Latest News

Tuesday, February 6, 2018

သမိုင်းဝင် ရန္တပိုကျောက်တိုင် - ​ဆောင်းပါ

သမိုင်းဝင် ရန္တပိုကျောက်တိုင် - ​ဆောင်းပါး

မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့ဟောင်း၏တောင်ဘက် မိုင် ၄ဝ၊ မြင်းခြံမြို့မှအထက် ခြောက်မိုင်အကွာ၊ ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် ရ္တပိုသည် မ္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပါက မြောင်မြို့နှင့် ဆီမီးခုံရွာကို  ကျော်လွန်လျှင်  ရောက်ရှိသည့်  သမိုင်းဝင် ကျေးရွာဖြစ်သည်။

ရန္တပိုကျေးရွာသည် မြန်မာဘုရင်များလက်ထက်မှ စတင် ၍  ခေတ်အဆက်ဆက်  ရိုးရာလက်မှုပညာရပ်တစ်ခုအဖြစ် မြေအိုးများ  ပြုလုပ်ရောင်းဝယ်ခြင်းဖြင့် ထင်ရှားသကဲ့သို့ မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုစစ်ရှုံးပြီး အောက်မြန်မာနိုင်ငံကိုလက်လွှတ်ခဲ့ရသည့်စာချုပ်ကို ချုပ်ဆိုခဲ့သည့် နေရာအဖြစ် လည်း လူသိများသည်။ ကမ္ဘာလှည့်ခရီးသွားများသည် ရန္တပို သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေလမ်းခရီးမှ လာရောက် ကာ ရန္တပိုအိုးလုပ်ငန်းနှင့် ရ္တပို အထိမ်းအမှတ် ကျောက်တိုင် ကို ကြည့်ရှုလေ့ရှိကြသည်။

ရန္တပိုစာချုပ်သည် အင်္ဂလိပ်တို့က မြန်မာတို့အပေါ် အနိုင် အထက်ချုပ်ဆိုခဲ့သည့် မှတ်တမ်းသက်သေတစ်ခုအဖြစ် ထင် ရှားခဲ့သည်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ စစ်ပြေငြိမ်းစာချုပ် အဖြစ် ရန္တပိုရွာတွင် ချုပ်ဆိုခဲ့သည့် ယင်းစာချုပ်သည် ရန္တပို စာချုပ်ဟု သမိုင်းတွင်ခဲ့သည်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ
မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်များနှင့် စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည့်အနက်   ပထမ   အင်္ဂလိပ်-မြန်မာစစ်ပွဲသည် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင်  စတင်ဖြစ်ပွားခဲ့ပြီး  ၁၈၂၆ ခုနှစ်တွင် ပြီးဆုံးခဲ့ သည်။ ရှင်မဖြူကျွန်းကိစ္စနှင့်ပတ်သက်၍ အငြင်းပွားကာ  ဖြစ် ပွားခဲ့သည့်  ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင်  မြန်မာတို့သည် အင်္ဂလိပ်တို့ကို လက်နက်နှင့် နည်းပညာ မယှဉ်နိုင်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရကာ ရခိုင်၊ တနင်္သာရီနှင့် မဏိပူရတို့ကို စွန့်လွှတ်ခဲ့ ရသည်။  စစ်ပွဲအတွင်း  စစ်သူကြီးမဟာဗန္ဓုလသည် ဓနုဖြူ တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ နေမဝင်အင်ပါယာ ထူထောင်ရန် ကြိုးပမ်းခဲ့သည့်  နယ်ချဲ့ဗြိတိသျှနှင့်  ရင်ဆိုင်ရချိန်တွင် မြန်မာ တို့သည် နယ်ချဲ့၏စစ်အင်အားကို မယှဉ်နိုင်ခဲ့ချေ။
မြန်မာနှင့် အင်္ဂလိပ်တို့သည် ရခိုင်-စစ်တကောင်း နယ်စပ် ပြဿနာကြောင့်  ဗဒုံမင်းလက်ထက်ကတည်းကပင်  ဆက်ဆံ ရေးအဆင်မပြေမှုများ   ဖြစ်ပေါ်ခဲ့သည်။  ၁၈၁၉  ခုနှစ်တွင် ပြုလုပ်ခဲ့သည့်  ဘကြီးတော် စစ်ကိုင်းမင်း၏ ဘိသိက်မင်္ဂလာ သဘင်သို့  မဏိပူရစော်ဘွား မာဂျစ်ဆင်း  မတက်ရောက်ခြင်း ကို   မြန်မာဘက်က မိမိတင်ထားသည့်စော်ဘွား မိမိတို့အား ပုန်ကန်ခြားနားသည်ဟု ယူဆခဲ့ခြင်းသည် စစ်ပွဲဖြစ်ပွားလာရန် အကြောင်းဖန်ခဲ့သည်။  မာဂျစ်ဆင်းအပေါ်  မကျေနပ်သည့် ဘကြီးတော်စစ်ကိုင်းမင်းသည် မဏိပူရသို့ မြန်မာတပ်များကို စေလွှတ်ခဲ့ရာ မာဂျစ်ဆင်းနှင့်တပ်များသည် ကချာ(Cachar) သို့ ထွက်ပြေးခဲ့သည်။

ကချာစော်ဘွား  ဂေါဝိန္ဒချန္ဒရာသည် မာဂျစ်ဆင်း၏တပ် များ မိမိနယ်အတွင်းသို့  ရောက်ရှိလာခဲ့သဖြင့် ဗြိတိသျှတို့ထံ အကူအညီ  တောင်းခံခဲ့သည်။   မြန်မာတို့က  ၁၈၂၃  ခုနှစ် နိုဝင်ဘာလတွင် ဆီလဟတ်နှင့် အာသံ နယ်စပ်တစ်လျှောက် ၌  တပ်အင်အားများ  ချထားခဲ့ပြီးနောက် အင်္ဂလိပ်တို့သည်  မြန်မာများလက်တွင်းသို့ ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ကချာကျသွားလျှင် ဘင်္ဂလားအရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူတိုက်ခိုက်နိုင်မည်ဟု ယူဆခဲ့သဖြင့် အင်္ဂလိပ်တို့သည် ကချာကို ဦးအောင်သိမ်းပိုက်ခဲ့ပြီး အစောင့် အရှောက်ခံနယ်မြေအဖြစ် ကြေညာခဲ့သည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့ မြန်မာတပ်များဝင်ရောက်၍ မာဂျစ် ဆင်း၏တပ်များကို  တိုက်ခိုက်ရာတွင် ကချာနယ်တွင် ရောက် နေသော ဗြိတိသျှတပ်များနှင့် မြန်မာတပ်များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုအချိန်တွင် အင်္ဂလိပ်တို့သည် နတ်မြစ်ဝရှိ ရှင်မဖြူကျွန်းပေါ်တွင် တပ်စွဲခဲ့သဖြင့် မြန်မာတို့က တိုက်ခိုက် သိမ်းယူခဲ့သည်။
အိန္ဒိယဘုရင်ခံချုပ်က   ရှင်မဖြူကျွန်းကို   ဗြိတိသျှတို့ထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့သည်။ နယ်စပ်ကိစ္စဆောင် ရွက်ရန် စေလွှတ်ခဲ့သည့် အင်္ဂလိပ်အရာရှိနှစ်ဦးကို မြန်မာတို့ က  ဖမ်းဆီးချုပ်နှောင်ခဲ့ကာ မြန်မာတပ်များသည် ကချာကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ကချာအရေးကြောင့် မြန်မာ နှင့် ဗြိတိသျှတို့ ပဋိပက္ခဖြစ်ခဲ့ကာ ၁၈၂၄ ခုနှစ် မတ် ၅ ရက် တွင် ဘုရင်ခံချုပ် လော့ဒ်အင်းဟတ်(Lord Amherst)က မြန်မာနိုင်ငံနှင့်စစ်ဖြစ်ပြီဟု ကြေညာခဲ့သည်။ ဗြိတိသျှဗိုလ်ချုပ် ဆာ အာချီဘောလ်ကင်းဘဲလ်သည် စစ်သည် ၁၁၅ဝဝ ကို ဦးဆောင်လျက်  ရန်ကုန်သို့  ရေကြောင်းမှ  ချီတက်လာခဲ့သည်။ ဗြိတိသျှ ရေကြောင်းချီတပ်များသည် မာန်အောင်ကျွန်း၊ မော် တင်စွန်းနှင့် ဟိုင်းကြီးကျွန်းတို့ကို သိမ်းပိုက်ခဲ့သည်။

မြန်မာစစ်သူကြီး မဟာဗန္ဓုလသည် စစ်တကောင်း၊ ပန်းဝါ အရောက် တိုက်ခိုက်အောင်မြင်သော်လည်း ကုလားတို့ ငြိမ်ဝပ် မည်မဟုတ်၊  ပင်လယ်ရေလမ်းသင့်ရာ  ဟံသာဝတီ  ရန်ကုန်မြို့ ကို ထိပါးနှောင့်ယှက်ရန်ရှိသည်၊  ဟံသာဝတီမြို့မှာ လက်ရုံး နှလုံးနှင့်ပြည့်စုံသူ  မှူးကြီးမတ်ကြီးတို့  ရပ်နေမှ  သင့်ပါမည့် အကြောင်း  ဘကြီးတော်ထံ လျှောက်ခဲ့သည်။ ဘကြီးတော် သည်  စစ်သူကြီးမဟာဗန္ဓုလ၏  လျှောက်ထားချက်အတိုင်း ဝန်ကြီး သတိုးမင်းကြီးမဟာမင်းခေါင်နှင့် ဝန်ကြီး သတိုးမဟာ သေနာပတိတို့ကို ၁၈၂၄ ခုနှစ် မေလ ၇ ရက်တွင် ရန်ကုန်သို့ သွားရောက်စေခဲ့သည်။

၁၈၂၄ ခုနှစ် မေလ  ၁ဝ ရက်တွင် ဗြိတိသျှတပ်များ ရန်ကုန် သို့ ရောက်ရှိလာချိန်တွင်  မြန်မာတပ်အင်အားသည် မြို့စောင့် တပ်အနေအထားမျှသာ ရှိသဖြင့် ဗြိတိသျှတပ်များကို မယှဉ် နိုင်ဘဲ ဆုတ်ခွာခဲ့ရသည်။ မြန်မာတပ်များသည် ကြည့်မြင်တိုင် တွင် ခံတပ်ဆောက်ကာ စစ်ပြင်ခဲ့ကြသည်။ စစ်သူကြီး မဟာ ဗန္ဓုလသည် အရေးမလှဖြစ်နေသော ရန်ကုန်စစ်မျက်နှာသို့ တပ်များကိုကွပ်ကဲ၍  ရုတ်ခြည်းရောက်ရှိလာခဲ့ချိန်တွင် မြန်မာ တပ်များနှင့် အင်္ဂလိပ်တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ သည်။ သို့သော် မြန်မာတပ်များသည် ဗြိတိသျှတို့၏ လက်နက် အင်အားကို    မယှဉ်နိုင်ခဲ့ဘဲ  မဟာဗန္ဓုလသည်  ရန်ကုန်မြို့မှ ဓနုဖြူသို့ ဆုတ်ခွာခဲ့ရကာ ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ဓနုဖြူခံတပ်၌ ကျဆုံးခဲ့သည်။

မဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက် မြန်မာတပ်များသည် မြန်မာနိုင်ငံအထက်ပိုင်းသို့ ဆက်လက်ဆုတ်ခွာခဲ့ကြသည်။ ဗြိတိသျှတပ်များသည်  မြန်မာနိုင်ငံအထက်ပိုင်းသို့ ကြည်း ကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ ဆက်လက်ချီတက်လာ ရာ မြန်မာတပ်များက ပြည်မြို့အနီးမှ ခုခံခဲ့သည်။ သို့သော် မြန်မာတပ်များသည်  ပြည်မြို့မှဆုတ်ခွာခဲ့ရပြီး ဝက်ထီးကန်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်တိုက်ပွဲတွင် ဗြိတိသျှတို့ဘက်မှ ဗိုလ်မှူးကြီးမက်ဒူးဝေါ    အပါအဝင်   အရာရှိငါးယောက်နှင့် စစ်သည်များ  ကျဆုံးခဲ့သည်။   မကြာမီ  ဗြိတိသျှများက အင် အားအလုံးအရင်းဖြင့်   ပြန်လည်တိုက်ခိုက်ချိန်တွင်   မြန်မာ တပ်များ ဆုတ်ခွာခဲ့ရသည်။။

ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့တပ်များ သည် မြေထဲ၊ မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆီမီးခုံ အစရှိသည့် မြို့ရွာ များသို့  ဆုတ်ခွာကာ  ခုခံတိုက်ခိုက်ခဲ့ကြရာ ရ္တပိုရွာအထိ ရောက်ရှိလာခဲ့ကြသည်။  ထိုအချိန်တွင်  မြန်မာဘုရင့်အစိုးရ သည် ဒေါက်တာဂျက်ဆင်နှင့် ဒေါက်တာပရိုက်တို့ကို ဗြိတိသျှ တပ်များထံသို့   စေလွှတ်၍    အင်္ဂလိပ်တို့နှင့်   စစ်ပြေငြိမ်းရေး ဆွေးနွေးစေခဲ့သည်။
မြန်မာအစိုးရဘက်မှ  လယ်ကိုင်းမြို့စား   ဝန်ကြီး မင်းကြီး မဟာမင်းလှကျော်ထင်၊ ကျီဝန်  အတွင်းဝန်မင်းကြီး  မဟာ မင်းလှသီဟသူရတို့သည် ဗြိတိသျှဘက်မှ ဆာအာချီဘောလ် ကင်းဘဲလ် အပါအဝင် အရာရှိများနှင့် ရ္တပိုရွာတွင်တွေ့ဆုံကာ  နောင်တွင်   ရ္တပိုစာချုပ်ဟု  ထင်ရှားလာမည့်  စစ်ပြေငြိမ်း စာချုပ်ကို ချုပ်ဆိုခဲ့ရာ အင်္ဂလိပ်တို့က မိတ်သဟာယ စာချုပ် ဟု ညွှန်းဆိုခဲ့သည်။

ရန္တပိုစာချုပ်ကို မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ် တပေါင်း လပြည့်ကျော် ၄ ရက် (ခရစ်နှစ် ၁၈၂၆ ခု ဖေဖော်ဝါရီ ၂၄ ရက်)နေ့တွင် မြန်မာဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စား ဝန်ကြီး မင်းကြီးမဟာမင်းလှကျော်ထင်၊  ကျီဝန် အတွင်းဝန် မင်းကြီးမဟာမင်းလှသီဟသူနှင့်    ဗြိတိသျှဘက်မှ   ဗိုလ်ချုပ် အာချီဘောလ်ကင်းဘဲလ်၊  အရေးပိုင်  ရောဘတ်စင်၊  ရေတပ် ကပ္ပတိန် ရစ်ချတ်ဘာ့ခ်ျတို့က ချုပ်ဆိုခဲ့ကြသည်။ ရ္တပိုစာချုပ် အရ  မြန်မာနိုင်ငံသည်  မိမိပိုင်နယ်မြေများကို  ပြည်ပမှ  ကျူး ကျော်သူထံ ပထမဆုံး စွန့်လွှတ်ပေးအပ်ခဲ့ရသည်။

အင်္ဂလိပ်တို့သည် ရ္တပိုစာချုပ် ချုပ်ဆိုအပြီး ၁၈၂၆ ခုနှစ် မတ်လဆန်းတွင် တပ်များကို ရုပ်သိမ်းခဲ့သည်။ မြန်မာတို့သည် မိမိတို့နိုင်ငံ အဓွန့်ရှည်တည်တံ့စေရန်နှင့် တိုင်းတစ်ပါး၏ရန်ကို ကာကွယ်နိုင်ရန် ခိုင်မာ၊ တောင့်တင်း၊ ခေတ်မီသော အင်အား တစ်ရပ်ကို   ထူထောင်ကြရမည်ဖြစ်ကြောင်း   အင်္ဂလိပ်တို့နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲသုံးခုမှ သင်ခန်းစာယူနိုင်ခဲ့ပေသည်။
မြန်မာတို့ထံမှ စစ်လျော်ကြေး ရွှေနှင့်ငွေများကို တင်ဆောင် သွားခဲ့သည့်  အင်္ဂလိပ်သင်္ဘော(Alligator)သည်   ယူနီယံ ဂျက်အလံကို လွှင့်ထူကာ ရန်ကုန်မြစ်အတွင်းမှ ထွက်ခွာသွား ခဲ့သည့်    ပုံရိပ်သည်    မြန်မာနိုင်ငံသားတိုင်းအတွက်    များစွာ ကြေကွဲဝမ်းနည်းဖွယ် ဖြစ်ခဲ့ရပေသည်။ ရန္တပိုတွင် စစ်ပြေငြိမ်း စာချုပ် ချုပ်ဆိုခဲ့သည့် အထိမ်းအမှတ် ကျောက်စာတိုင်သည် မြန်မာတို့ အနိုင်ကျင့်ခံခဲ့ရမှု၏ သက်သေတစ်ရပ်အဖြစ် ယနေ့ တိုင် တည်ရှိနေပေသည်။
 ရ္တပိုစာချုပ်
 ရ္တပိုစာချုပ်တွင် အပိုဒ် ၁၁ ပိုဒ် ပါဝင်ခဲ့ပြီး မြန်မာဘုရင် သည် အာသံကို အစိုးမရသည့်အပြင် အင်္ဂလိပ်များက ရခိုင် ကိုသိမ်းယူ၍ မော်တင်စွန်းကို နယ်စပ်အဖြစ် သတ်မှတ်ခဲ့သည်။ သံလွင်မြစ်ကို   အပိုင်းအခြားအဖြစ်   သတ်မှတ်၍    တနင်္သာရီ ဒေသကိုလည်း  သိမ်းယူခဲ့ကာ  စစ်လျော်ကြေးအဖြစ် မြန်မာ ဘုရင်က ကျပ်တစ်ကုဋေပေးရန် စာချုပ်ချုပ်ဆိုခဲ့ရပေသည်။

ပထမ။  ။အင်္ဂလိပ်မင်းနှင့် မြန်မာရှင်ဘုရင်တို့သည် စစ် ပြေငြိမ်း၍ မိတ်သဟာယ အစဉ်အဆက်ဖြစ်စေ။
ဒုတိယ။ ။မြန်မာရှင်ဘုရင်က အာသံပြည် မြို့ရွာ၊ အက္က ပတ်ပြည်၊  ဝေသာလီပြည်   (Assam, Cach- ar, Munnipure)တို့ကို အစိုးမပိုင်။ နောက် တတန် မစီရင်ရ။  မဏိပူရမြို့မှာလည်း ဂ္ဘီရရှိန် (Gambhir Sing)တို့သည် မိမိပြည်သို့ပြန်၍ မင်းပြုလုပ်လိုလျှင်  မြန်မာဘုရင်က  အဆီးအ တား အနှောင့်အယှက်မပြု နေရမည်။
တတိယ။ ။ နောက်တဘန် ပြည်ကြီးနှစ်ပြည် အပိုင်းအခြား ကို ငြင်းခုံရန် အကြောင်းမရှိရအောင် အင်္ဂလိပ် မင်းသည် တိုက်၍အောင်ခဲ့သော ရခိုင်၊ ယမ်းဗြဲ၊ မာန်အောင်၊  သံတွဲတည်းဟူသော  ရခိုင်ပြည် ကြီးကို  အစဉ်ယူ၍ မော်တင်စွန်းစေတီကြီးထိ စပ်ကြား အပိုင်းအခြားဖြစ်စေ။ နောက်မှ အပိုင်း အခြားကို ငြင်းခုံရန်ရှိလျှင် အင်္ဂလိပ်မင်း၊ မြန်မာ မင်းက ခန့်ထားသောသူတို့သည် အထက် နယ် နိမိတ်အတိုင်း မှန်ကန်အောင်စီရင်စေ။ ခန့်ထား သောသူတို့လည်း အရာရှိ မှူးမတ် သူကောင်း ဖြစ်စေရမည်။
စတုတ္ထ။ ။မြန်မာရှင်ဘုရင်သည်  အင်္ဂလိပ်မင်းကို  ယေး၊ မြိတ်၊ ထားဝယ်၊ တနင်္သာရီ  မြို့ရွာနယ်နိမိတ်၊ တောင်  ကမ်း  ကျွန်းများနှင့်တကွ   အပိုင်ပေး သည်။  သံလွင်မြစ်က  အပိုင်းအခြားဖြစ်ရမည်။ နောက်မှ အပိုင်းအခြားငြင်းခုံရန်ရှိလျှင် အထက် ဆိုခဲ့ပြီးသည့်အတိုင်း စီရင်စေ။

ပဉ္စမ။ ။မြန်မာရှင်ဘုရင်သည် ပြည်ကြီးနှစ်ပြည် အစဉ် မိတ်သဟာယဖွဲ့စေချင်သော စေတနာ အလို ထင်ရှားရှိစေခြင်းငှာ   အင်္ဂလိပ်က   စစ်တိုက်၍ ကုန်စားရိပ်အနက်   အနည်းငယ်   ပြေရအောင် ကျပ်သုံးဒင်္ဂါးပြားရေ  တစ်ကုဋေ  ပေးရမည်။
ဆဋ္ဌမ။ ။ယခုစစ်တိုက်ကြသည့်အတွင်း ကုလားဘက် သို့ဝင်စားသော  မြန်မာရှင်ဘုရင့်ကျွန်၊  မြန်မာ ဘက်သို့ဝင်စားသော  ကုလားတို့မှာ  အလိုလို ဝင်စားသည်ဖြစ်စေ၊ အနိုင်ဝင်စားရသည်ဖြစ်စေ၊ အဘယ်သူမျှ    အဘက်ဘက်သို့   ဝင်စားသည့် အတွက်  ရာဇဝတ်မခံ  အနှောင့်အယှက် မရှိ စေရ။

သတ္တမ။ ။ပြည်ကြီးနှစ်ပြည် ယခုဘွဲ့သော မိတ်သဟာရ မြဲစေခြင်းငှာ အင်္ဂလိပ်မင်းခန့်ထားသော အရာရှိ တယောက်၊ အချွေအရန် လူငါးဆယ်၊ လက် နက်ကိရိယာအစုံနှင့်  မြန်မာမြို့တော်မှာ  နေ စေ။ မြန်မာမင်းခန့်ထားသော အရေးပိုင်အရာရှိ တစ်ယောက်  အချွေအရန် လူငါးဆယ်၊ လက် နက်ကိရိယာအစုံနှင့် ကုမ္ပဏီဘုရင့်မြို့တော်မှာ နေစေ၊  ကုလားပြည်မှာနေသော  မြန်မာမင်း၊ မြန်မာပြည်မှာနေသော   ကုလားမင်းတို့သည် မိမိနေရာဘို့   အတော်အသင့်   တိုက်အိမ်ကို ဝယ်လိုလျှင် ဝယ်၍နေစေ။ အသစ်တည်လိုလျှင် လည်း တည်လုပ်စေ၊ ¤င်းနှစ်နိုင်ငံနှစ်ပါး အကျိုး စီးပွားဖြစ်ထွန်းစေခြင်းငှာ ရွှေလမ်း ငွေလမ်းဖွင့် ၍ အချင်းချင်း ဘောက်ကားရောင်းဝယ်ခြင်း အမှုအရေးများနှင့်ဆိုင်သော စာချုပ်ကို ထပ်၍ လုပ်စေရမည်။
အဋ္ဌမ။ ။စစ်မရှိ မတိုက်မီြေ<ွကးဟောင်း မြီဟောင်း ရှိ သမျှ မင်းအရာရှိ ဆိုင်သည်ဖြစ်စေ၊ ဆင်းရဲသား ဆိုင်သည်ဖြစ်စေ၊ သစ္စာရှိသည့်အတိုင်း ကုန် စင်အောင် ဆပ်ပေးစေရမည်။ြေ<ွကးတင်သည့် နောက်ဖြစ်သည်ဆို၍  မကပ်မခိုစေရ။ သူ့ဥစ္စာ ကို အသိမ်းအယူမရှိစေရ။ စစ်တိုက်သော အမှု ကြောင့်  အဘယ်မျှ  ကုလားဖြစ်စေ၊ မြန်မာဖြစ် စေ သူ့ဥစ္စာကို အသိမ်းအယူမရှိစေရ။ အင်္ဂလိပ် ရှင်ဘုရင့်ကျွန်ဖြစ်တို့သည်    မြန်မာနိုင်ငံတွင် သေ၍    အမွှေခံမရှိလျှင်   ကျန်ရစ်သော   ဥစ္စာ ပစ္စည်းရှိသမျှကို    မြန်မာနိုင်ငံတွင်    နေသော အင်္ဂလိပ်အရေးပိုင်လက်သို့   ကုလားဖြူ    ထုံးစံ အတိုင်း အပ်ရမည်။ ထိုနည်းအတူ မြန်မာမင်းကျွန် ဖြစ်လိုသူတို့သည်      အင်္ဂလိပ်နိုင်ငံတွင်သေ၍ အမွှေခံမရှိလျှင်   ကျန်ရစ်သော    ဥစ္စာပစ္စည်း ရှိသမျှကို   အင်္ဂလိပ်နိုင်ငံတွင်နေသော   မြန်မာ မင်း အရေးပိုင်အရာရှိလက်သို့  အပ်ရမည်။
နဝမ။ ။အင်္ဂလိပ်သင်္ဘောများကို    မြန်မာမြို့ဆိပ်သို့ ဝင်ရောက်လျှင်   တက်မချွတ်   အမြောက်မချဘဲ နေသကဲ့သို့    အင်္ဂလိပ်မြို့ဆိပ်သို့   ဝင်ရောက် သော   မြန်မာသင်္ဘောသည်လည်း   အနှောင့် အယှက်မရှိဘဲ နေရမည်။

