Latest News

Sunday, February 18, 2018

ပွန်ဂဲလ်(ခေါ်)ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမားဦးကြီးများဂုဏ်ပြုပွဲကျင်းပ

ပွန်ဂဲလ်(ခေါ်)ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမားဦးကြီးများဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်   ဖေဖော်ဝါရီ  ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာ     တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို)က ကြီးမှူးကျင်းပ သည့်    ၂ဝ၁၈   ခုနှစ်  ပွန်ဂဲလ်(ခေါ်)ကောက်သစ်စားပွဲနှင့်  တောင်သူလယ် သမားဦးကြီးများ ဂုဏ်ပြုပွဲအခမ်းအနား ကို ယနေ့ညပိုင်းက  ရန်ကုန်မြို့  သုဝ္ဏ လမ်းဆုံအနီး သုဝဏ္ဏဘူမိ Event  Parkတွင်   ကျင်းပရာ    သာသနာရေးနှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို  တက်ရောက် အမှာစကား ပြောကြားသည်။

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း၊  မြန်မာနိုင်ငံ လုံးဆိုင်ရာ  တမီလ်ဟိန္ဒူဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်နာယက  ဦးအောင်ဆန်း၊ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ အထွေထွေအတွင်း ရေးမှူး၊   အမှုဆောင်များနှင့်  ရွှေသံလွင် ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်ဝင်းတို့က အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆီမီး ထွန်းညှိ၍ အခမ်းအနားကို စတင်ကြသည်။
ယင်းနောက်  ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဂုဏ်ပြုအမှာစကား ပြောကြားပြီး      မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း       ဥက္ကဋ္ဌ ဦးသိန်းလွင်က     ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍    မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း    အထွေထွေ အတွင်းရေးမှူး    ဦးချစ်ဝင်းက   တမီလ် ဘာသာဖြင့်  အသင်း၏ လုပ်ဆောင်ချက် များကို ရှင်းလင်းပြောကြားပြီး ဖောင်ဒေး ရှင်း    ဒုတိယဥက္ကဋ္ဌများ    ဖြစ်ကြသော ဦးဟင်နရီခင်မောင်နှင့်  ဦးဝင်းကြိုင်တို့က ကျေးဇူးတင်စကားပြောကြားကြသည်။
အခမ်းအနားသို့      မြန်မာနိုင်ငံလုံး ဆိုင်ရာ   တမီလ်ဟိန္ဒူဖောင်ဒေးရှင်းနှင့် ဘာသာပေါင်းစုံ     ချစ်ကြည်ညီညွတ်ရေး အသင်းတို့မှ တာဝန်ရှိသူများ၊  ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ တမီလ် လူမျိုးများ  တက်ရောက်ကြသည်။
ယနေ့ကျင်းပသည့်  ပွန်ဂဲလ်(ခေါ် )ကောက်သစ်စားပွဲနှင့်  တောင်သူလယ် သမားဦးကြီးများ  ဂုဏ်ပြုပွဲအခမ်းအနား တွင် အိန္ဒိယရိုးရာ အက၊   မြန်မာရိုးရာ အကများဖြင့်        ဖျော်ဖြေတင်ဆက်ကြ သည်။                                  သတင်းစဉ်

No comments:

Post a Comment