Latest News

Wednesday, February 7, 2018

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ ကာရာအိုကေလုပ်ငန်းလိုင်စင်အသစ်ထုတ်ပေးခြင်းနှင့်သက်တမ်းတိုးခြင်းမှ ဝင်ငွေ စုစုပေါင်း ကျပ် ၄၁ ဒသမ ၁ သန်းပေးသွင်းထားဟု သိရ

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ ကာရာအိုကေလုပ်ငန်းလိုင်စင်အသစ်ထုတ်ပေးခြင်းနှင့်သက်တမ်းတိုးခြင်းမှ ဝင်ငွေ စုစုပေါင်း ကျပ်  ၄၁ ဒသမ ၁  သန်းပေးသွင်းထားဟု သိရ

ရန်ကုန်    ဖေဖော်ဝါရီ    ၇

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံ ငွေသို့  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် (ဧပြီလမှ ဒီဇင်ဘာလ)အထိ  ကာရာ       အိုကေလုပ်ငန်းလိုင်စင်အသစ်  ထုတ် ပေးခြင်းနှင့် သက်တမ်းတိုးခြင်းမှ ဝင်ငွေ အဖြစ် စုစုပေါင်း ငွေကျပ်  ၄၁ ဒသမ ၁ သန်းပေးသွင်းထားပြီး  ဘဏ္ဍာရေးနှစ် ကုန်ဆုံးပါက ငွေကျပ် ၅၄ ဒသမ ၈       သန်းခန့်   ပေးသွင်းနိုင်မည်ဖြစ်ကြောင်း       ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဖာမျိုးက ပြောကြားသည်။
ယနေ့ကျင်းပသော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်    မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ရန်ကုန်တိုင်းဒေသကြီး အတွင်း   လုပ်ကိုင်ဆောင်ရွက်ခွင့်ပြု ထားသော ကာရာအိုကေလုပ်ငန်းပေါင်း မည်မျှရှိပါသနည်း၊   လုပ်ငန်းလိုင်စင်     အား     ပြန်ကြားရေးဝန်ကြီးဌာနမှ မည်သည့်စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးပါသနည်း၊   လိုင်စင်ခွန်အား မည်မျှသတ်မှတ်၍ ၂ဝ၁၇-၂ဝ၁၈  ဘဏ္ဍာ နှစ်အတွက် နိုင်ငံတော်မှ  တိုင်းဒေသကြီး   ကာရာအိုကေ    လုပ်ငန်းများအတွက် အခွန်မည်မျှရရှိခဲ့သည်ကို    သိရှိလို ကြောင်း   မေးခွန်းမေးမြန်းမှုအပေါ် ဝန်ကြီးက  ထည့်သွင်းဖြေကြားခဲ့ခြင်း  ဖြစ်သည်။
တိုင်းဒေသကြီးကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက   ရန်ကုန်တိုင်း ဒေသကြီးအတွင်း   ၁-၂-၂ဝ၁၈ ရက်နေ့ အထိ ခွင့်ပြုထားသော   ကာရာအိုကေ လုပ်ငန်းလိုင်စင် စုစုပေါင်း ၃၂၆ ခုရှိ ကြောင်း၊   တိုးတက်လာသည့်    ခေတ်နှင့် အညီ  ပြည်သူများ လက်ခံလာသည့် ဗီဒီယို ကာရာအိုကေသီဆိုခြင်းလုပ်ငန်း များကို     တိုင်းဒေသကြီး၊  ပြည်နယ်များ အားလုံးတွင် စည်းကမ်းတကျ တစ်ပြေး ညီလုပ်ကိုင်နိုင်ရေးအတွက် ၁၁-၈-၂ဝဝဝ  ရက်နေ့တွင်  ပြုလုပ်သော  ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး  ဗဟိုကော်မတီ၏   ၂/ ၂ဝဝဝ  အစည်းအဝေးတွင် စည်းကမ်း ချက်  ၁၇  ချက်ကို  အခြေခံ  စိစစ်၍   ဆွေးနွေး ဆုံးဖြတ်ခဲ့ပါကြောင်း၊   ကာရာ အိုကေလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်       ရာတွင်    လုပ်ငန်းလိုင်စင်ကြေးအဖြစ် တိုင်းဒေသကြီး၊     ပြည်နယ်များသို့ တစ်ပြေးညီ       သတ်မှတ်ထားသည့် နှုန်းထားဖြစ်သော ကာရာအိုကေစက် တစ်လုံးလျှင်    ငွေကျပ် သုံးသောင်း၊ သက်တမ်းတိုးမြှင့်ခအဖြစ်   ငွေကျပ်            နှစ်သောင်း      ကောက်ခံလျက်ရှိပါ       ကြောင်း၊ ကာရာအိုကေလုပ်ငန်းမှရရှိ သည့်  လုပ်ငန်းလိုင်စင်ကြေး  အသစ် သက်တမ်းတိုးမြှင့်ခနှင့်      ရက်လွန် ဒဏ်ကြေးများကို တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာရန်ပုံငွေသို့    ပေးသွင်းလျက် ရှိပါကြောင်း၊   ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်  (ဧပြီလမှ ဒီဇင်ဘာလအထိ)       ရန်ကုန်တိုင်းဒေသကြီး    ဘဏ္ဍာရန်ပုံ  ငွေကို   ကာရာအိုကေလုပ်ငန်းလိုင်စင် အသစ်ထုတ်ပေးခြင်းနှင့် သက်တမ်းတိုး ခြင်းမှ ဝင်ငွေအဖြစ် စုစုပေါင်း ငွေကျပ်  ၄၁ ဒသမ ၁  သန်း ပေးသွင်းထားပြီး ဘဏ္ဍာ ရေးနှစ်ကုန်ဆုံးပါက   ကာရာအိုကေ လုပ်ငန်းများမှ ရငွေအဖြစ် ငွေကျပ် ၅၄ ဒသမ  ၈ သန်းခန့် ပေးသွင်းနိုင်မည် ဖြစ်ကြောင်း   ပြန်လည်ဖြေကြားသည်။
 သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)
    ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment