လူတွေနဲ့ ထိတွေ့တဲ့အခါ
ခရီးသွားတော့ လူတွေကိုတွေ့ရတယ်။ လူတွေကိုတွေ့တော့ ခံစားမှုအသစ်တွေရတယ်။ ခံစားမှုအသစ်တွေက ၀မ်းစာအသစ်တွေဖြစ်တယ်။
လူ့ဘ၀ဆိုတာ ရှုပ်ထွေးနက်နဲတဲ့ ပုစ္ဆာကြီးတစ်ပုဒ်လိုပဲ။ လေ့လာကြည့်ရင် မကုန်နိုင်တဲ့ သင်ခန်းစာတွေရတတ်တယ်။
နောက်တစ်ခါ လူမှုဆက်ဆံရေးက မီးနဲ့တူတယ်။ ကိုင်တွယ်တတ်ရင် အကျိုးဖြစ်ထွန်းပေမဲ့၊ မကိုင်တွယ်တတ်ရင် လောင်တတ်ပြန်ရော။
နောက်ပြီး လူတွေနဲ့ စကားပြောတာ ရေနဲ့ကစားသလိုမျိုးပဲ။ ကစားတတ်ရင် ပျော်ရွှင်စရာတွေဖြစ်လာတတ်ပေမဲ့၊ မကစားတတ်ရင် ရေနစ်၊ ရေမွန်းသေတတ်တယ်။
လူတွေရဲ့ အကြောင်းတွေကိုလေ့လာတာကလည်း လည်ပတ်သင့်တဲ့နေရာကို လျှောက်လည်ရင် စိတ်အပန်းပြေစေတတ်ပေမဲ့၊ မလည်ပတ်သင့်တဲ့နေရာကို နယ်မြေကျူးမိတဲ့အတွက် ပြန်လမ်းမရှိသော အန္တရာယ်နယ်မြေထဲရောက်သွားသလိုမျိုးလည်း ဖြစ်တတ်တယ်။
လူတွေရဲ့ မေးခွန်းတွေကို ဖြေမိရင်လည်း ဖြေတတ်ရင် လေပြေလေညှင်းလေးတွေတိုက်ခတ်နေတဲ့ မြက်ခင်းပြင်ထဲ လမ်းလျှောက်နေသလိုဖြစ်ပေမဲ့၊ အဖြေမတတ်ရင် ဂုဏ်သိက္ခာတွေ ပွန်းပဲ့ကုန်ပြီး ချောက်ကမ်းပါးက ပြုတ်ကျသလိုမျိုးဖြစ်တတ်တယ်။
လူ့ဘ၀၊ လူမှုဆက်ဆံရေးဆိုတာ အရမ်းနက်နဲလှပါတယ်။
အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်
Tuesday, February 20, 2018
လူတွေနဲ့ ထိတွေ့တဲ့အခါ
Reviewed by Ar Ti
on
4:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment