Latest News

Friday, February 16, 2018

ကာရိုက်တာပိုင်းကိုရွေးချယ်ရိုက်ကူးမည့် သရုပ်ဆောင်အောင်ရဲလင်း

ကာရိုက်တာပိုင်းကိုရွေးချယ်ရိုက်ကူးမည့် သရုပ်ဆောင်အောင်ရဲလင်း

''ငယ်ကျွန် ''၊  ''အနမ်းဝိုင်''စသည့် ရုပ်ရှင်ဇာတ်ကားကြီးများဖြင့် လတ်တလောတွင် ပရိသတ်အားပေးမှု များရရှိနေသည့်  အောင်ရဲလင်းတစ်ယောက် ၂ဝ၁၈ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများစွာကို လက်ခံ ရိုက်ကူးနေပြီး မေလထဲတွင်လည်း One Championship  မှာ ရိုက်ကူးမည့်ဇာတ်ကား တစ်ကား အတွက် ခန္ဓာကိုယ်အတွက် ပြင်ဆင်မှုများ  ပြုလုပ်နေကြောင်း သိရသည်။

မေး ။ ငယ်ကျွန် ကားထဲက မောင်မောင် ကာရိုက်တာရဲ့ အခက်အခဲတွေရောရှိလား။ အတွေ့အကြုံ လေးတွေ ပြောပြပါဦး။
ဖြေ ။ ''ငယ်ကျွန်'' ဇာတ်ကားကြီးမှာ  ကျွန်တော်ဒီဇာတ်ကားရဲ့  အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီး အခက်အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဇာတ်ကားအစပိုင်းမှာ အမေချစ်တဲ့သား မောင် မောင်နေရာက သရုပ်ဆောင်ထားတယ်။ အငြိမ် လေးနဲ့ ကာရိုက်တာ ပီပြင်အောင် စကား လုံးပြောဆိုမှုတွေမှာလည်း  သရုပ် ဆောင်ရတယ်။   နောက်ပိုင်း အမေနဲ့သားရဲ့ ပဋိပက္ခကြား မှာ     ဆေးသမား  တစ် ယောက် ဖြစ်သွားတယ်။ ဆေးသမား     တစ် ယောက်ရဲ့ ခံစားချက် ဖီလင်လည်း     မ ပျောက်အောင် ထိန်း ပြီး     လုပ်ဆောင်ရ တယ်။ ဆင်းန်တိုင်း လိုလို    အခက်ခဲလေး တွေ ကြုံတွေ့ရတယ်။

မေး ။ ဒီနှစ်ထဲမှာ ရုံကြီး ကားနှစ်ကား   တင်ပြီးပြီဆို တော့ နောက်ထပ်ရှိသေးလား။
ဖြေ ။ ဒီလ ၂၉ မှာ ဗီဒီယိုတစ်ကားရိုက်ဖို့ရှိတယ်။ ဖေဖော်ဝါရီလကုန်ပိုင်းမှာပဲ မကြည်ဖြူနဲ့ တစ်ကား ရိုက်ဖို့ရှိတယ်။ သုံးလပိုင်းမှာ ဘာမှလက်မခံထားဘူး။ ဧပြီမှာရိုက်မယ့် ဇာတ်ကားအတွက် ပြင်ဆင်ချိန် ယူတာပါ။ အများကြီးမရှိဘူး နှစ်ကားပဲလက်ခံတယ်။ မေလရိုက်မယ့်ကားမှာ ကျွန်တာ့်ကို ထူးခြားတဲ့ ကာရိုက်တာနဲ့ တွေ့ရမှာပါ။

မေး ။ ဇာတိမြေကားကြီး အကြောင်းလေးပြောပါဦး။
ဖြေ ။ ဇာတိမြေ ဇာတ်ကားက ဂျပန်မှာ၁၈ ရက်လောက် သွားရိုက်ထားတယ်။ ပြီးတော့ ရန်ကုန်၊ ကလော၊ ညောင်ရွှေ၊ အင်းလေးဘက်မှာ ရိုက်ခဲ့တာဆိုတော့ ဒီကားလေးက  location တွေလည်း လှမယ်။ ဂျပန်-မြန်မာချစ်ကြည်ရေးလည်း ဖြစ်မယ်၊ ဇာတ်လမ်းလေးလည်းကောင်းပါတယ်။ ဒီကားရိုက် တဲ့အချိန်အခက် အခဲတွေ့လားလို့ မေးရင် ကျွန်တော့်အတွက်ကတော့ အကုန်ခက်ခဲတယ်။ ဘယ် အရာကိုမှ လွယ်တယ်လို့ သဘောမထားဘူး။ ဆင်းန်သေးသေးလေးက  အစခက်တယ်။ အဲဒီလိုပဲ ခံယူထားတယ်။  အစ်မတို့မိသားစုကတော့  ကျွန်တော့်အပေါ် အခုအချိန်အထိ အကောင်းဆုံး သင်ကြားပေးနေပါတယ်။ အိုက်တင်နဲ့ ပတ်သက်တာတွေ ကာရိုက်တာပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် လည်း အမြဲထိန်းပေးတယ်။  ပြောပြတယ်ဆိုတော့  ကိုယ့်ဆရာနဲ့  ရိုက်တဲ့ကားဖြစ်ပေမယ့်လည်း တစ်ချိန်လုံး ကြိုးစားနေရတာပါပဲ။

မေး ။ ညီလေး အနေနဲ့ နောက်ပိုင်း ကာရိုက်တာ ရွေးချယ်မှုတွေ ရှိလား။
ဖြေ ။ နောက်ပိုင်းကတော့ ဇာတ်လမ်းတကယ်ကောင်းပြီး  တကယ့်ကို ရုပ်ရှင်ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ သွားရတဲ့ တကယ်ကွာလတီရှိတဲ့ ကားတွေကိုပဲ သရုပ်ဆောင်သွားမယ်။ နောက်တစ်ခုက ကာရိုက်တာပိုင်းနဲ့ ပတ်သက်ရင် ဘယ်လိုနေရာကပဲ ပါရပါရ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားဖို့ရှိပါတယ်။ အဓိက ကာရိုက်တာ၊ ဇာတ်လမ်းနဲ့ ရိုက်တဲ့ကားက ရုပ်ရှင်ဆိုတဲ့ ကွာလတီ မီကို မီရမယ်၊ အဲဒီအချက်သုံးချက်နဲ့ပဲ အကောင်းဆုံး ရပ်တည်သွားမယ်။ နောက်ပိုင်းကားအများကြီး ရိုက်ဖြစ်မယ် မထင်ဘူး။ တကယ်ကြိုက်ပြီး ကျွန်တော့်စိတ်ထဲ ရိုက်ချင်တဲ့ ဆန္ဒရှိတဲ့ကားကိုပဲ လက်ခံ ရိုက်ကူးဖြစ်ဖို့များတယ်။ ကျွန်တော့်အတွက် ရိုက်ရတဲ့  ကားနည်းတာများတာ အဓိက မကျဘူး။ ကျွန်တော်ရိုက်တဲ့ ကားတိုင်းကောင်းဖို့ကို အဓိကထားပြီးလုပ်သွားမှာပါ တစ်နှစ်လုံးမှာ နှစ်ကားပဲ ရိုက်ချင်ရိုက်မယ် သုံးကားပဲ ရိုက်ချင်ရိုက်မယ်။ အဲဒီနှစ်ကား သုံးကားနဲ့ထိုက်တန်တဲ့ ရလဒ်ဖြစ်အောင် ကြိုးစားသွားမယ်။ ကွာလတီပိုင်းကို အဓိက ပိုအားစိုက်သွားမှာပါ။

မေး ။ ကာရိုက်တာအတွက် ပြင်ဆင်မှုတွေ ရှိလား၊ ဘာတွေ ပြင်ဆင်ထားလဲ။
ဖြေ ။ အတိအကျတော့ ကျွန်တော့်မှာ မေလရိုက်မယ့် ဇာတ်ကားက boxing ကားလေ၊ One Championship နဲ့ ရိုက်မှာဆိုတော့ ကာရိုက်တာနဲ့ လိုက်အောင် ဘသိပ ကြီးဖို့ ကျွန်တော်လုပ်နေ ပါတယ်။     ကိုလင်း(မြန်​မာ့အလင်း)
                                             

No comments:

Post a Comment