Latest News

Friday, February 23, 2018

မီးရထားစီးခရီးသည်အား မသင်္ကာ၍စစ်မေးရာမှ ရွှေထည်ပစ္စည်းများ ခိုးယူမှုပေါ်ပေါက်

မီးရထားစီးခရီးသည်အား မသင်္ကာ၍စစ်မေးရာမှ ရွှေထည်ပစ္စည်းများ ခိုးယူမှုပေါ်ပေါက်

မိုးကောင်း ဖေဖော်ဝါရီ ၂၃

ဖေဖော်ဝါရီ၂၂ရက် နံနက်၇နာရီခန့်က မြစ်ကြီးနား-မန္တလေး အမှတ် ၄၂ အစုန် ဒုတိယအမြန်ရထားတွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်တစ်ဦး အား မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ ရွှေထည်ပစ္စည်းများ ခိုးယူလာမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမှမန္တလေးသို့ ထွက်ခွာလာသော အမှတ် ၄၂ အစုန် ဒုတိယအမြန်ရထား အမှတ် ၃ ရိုးရိုးတန်းတွဲတွင် လိုက်ပါလာသည့် မီးရထားစီးခရီးသည် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်နေ သန်းစိုးအောင်(၂၉)နှစ်အား နန်းမားဘူတာအထွက်တွင် မီးရထားရဲတပ်ဖွဲ့မှ မသင်္ကာ၍ ရှာဖွေစစ်ဆေးရာမှ ငွေကျပ် ၂၃ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်း(၉)မျိုးနှင့် ရွှေပေါင်ဘောက်ချာတစ်ရွက်၊ငွေစက္ကူ ၈ သောင်းကျပ်အား တွေ့ရှိရ၍ ယင်းပစ္စည်းများမှာ မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သန်းစိုးအောင်အား မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment