Latest News

Tuesday, February 20, 2018

ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် နှစ်၇၀ပြည့်ချင်းအမျိုးသားနေ့ပွဲ ပုသိမ်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် နှစ်၇၀ပြည့်ချင်းအမျိုးသားနေ့ပွဲ ပုသိမ်တွင်ကျင်းပ

ပုသိမ် ဖေဖေါ်ဝါရီ၂၀ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့  မြို့တော်ခမ်းမ၌ ပထမဆုံးအကြိမ် နှစ်၇၀ပြည့် ချင်းအမျိုးသားနေ့ပွဲကို ယနေ့နံနက်၈နာရီမှ နေ့လည်၁၂နာရီအထိ ကျင်းပပြုလုပ်လျက်ရှိကြောင်းသတင်းရ ရှိသည်

အဆိုပါပွဲတော်ကို  ကြံခင်း မြန်အောင် အင်္ဂပူနှငိ့ငပုတောမြို့နယိတို့တွင်နေထိုင်လျက်ရှိသော ချငိးတိုင်းရင်းသားများမှ  ရိုးရာဝါးညပ်အကပြိုင်ပွဲများနှင့်လာရောက်ယှဉ်ပြိုင် တက်ရောက်ဂုဏ်ပြုသည်

ယနေ့နံနက် ပိုင်းအချိန်တွင်လည်း အနယ်နယ်အရပ်ရပ်မှတက်ရောက်လာကြသော ချင်းတိုင်းရင်းသားများသည် ကန့်သုံးဆင့်မှ မြို့တော်ခမ်းမသို့ စုပေါင်းလမ်းလျှောက် လာခဲ့ကြသည်ဟု ၎င်းပွဲအား ကူညီသူထံမှသိရသည်

"ခုလို ဧရာတိုင်းမှာပထမဆုံးကျင်းပခွင့်ရတဲ့အတွက်ဂုဏ်ယူတယ် ကျွန်တော်တို့အစိုးရအနေနဲ့လည်းကူညီပံ့ပိုးပေးတာတွေရှိပါတယ် အရင်နှစ်တွေတုံးကဆိုသူတို့ဒေသမှာပဲလုပ်ကြတာများတယ် ခုလိုတိုင်းမြို့တော်ပုသိမ်မှာစုပေါင်းပြီးကျင်းခွင့်ရတာပျာ်စရာကောင်းပါတယ်"ဟု ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်စွမ်းအင် စက်မှူလက်မှူနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးမှတိုင်းဧရာကိုပြောသည်

မြန်အောင် မြို့နယ်နှင့်ကြံခင်းမြို့နယ်တို့တွင် အရှို့ချင်းများအများစုနေထိုင်ကြပြီး ယင်းတို့မှာတိုင်းရင်သားညီအစ်ကိုမောင်နှမတွေ ဖြစ်ကြောင်း၎င်းမှဆက်လက်ပြောကြားသည်

"အဖက်ဖက်မှဝိုင်းဝန်းကူညီပေးပါသော် ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲအားကျေးဇူးအထူးတင်ရှိကြောင်း"ချင်းအမျိုးသားနေ့ကျင်းပရေးကော်မတီ အတွင်းရေးမှူး
ကိုစလှိုင်းသန့်ဇင်မှ ဖေဖေါ်ဝါရီ၁၉နေ့ည အကြိုညစာစားပွဲတွင်  ပြောသည်

အဆိုပါပွဲတော်ကို  ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူမှူရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး လျှပ်စစ်စွမ်းအင် စက်မှူလက်မှူနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး
 စည်ပင်ဝန်ကြီးဦးကျော်မြင့် စိုက်/မွေး ဝန်ကြီး ဦးတင်ဝင်းအောင် တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဠဦးစံမင်းအောင် ပုသိမ်အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရုံး(NLD)မှ တာဝန်ရှိပုဂ္ဂိုလ်များ တရားလွှတ်တော်ရှေ့နေ ဦးအောင်ဗိုလ်ဗိုလ်ညွန့် နှင့်ဦးတင်အောင်ထွဋ်  ပုသိမ်အခြေစိုက် CSOများနှင့် ဖိတ်ကြားထားသည့် မီဒီယာများ  ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်

ဖေဖေါ်ဝါရီ၁၉ရက်နေ့ နှစ်၇၀ပြည့်ချင်းအမျိုးသားနေ့ ပွဲတော်အကြို ဂုဏ်ပြုဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင် စိန်ဝင်းထွန်း SOAအဖွဲ၏ပင်တိုင်အဆိုတော် ထန်းထန်း ဆိုလိုက်ကြစို့ Season 1 Winner ဆုရှင် အဆိုတော်နုကျင် နှင့် မင်းတပ်နယ်မှချင်းတိုင်းရင်းသားအဆိုတော် ကီးရှိန်းတို့မှ ပါဝင်သီဆိုခဲ့ကြောင်း သတင်းရ ရှိသည်

သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း

No comments:

Post a Comment