Latest News

Sunday, February 18, 2018

သဘာဝတောတောင်ရှုခင်းအလှကို ခံစားရင်း ဆင်စီးအပန်းဖြေသူ တွေများပြားတဲ့ ဒီးဒုတ်ဆင်စခန်း

သဘာဝတောတောင်ရှုခင်းအလှကို ခံစားရင်း ဆင်စီးအပန်းဖြေသူ
တွေများပြားတဲ့ ဒီးဒုတ်ဆင်စခန်း

မန္တလေး  ဖေဖော်ဝါရီ  ၁၈

သဘာဝတောတောင် ရှုခင်းအလှအပများကို ဆင်စီးရင်းခံစားကြည့်ရှုနိုင်ရန် ပြင်ဦးလွင် မြို့နယ် ဝှက်ကားသုံးဆင့် ရေတံခွန်အနီးတွင် အသစ်ဖွင့်လှစ်ထားသည့် ဒီးဒုတ် ဆင်စခန်းသို့ လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းကို ပြင်ဦးလွင်မြို့နယ် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ကားလမ်း ပေါ်ရှိ ဝှက်ကားသုံးဆင့်ရေတံခွန်အနီးတွင် ဇန်နဝါရီ ၂ဝ ရက်က စတင်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ပြည်တွင်းမှ လာရောက်အပန်းဖြေသူများအတွက် တစ်ဦးလျှင် ဝင်ကြေးငွေကျပ်  ၁ဝဝဝ $နှင့် ဆင်စီးခ ငွေကျပ် ၃ဝဝဝ၊$ နိုင်ငံခြားသားဧည့်သည်များအတွက် တစ်ဦးလျှင် ဝင်ကြေး  ငွေကျပ်  ၂ဝဝဝဝ  နှင့်  ဆင်စီးခ  ငွေကျပ် ၂ဝဝဝဝ  သတ်မှတ်ထားကြောင်း မြန်မာ့သစ်လုပ်ငန်း (မ္တလေးတိုင်းဒေသကြီး)မှ  မန်နေဂျာ ဦးအောင်မြင့်ဌေးက ပြောသည်။

ဒဒနိုင်ငံတကာ ခရီးသွားတွေအတွက် လည်ပတ်လေ့လာစရာ ခရီးစဉ်ဒေသတစ်ခု အဖြစ် ပေါ်ထွက်လာစေဖို့နဲ့ ပြည်တွင်းအပန်းဖြေသူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ် ပေးတာပါ၊ ဆင်စီးဖို့အတွက် ဆင်ထီးနှစ်ကောင်၊ ဆင်မ လေးကောင်နဲ့ ဝန်ဆောင်မှုပေး နေပါတယ်၊  ဆင်တွေကို အစာကျွေးချင်ရင်လည်း အလွယ်တကူဝယ်လို့ရအောင် စီစဉ် ပေးထားပါတယ်ဒဒဟု ¤င်းက ပြောသည်။

အဆိုပါ ဆင်စခန်းသို့ ရန်ကုန်မြို့မှ လာရောက်သူ ကိုနေကလည်း ဒဒဒီဆင်စခန်းကို စခန်းဖွင့်လှစ်ထားတဲ့အကြောင်း သတင်းစာနဲ့ အွန်လိုင်းမှာ တွေ့ကတည်းက စိတ်ဝင်စား နေတာပါ၊ အခုပိတ်ရက်မှာ မ္တလေးကို အလုပ်ကိစ္စနဲ့လာရင်း ဒီက သူငယ်ချင်းတွေကို လိုက်ပို့ခိုင်းတာပါ၊ တောရိပ်၊ တောင်ရိပ်တွေနဲ့ သဘာဝအလှအပတွေကို ဆင်စီးပြီး ကြည့်ရတော့ အရသာတစ်မျိုးခံစားရပါတယ်ဒဒဟု ပြောသည်။

ဒဒအလုပ်အားတဲ့ရက်တွေမှာ ဗဟုသုတအနေနဲ့ပဲဖြစ်ဖြစ်၊ စိတ်လက်ပေါ့ပါးမှုအနေနဲ့ပဲ ဖြစ်ဖြစ်   ဒီလိုအပန်းဖြေလို့ရမယ့်နေရာတွေကို   သွားရောက်လည်ပတ်လေ့ရှိတယ်၊  ရှုခင်းတွေက သာယာလို့ စိတ်ကြည်နူးမိပေမယ့် ကျွန်တော့်အတွက် ဆင်စီးရတဲ့ အတွေ့အကြုံက ပထမဆုံးဆိုတော့ ရင်တွေတုန်နေပါတယ်ဒဒဟု မ္တလေးမြို့မှ ကိုမြတ် သစ်ခိုင်က ပြောသည်။

လက်ရှိတွင် ဒီးဒုတ်ဆင်စခန်းသို့ ပြည်တွင်း ပြည်ပမှ လာရောက်လေ့လာသူဦးရေမှာ နေ့စဉ်  ၅ဝ  ကျော်ရှိပြီး  ရုံးပိတ်ရက်နှင့်  ကျောင်းပိတ်ရက်များတွင်  ပိုမိုများပြားစွာ လာရောက်အပန်းဖြေ လေ့လာမှုများရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)မြန်​မာ့အလင်း

No comments:

Post a Comment