Latest News

Friday, February 16, 2018

ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်(မြန်မာ)နှင့် ဘရာဇီးနိုင်ငံသား မာချာဒို တို့ ယှဉ်ပြိုင်မည်

ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်(မြန်မာ)နှင့်
ဘရာဇီးနိုင်ငံသား မာချာဒို တို့ ယှဉ်ပြိုင်မည်

ရန်ကုန်  ဖေဖော်ဝါရီ  ၁၆

ONE: QUEST  FOR  GOLD ပြိုင်ပွဲကြီးကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၆ နာရီတွင် ရန်ကုန်မြို့  အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ မြန်မာနိုင်ငံမှ ဝမ်းမစ်ဒယ်ဝိတ်တန်း က္ဘာ့ ချန်ပီယံ မြန်မာ့စပါးအုံြးေ>ွမ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံမှ ဝမ်းလိုက်ဟဲဗီးဝိတ်တန်း   ကမ္ဘာ့ချန်ပီယံ   မာချာဒိုတို့ ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ၂ဝ၁၇ ခုနှစ်က ဗိုက်တလီဘစ် ဒက်ရှ်  (Vitaly Big Dash) ကို အလဲထိုးကာ အနိုင်ယူခဲ့ပြီး  ဝမ်းမစ်ဒယ်ဝိတ်တန်း က္ဘာ့ချန်ပီယံဆုကို   ဆွတ်ခူးနိုင်ခဲ့သည်။ ဝမ်းချန်ပီယံရှစ်၏ ပထမဆုံး ဝိတ်တန်းလွတ် အထူးကစားပွဲ (Open  Weight  Super  Bout) တွင်   အောင်လအန်ဆန် သည်  ဟဲဗီးဝိတ်တန်း   ကစ်ဘောက်ဆင်  ချန်ပီယံ  Alain    Ngalani  ကို  ပထမအချီတွင်  အလဲထိုးနိုင်ခဲ့သည်။  အောင်လအန်ဆန်သည်  အသက်  ၃၂  နှစ်ရှိပြီး မြန်မာ့သမိုင်းတစ်လျှောက်တွင် အောင်မြင်မှုအရှိဆုံး ကစားသမားတစ်ဦးဖြစ်ပြီး သူ၏နာမည်ကျော်ချုပ်ကွက်ပညာ ကျွမ်းကျင်မှုကြောင့် မြန်မာ့စပါးအုံးအဖြစ် တင်စားခေါ်ဝေါ် ခြင်း ခံခဲ့ရသည်။ အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်ထိုးသတ်မည့် အသက် ၃၅ နှစ်ရှိ ဘရာဇီးနိုင်ငံသား ဟဲဗီးဝိတ်တန်းချန်ပီယံ Alexandre  Bebezao Machadoသည်   ကိုယ်ခံပညာသိုင်းပေါင်းစုံ   ကစားသမားတစ်ဦးဖြစ်ပြီး  လှပသေသပ်သော ချုပ်ကွက်များ၊ အတုံးအရုံး လဲသွားစေလောက်သည့် ထိုးသတ်ချက်များနှင့် အမှတ်ရယူ တတ်သူတစ်ဦး ဖြစ်သည်။ သူသည် ဘရာဇီးဂျူဂျစ်စုခါးပတ်နက်ပိုင်ရှင်ဖြစ်ပြီး လက်ရှိ ကစားရာတွင် ၈.၂ စံချိန်တင်ထားကာ သှူမျှော်မှန်းချက်အတိုင်း ဝမ်းချန်ပီယံ ကြိုးဝိုင်း တွင်းသို့  ပြန်လာခြင်းဖြစ်သည်။

သူ၏နောက်ဆုံးပွဲစဉ်တွင် လူသန်ကြီးအလိန်းဂါလာနီကို ဒုတိယအချီတွင် အလဲထိုး သတ်နိုင်ခဲ့သည်။ ပြိုင်ပွဲနှင့်ကာလအတန်ကြာ ကင်းကွာပြီးနောက် ဝမ်းလိုက်ဟဲဗီးဝိတ် တန်း က္ဘာ့ချန်ပီယံအတွက် (One  Light  Heavyweight World  Champion-ship)  မာချာဒိုသည်  အောင်လအန်ဆန်နှင့်  စိန်ခေါ်ထိုးသတ်ရန်  အသင့်ဖြစ်နေပြီ ဖြစ်သည်။

ထိုပွဲစဉ်နှင့်အတူ   ဖိုးသော်(မြန်မာ)နှင့်   ဆိုဆေး(ကမ္ဘောဒီးယား)၊   အီတန် (မလေးရှား)နှင့် အာရီရယ်ဆက်တန် (ကော်စတာရီကာ)၊ ဒေဟွမ်ကင်(ကိုရီးယား)နှင့် တာကီနာကာ (ဂျပန်)၊ အာမီခန် (စင်ကာပူ)နှင့် တင်မိုဖီ (ရုရှား)၊ ရိုဒင် (ဖိလစ်ပိုင်)နှင့် လီကင်ဝါ (တရုတ်)၊ စောမင်းမင်း(မြန်မာ)နှင့် ရဲသွေးနီ(မြန်မာ)၊ အန်တိုနီရာ (မြန်မာ)နှင့် လင်းယုန်မေ (မြန်မာ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ဝင်ကြေးငွေကျပ် ၁ဝဝဝဝ၊ ၂၅ဝဝဝ၊ ၅ဝဝဝဝ၊ ၂ဝဝဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment