Latest News

Friday, February 16, 2018

ရူတင်သွားမည့်အချိန်များအား မိသားစုနှင့် လူမှုရေးအတွက်ခွဲဝေပေး

ရူတင်သွားမည့်အချိန်များအား မိသားစုနှင့် လူမှုရေးအတွက်ခွဲဝေပေး

''ရင်ဘတ်ထဲကဓား''  ရုပ်ရှင်ဇာတ်ကားထဲတွင် ဖောက်ပြန်တတ်သည့် ယောက်ျားကို ဒေါသနှင့် အနိုင်ယူခဲ့ပြီး သမီးဖြစ်သူ၏  အပြစ်ပယ်ခံ အထင်လွဲမှားမှုကို ခံစားခဲ့ရသူ အဖြစ် ပီပြင်စွာ သရုပ်ဆောင်ကာ  ပရိသတ်များ၏  မှတ်ချက်ကောင်းများနှင့်အတူ ၂ဝ၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို  ဆွတ်ခူးစေချင်သူများထဲတွင်  တစ်ယောက်အပါအဝင်ဖြစ်နေသူ  သရုပ်ဆောင် အကယ်ဒမီ ထွန်း အြိာဗိုလ်၏ အနုပညာခံစားချက်အချို့ကို အခုလို သိခွင့်ရခဲ့သည်။

မေး  ။  သတ်မှတ်လိုက်တဲ့   ရုံပိုင်ရှင်နဲ့   ထုတ်လုပ်သူတို့ရုပ်ရှင် ဇာတ်ကားများ ရုံတင်ခွင့်နဲ့ ပတ်သက်ပြီး Aရုံ Bရုံ C ရုံ ခွဲခြင်းအပေါ် မခိုင်ကြီး အမြင်လေးကိုလည်း ပြောပြပါဦး။
ဖြေ  ။  ရုံရှင်နဲ့ကားရှင်  နှစ်ပိုင်းဖြစ်နေတာပေါ့၊  ကားထုတ် တွေကို  ရိုက်ကူးထုတ်လုပ်တဲ့  ကားရှင်တွေရှိတယ်၊ ရုံတွေပိုင်ဆိုင်တဲ့  ရုံရှင်တွေရှိတယ်။ ကားထုတ်တွေ ဘယ်လောက်ပဲ   ကောင်းအောင်ရိုက်ရိုက်   ရုံမှာ တင်ဖို့လိုအပ်တာ ဖြစ်တဲ့အတွက်ကြောင့်  ဘယ်လို ပဲပြောပြော အားလုံးညှိနှိုင်းပြီး လုပ်နေကြတော့ ဝမ်းသာရတာပေါ့။  ကျွန်မကားသာ  တကယ်လို့ အဆင့် သေသေချာချာ မြှင့်နေလျက်နဲ့ ရွေးချယ် မခံရဘူးဆို ဝမ်းနည်းရမှာပေါ့။

မေး  ။ အနုပညာနဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေ နည်းသွားတယ် နော် အစ်မ။
ဖြေ  ။ အနုပညာ အလုပ်တွေကတော့ မှန်ပါတယ်။ နည်းသွားတယ်။ ဒါကလည်း ကိုယ့်ခံယူချက်နဲ့၊ အသက်အရွယ်နဲ့၊ သူ့အချိန်နဲ့ သူလုပ်သင့်တာ လုပ်ရမယ်ဆိုတဲ့သဘောပေါ့နော်။ ဒီအရွယ်မှာ လည်း အမြဲတမ်း ရှုတင်ပဲ သွားနေရမယ့်အသက်အရွယ်မဟုတ်တော့ဘူး။ တခြားပရဟိတသော်လည်းကောင်း၊ မိသားစုအရေး သော်လည်းကောင်း၊  လူမှုရေးသော်လည်းကောင်း  ဒီလိုမျိုးလေး တွေမျှ ပြီးပေးဖြစ်တာပေါ့။

မေး  ။  ဇာတ်ရုပ်ပိုင်းမှာရော အခုရွေးချယ်လုပ်တာမျိုးရှိလား။
ဖြေ  ။  အများအားဖြင့် မလိုက်တာကြီးကို အကြောင်းပြပြီး ငြင်းရတာပေါ့။ တကယ် တမ်းကျတော့လည်း ကိုယ်မလိုက်တဲ့ဇာတ်ကြီးကို ဇွတ်လုပ်လိုက်ရင်လည်း ဇာတ်ကား အတွက် ရယ်စရာဖြစ်မယ်၊  ပရိုဂျူဆာလည်းနာမှာပဲ၊ ကျွန်မလည်းနာမှာပဲ၊  ပရိသတ် လည်းနာမှာပဲပေါ့နော်။ အဲဒါမျိုးဖြစ်မယ့်အစား မရိုက်တာကောင်းတယ် ဆိုတဲ့စိတ်လည်းပါပါတယ်။ ရွေးချယ်တာလည်းတစ်ပိုင်းပါ။ အဓိကကတော့ သူ့အသက် အရွယ်နဲ့သူ လုပ်သင့်တာကိုလုပ်ရမယ်ဆိုတဲ့ အနေအထားလေးတွေပါ၊ ကျွန်မတခြား အလုပ်တွေလည်းလုပ်ချင်တယ်။  တခြားအလုပ် ဆိုတာ စီးပွားရေးကိုပြောတာ မဟုတ်ဘူး။ ကျွန်မအတွက် လိုအပ်တာလေးတွေလုပ်ဖို့ရှိပါတယ်၊ သံသရာအတွက်ပေါ့။  ကိုလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment