   တက္ကသိုလ်တည်ထောင်ရေး             လုပ်ငန်းများ  စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ယနေ့အစည်းအဝေးတွင် မိုင်းရယ်မဲဆန္ဒ နယ်မှ ဦးစိုင်းသီဟကျော်၏  မိုင်းရယ်မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၉ ကျောင်းတွင် ပညာ သင်နှစ် နှစ်ဝက်ခန့်ခြောက်လတာ ကျောင်းအုပ် များလစ်လပ်နေခြင်းကို ပညာရေးဝန်ကြီးဌာနမှ မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိ လိုကြောင်း  မေးခွန်းနှင့်စပ်လျဉ်း၍   ဒုတိယ      ဝန်ကြီး  ဦးဝင်းမော်ထွန်းက  ပညာရေးဝန်ကြီး      ဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ၂ဝ၁၇ ခုနှစ် သြဂုတ် ၃ ရက်တွင် ရာထူးတိုးခန့်ထားခြင်းနှင့် ပြောင်းရွှေ့ခန့်ထားခြင်းများ  ဆောင်ရွက်ခဲ့ရာ မိုင်းရယ်မြို့နယ်အတွင်း မူလတန်းကျောင်းအုပ် ၁၁ ဦး၊ အထက်တန်းပြ လေးဦး၊ အလယ်တန်းပြ ၂၃ ဦး၊ မူလတန်းပြ ၇၄ ဦး စုစုပေါင်း  ၁၁၂ ဦး     ဖြည့်ဆည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ဆောင်ရွက်ရန်ရှိသည့် အခြေခံပညာ အထက် တန်းကျောင်း ကျောင်းအုပ်ကြီး  နေရာများကို လည်း   တစ်ပြည်လုံး     အတိုင်းအတာဖြင့်      ဖြည့်ဆည်းဆောင်ရွက်ပေးရန်   စီစဉ်လျက်ရှိ ပါကြောင်း၊ အလယ်တန်း ကျောင်းအုပ်နေရာ များတွင်  ဖြည့်ဆည်း ခန့်ထားနိုင်ရန်အတွက်   ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်  ရေးဖြေ စာမေးပွဲများကျင်းပခြင်းနှင့်  လူတွေ့စစ်ဆေး      ခြင်း၊ ရွေးချယ်နေရာချထားခြင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ  ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။
သံဖြူဇရပ်မဲဆန္ဒနယ်မှ  ဦးÓဏ်ဟိန်း၏ ကျောင်းသားဦးရေ  ၆၅ ဦးအောက် နည်းပါးသော မူလတန်းကျောင်းများမှ  ကျောင်းဆရာ၊ ဆရာမ ဝန်ထမ်းများကို  ခွင့်ယူ၍ လစ်လပ်နေသော မူလ တန်းကျောင်းများသို့    ဝန်ထမ်းအင်အား      ယာယီ ဖြည့်တင်းမှုပြုလုပ်ရန်   လုပ်ပိုင်ခွင့်ကို  မြို့နယ် အဆင့်ပညာရေးမှူးများသို့   လုပ်ပိုင်ခွင့်ပေးရန် အစီအစဉ် ရှိ၊မရှိ  မေးခွန်းနှင့်   စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းသား အင်အားအရ ဆရာပိုနေသော အခြေခံပညာ ကျောင်းများရှိပါက  ¤င်းကျောင်းများမှ ဆရာ၊ ဆရာမများကို ဆရာလိုအပ်နေသော အခြေခံ ပညာကျောင်းများသို့   ယာယီ   သွားရောက် ကူညီသင်ကြားပေးခြင်းများကို ကျောင်းအုပ်စု အလိုက် စီမံဆောင်ရွက်ပေးရန် တိုင်းဒေသကြီး နှင့်  ပြည်နယ်ပညာရေးမှူးရုံးများအားလုံးသို့ ညွှန်ကြားပြီးဖြစ်ကြောင်း ဖြေကြားသည်။
မေးခွန်းများပြန်လည်ဖြေကြား
ထို့ပြင် နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၏ နန်းယွန်းမြို့နယ်တွင် ဆရာ၊ ဆရာမများ မရှိသဖြင့် သင်ကြားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် ကျေးလက် အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ လုံလောက်စွာခန့်ထား၍ ပညာသင် ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချို       ၏  ''လက်ရေးတိုပညာမှာ''   လက်ရှိ  တိုးတက်     လာသော  ကွန်ပျူတာခေတ်၊  မီဒီယာခေတ်တွင်            ပျောက်ကွယ်နေပြီဖြစ်ကြောင်း      တွေ့ရ၍ လက်ရေးတိုပညာ ပျောက်ကွယ်မသွားစေရေး တာဝန်ရှိသူများမှ ပြန်လည်ဖော်ထုတ်သင်ကြား ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ထားဝယ် မဲဆန္ဒနယ်မှ ဦးအောင်စိန်၏  ထားဝယ်မြို့နယ် ကျောက်ရပ်ရွာ အခြေခံပညာမူလတန်းကျောင်း ကို ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင်  အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ်    တိုးမြှင့်ဖွင့်လှစ် ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းတို့ကိုလည်း ဒုတိယဝန်ကြီး  ဦးဝင်းမော်ထွန်းက ပြန်လည်         ဖြေကြားခဲ့သည်။
