ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ
နေပြည်တော် ဖေဖော်ဝါရီ – ၁၈
ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီးတို့က ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် ဗန်ကောက်မြို့ရှိ Anantara Siam ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ညစာစားပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချစ်ကြည်ရေး ခရီးစဉ် အတွင်း အဖွဲ့ဝင်အဖြစ်လိုက်ပါလာသော စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ် စဉ်(၅၉)၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၉)၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၁၉)နှင့် အမျိုးသမီးဘွဲ့ရဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၃)တို့မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိခဲ့သည့် အရာရှိ လေးဦးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့် အတူ ညစာအား အတူတကွသုံးဆောင်ကြသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးနှင့်အဖွဲ့အား ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ်၊ အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့်ဇနီးတို့က ဖေဖော်ဝါရီ ၁၇ ရက်ညပိုင်းတွင် ဗန်ကောက်မြို့ရှိ Dusit Thani ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇနီးနှင့်အဖွဲ့သည် Bangpakong ခရိုင်ရှိ Sothon Wararam ဘုရားကျောင်းသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ဒွန်မောင်း တပ်မတော်လေဆိပ်(Wing-6)မှ ပြန်လည်ထွက်ခွာကြ ပြီး နေပြည်တော်သို့ရောက်ရှိကြရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်
Sunday, February 18, 2018
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ
Reviewed by Ar Ti
on
8:16 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment