Latest News

Monday, February 5, 2018

လေးမျက်နှာမြို့နယ်၌ မကျေနပ်ချက်ဖြင့် ဓါးဖြင့်ခုတ်သူအား ဖမ်းဆီး အရေးယူ

လေးမျက်နှာမြို့နယ်၌ မကျေနပ်ချက်ဖြင့် ဓါးဖြင့်ခုတ်သူအား ဖမ်းဆီး အရေးယူ

သားအမိသုံးဦးကို အမျိုးသားတစ်ဦးက နေအိမ်ပေါ် တက်၍ ဓားဖြင့်ခုတ်သဖြင့် အမျိုး သမီးတစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်​ထားသည်​။

 ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ ၁၁၂၀ အချိန် လေးမျက်နှာမြို့နယ်၊ ဗောဓိကျေးရွာနေ ဒေါ်ခင်မာကြူ(၄၈)နှစ်၊ မအေးမူခိုင်(၂၂)နှစ်နှင့် မအေးမို့မို့ခိုင် (၁၈)နှစ် တို့သည် အိမ်၌ရှိနေစဉ် ခင်မောင်ဝင်း(ခ)ကရင်လေး(၃၇)နှစ် ရောက်ရှိလာပြီး  ဓားဖြင့် ထိုးခုတ်ခဲ့ရာ ဒေါ်ခင်မာကြူပါ မ ၃ ဦးတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်း နောက်စေ့ပြတ်ရှဒဏ်ရာ (စိုးရိမ်ရ)ရရှိ၍ ဦးတင်စိုး (၅၀)နှစ် (ဒေါ်ခင်မာကြူ၏ ခင်ပွန်း) နှင့် ယောက်ဖ နေလင်း(၃၀)နှစ်တို့ ၂ ဦးမှ ခင်မောင်ဝင်း(ခ)ကရင်လေး၏ ဓားအား ဆွဲလု ရာ နေလင်းတွင် ဝဲလက်ကောက် ဝတ်ပြတ် ရှဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပါသည်။
 ၁၄၅၅ အချိန်တွင် ဦးတင်စိုးမှ တိုင်တန်း၍ ခင်မောင်ဝင်း(ခ)ကရင်လေး (ဖမ်းမိ)အား လေးမျက်နှာမြို့မရဲစခန်း (ပ)၁၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ၁၆၀၀ အချိန်တွင် ဒဏ်ရာရရှိသူ ဒေါ်ခင်မာကြူပါ မ ၃ ဦးအား လေးမျက်နှာပြည်သူ့ဆေးရုံမှ တစ်ဆင့် ဟင်္သာတမြို့ ပြည်သူ့ ဆေးရုံသို့ လွှဲပြောင်းကုသ ခဲ့ပြီး ၁၈၀၀ အချိန်တွင် ဒေါ်ခင်မာကြူမှာ သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆/၃၂၄ (လူသတ်မှု၊ ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင် စေမှု၊ မိမိအလိုလျောက်နာကျင်စေမှု)သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း ပြည်​ထဲ​​ရေး ဝန်ကြီးဌာန က သတင်းထုတ်ပြန်​ထားသည်​။

Photo - Han Ko FB

No comments:

Post a Comment