Latest News

Monday, February 19, 2018

လမ်းဘေးတွင် သစ်ရွက်များဖြင့် ဖုံးအုပ်ရပ်တန့်ထားသည့် လိုင်စင်မဲ့ယာဉ်တစ်စီး သိမ်းဆည်းရမိ

လမ်းဘေးတွင် သစ်ရွက်များဖြင့် ဖုံးအုပ်ရပ်တန့်ထားသည့်  လိုင်စင်မဲ့ယာဉ်တစ်စီး သိမ်းဆည်းရမိ

နေပြည်တော်   ဖေဖော်ဝါရီ  ၁၈

တရားမဝင်  တင်သွင်း၊ တင်ပို့သော  ကုန်ပစ္စည်းများအား ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း   ပူးပေါင်းစစ်ဆေးရေး အဖွဲ့က  စစ်ဆေးလျက်ရှိရာ လမ်းဘေးတွင် သစ်ရွက်များ ဖြင့် ဖုံးအုပ်ရပ်တန့်ထားသည့် လိုင်စင်မဲ့ယာဉ်တစ်စီးကို ဖေဖော်ဝါရီ  ၁၇  ရက်က  သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အဆိုပါ  ဖေဖော်ဝါရီ ၁၇ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း  ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ယာဉ်များကို စစ်ဆေးမှုများဆောင်ရွက်စဉ် ရှောင်ကွင်း လမ်းဖြစ်သည့်   စွပ္ပနူးကျေးရွာအနီးတွင်   ရှောင်တခင် စစ်ဆေးရာ   လမ်းဘေးချုံထဲတွင်   သစ်ရွက်များဖြင့် ဖုံးအုပ် ရပ်တန့်ထားသော တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃ ဒသမ ၅ သန်းခန့်)အား တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

တရားမဝင်ကုန်စည်များ    တားဆီးထိန်းချုပ်ရေး အတွက် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင် စစ်ဆေးဆောင်ရွက် လျက်ရှိရာ  ဖေဖော်ဝါရီ ၁၇ ရက်က ရေပူစစ်ဆေးရေး စခန်းတွင် တရားမဝင်ကုန်စည်တားဆီးမှု တစ်မှု( ခန့်မှန်း တန်ဖိုးငွေကျပ် သုည ဒသမ ၃၂ဝ သန်းခန့်)၊  မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုလေးမှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၅  ဒသမ ၂၁၅ သန်းခန့်) စုစုပေါင်း တားဆီးမှု ၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅ ဒသမ ၅၃၅ သန်းခန့်) အား  သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ    ၁၇ ရက်က   မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၇၉ စီး၊ သွင်းကုန် ၂၆၂ စီး၊  ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ပို့ကုန် ၅၅ စီး၊ သွင်းကုန် ၁၆၄ စီး ကုန်စည်များ  သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရ သည်။                                        
The Mirror Daily

No comments:

Post a Comment