ထို့နောက်    ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက “   ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့်  နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် လည်းကောင်း၊ ဒေသခံဌာနေ  တိုင်းရင်းသားတို့ ၏  အသက်အိုးအိမ်၊ ထာဝရလုံခြုံမှုရှိသော လူမှုဘဝကိုထူထောင်နိုင်ရန် ဒေသခံတိုင်းရင်း သားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည် စီမံ ကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်၍ ထိရောက် သော အကောင်အထည်ဖော် ဆောင်ရွက်မှုများ ကိုပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်း ကြောင်း''” အဆိုကို တင်သွင်းသည်။
အဆိုတင်သွင်းရာတွင် ဦးအောင်သောင်း ရွှေက  တိုင်းရင်းသားပြည်သူများ၏  အသက်၊ အိုးအိမ်လုံခြုံရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး      နှင့်  ပြန်လည်ထူထောင်ရေး  လုပ်ငန်းများကို      ရေတို၊ ရေရှည်စီမံကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်ကာ ထိရောက် စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်   နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို   လွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်ပါကြောင်း။
ဆွေးနွေးတင်ပြ
ဖွဲ့စည်းပုံအခြေခံဥပဒေ    ပုဒ်မ (၃၈၅)တွင် ''နိုင်ငံတော်၏  လွတ်လပ်ရေး၊  အချုပ်အခြာ အာဏာနှင့်   နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း တာဝန်ဖြစ်သည်ဟု လည်းကောင်း၊ ပုဒ်မ(၂၁)  (ဂ)တွင် ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည်   နိုင်ငံသားတို့၏တာဝန်ဖြစ်သည်ဟု လည်းကောင်း ဖော်ပြထား သည့်အတွက်     နိုင်ငံတော်အစိုးရ အနေဖြင့်      ပြည်သူများနှင့်ပူးပေါင်းပြီး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်  နယ်မြေကာကွယ်စောင့် ရှောက်ရေးအတွက်  ပူးပေါင်းဆောင်ရွက်ရန်  အထူး လိုအပ်လျက်ရှိနေပါကြောင်း၊ ယခု  ဒီမို ကရေစီခေတ် အစိုးရသစ်လက်ထက်တွင် အဆိုပါ ဒေသ    ပြန်လည်ထူထောင်ရေးလုပ်ငန်းများ   ဆောင်ရွက်ရာတွင်    အစိုးရအဆက်ဆက်၏ ဆောင်ရွက်ခဲ့မှုများမှ အားနည်းချက်၊ အားသာ ချက်များကို ပြန်လည်သုံးသပ်ပြီး လက်ရှိအခြေ အနေနှင့်   အနာဂတ်အတွက်ရှေးရှုပြီး  ရေရှည် တည်တံ့ခိုင်မြဲသော ထူထောင်ရေးလုပ်ငန်း ဖြစ် အောင်  အကောင်းဆုံးဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း ဆွေးနွေးတင်ပြသည်။
ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေး ရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေး     လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းကြရန်    အသိပေးကြေညာ ထားသည်။          
  ကျော်သူထက်(မြန်​မာ့အလင်း)

No comments:

Post a Comment