ဒသမ။ ။အင်္ဂလိပ်မင်းနှင့်   မိတ်သဟာယဘွဲ့သော ယိုး ဒယားရှင်ဘုရင်သည်  အင်္ဂလိပ်ဘက်သို့  စစ်ကူ ၍ ဝင်စားလာသည်မှာ ယခုလုပ်ကြသော မိတ် သဟာယစာချုပ် အပါအဝင်ဖြစ်သည်ကို မှတ် ရမည်။
ဧကာဒသမ။ ။ယခုလုပ်သော    မိတ်သဟာယ   စာချုပ်ကို မြန်မာဘုရင်  ခန့်ထားတော်မူသော အရေးပိုင် သံတမန်တို့သည်  လက်မှတ်၊ တံဆိပ် ခပ်နှိပ်ရ မည်။  အချုပ်ခံရသော အင်္ဂလိပ် အမေရိကန် အစရှိသော ကုလားဖြူ၊ ကုလားနက် ရှိသမျှတို့ ကို    အင်္ဂလိပ်အရေးပိုင်    သံတမန်တို့လက်သို့ အပ်ရမည်။   ¤င်း ဣြိယတိုင်းကို   အစိုးရသော ကုမ္ပဏီရှင်ဘုရင်သည်  ခံဝန်၍ တံဆိပ်ခပ်သော စာချုပ်ကို  ¤င်းလအတွင်း မြန်မာဘုရင်လက် တော်သို့  ပြန်၍ပေးလိုက်ရမည်။   အင်္ဂလိပ်မင်း ချုပ်ထားသည့် မြန်မာလူရှိသမျှတို့ကို  အင်္ဂလိပ် ပြည်မှ  အလျင်အမြန်ခေါ်ခဲ့၍  မြန်မာမင်းလက် သို့ အပ်ရမည်။
(စာချုပ်ပါ  မူလစာလုံးပေါင်းသတ်ပုံများအတိုင်း ဖြစ်ပါသည်။)
အင်္ဂလိပ်တို့သည် မြန်မာတို့အပေါ်  နိုင်လိုမင်းထက် စာချုပ် ချုပ်ဆိုအပြီး   ရ္တပိုစာချုပ်အရ   မြန်မာတို့က  အင်္ဂလိပ်တို့အား စစ်လျော်ကြေး  ငွေကျပ်  တစ်ကုဋေနှင့်  ရခိုင်၊  တနင်္သာရီနှင့် မဏိပူရနယ်တို့ကို  ပေးခဲ့ရသည်။ မြန်မာ့သမိုင်းတစ်လျှောက် မြန်မာတို့ပိုင်ဆိုင်ခဲ့သော နယ်မြေများကို တိုင်းတစ်ပါးသားတို့ အား   ပေးလိုက်ရသည်။   မြန်မာပြည်သူများသည်  ဆုံးရှုံးခဲ့ရ သည့် နိုင်ငံပိုင်နယ်မြေများကို ပြန်လည်ရရှိရန် နှစ်ပေါင်း  ၁၂၂  နှစ်ကြာ  တိုက်ပွဲဝင်ခဲ့ရကာ နိုင်ငံတော်လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ရောက်မှသာ ပြန်လည်ရရှိခဲ့သည်။
မျိုးချစ်စိတ်ဓာတ် ထက်သန်သော မြန်မာလူမျိုးတို့သည် မိမိတို့  နိုင်ငံနှင့်  လူမျိုးကို ချစ်မြတ်နိုးကြသည်နှင့်အမျှ  နိုင်ငံ တော်အား တိုင်းတစ်ပါးသားတို့ မနှောင့်ယှက်နိုင်စေရန် ခိုင်မာ သော၊ ခေတ်မီတိုးတက်သော အင်အားတစ်ရပ်ကို ထူထောင် ကြရမည်ဖြစ်ကြောင်း အင်္ဂလိပ်တို့နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲများ က လမ်းပြခဲ့သည်။ ရ္တပိုရွာတွင်စိုက်ထူထားသော စစ်ပြေငြိမ်း သည့်အထိမ်းအမှတ် ကျောက်တိုင်သည် မြန်မာတို့အပေါ် အနိုင် အထက်   စာချုပ်ချုပ်ဆိုခဲ့သည့်    အထောက်အထားတစ်ခု အဖြစ်    တည်ရှိနေကာ  သမိုင်းဝင်  ရ္တပိုကျောက်တိုင်သည် တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးကို  မီးမောင်းထိုးပြသည့် နှယ် ရပ်တည်နေပေသည်။         ။
မောင်သာ(ရှေးဟောင်းသုတေသန)မြန်​မာ့အလင်း
ကိုးကား
(၁) အင်္ဂလိပ်-မြန်မာ စစ်သမိုင်း (နတ်မောက်ဘုန်းကျော်)
(၂) မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၁)
(၃) ရန္တပိုစာချုပ်
(၄)DMHC သင်တန်းမှတ်စုများ


No comments:

Post a Comment