Latest News

Friday, February 23, 2018

ဘားအံမြို့နယ်စုပေါင်းရုံးရှေ့လက်ထောက်ဆရာဝန်မောင်းနှင်ပြီးအလုပ်သင် ဆရာဝန်သုံးဦးလိုက်ပါလာသော ဟွန်ဒါဖစ်ယာဉ် လမ်းဘေးတာဝန် တိုင်နှင့်သစ်ပင်အား ၀င်တိုက် အလုပ်သင်ဆရာဝန်တစ်ဦးသေဆုံး

ဘားအံမြို့နယ်စုပေါင်းရုံးရှေ့လက်ထောက်ဆရာဝန်မောင်းနှင်ပြီးအလုပ်သင် ဆရာဝန်သုံးဦးလိုက်ပါလာသော ဟွန်ဒါဖစ်ယာဉ် လမ်းဘေးတာဝန် တိုင်နှင့်သစ်ပင်အား ၀င်တိုက် အလုပ်သင်ဆရာဝန်တစ်ဦးသေဆုံး

ဘားအံ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ်၊ဘားအံမြို့၊မြို့နယ်စုပေါင်းရုံးရှေ့ ဗိုလ်ချုပ်လမ်းပေါ်တွင် လက်ထောက်ဆရာဝန်မောင်းနှင်ပြီး အလုပ်သင်ဆရာဝန်သုံးဦး လိုက်ပါလာသော ဟွန်ဒါဖစ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဆက်သွယ် ရေးတိုင်နှင့်သစ်ပင်တို့အား ၀င်ရောက်တိုက်မိကာ ယာဉ်တစ်စီးလုံးကြေမွကြေမွပျက်စီးကာ ယာဉ်ပေါ်လိုက်ပါ လာသည့် အလုပ်သင်ဆရာဝန်တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၂နာရီ ၊မိနစ် ၄၅မိနစ်အချိန်ခန့်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအတိုင်း အဓိပတိမီးပွိုင့်လမ်းဆုံဘက်မှမြို့တွင်းဘက်သို့ယာဉ်မောင်းပြည့်ဖြိုးအောင်၊ လက်ထောက်ဆရာဝန်(ဘားအံဆေးရုံကြီး) မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အလုပ်သင် ဆရာဝန်များဖြစ်သော ဖြိုးမောင်မောင်စိုး၊ စောသူရိန်လင်း၊ နိုင်လင်းထွန်း တို့သုံးဦး လိုက်ပါစီးနင်းလာသော 8K/------- နံပါတ်တပ်၊ ဟွန်ဒါဖစ်အမျိုးအစား၊ ခဲရောင်ယာဉ်သည် မြို့နယ်စုပေါင်းရုံးရှေ့ အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ ဆက်သွယ်ရေးတိုင်နှင့် လမ်းဘေးသစ်ပင်တို့အား ၀င်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းပြည့်ဖြိုးအောင်တွင် ယာနား ထင်ပေါက်ပြဲ၊ယာမျက်ခုံးပေါက်ပြဲ၊မေးစေ့ ပေါက်ပြဲ၊ရင်ဘက်ဖူးရောင် ပေါက်ပြဲ၊ယာဒူးပွန်းဒဏ်ရာ၊ယာဉ်ပေါ်လိုက်ပါလာသူ ဖြိုးမောင်မောင်စိုးတွင် နဖူးပွန်းပဲ့၊၀ဲဒူးပွန်း၊စောသူရိန်ထွန်းတွင် ယာဒူးပွန်း၊၀ဲခြေသလုံးပွန်း၊ ယာနားပေါက်ပြဲဒဏ်ရာနှင့် နိုင်လင်းထွန်းတွင်ယာဘက်ရင်အုံဖူးရောင် ညိုမဲ၊ပါးစပ်သွေးထွက်၊၀ဲတံတောင်ဆစ်ပွန်းဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။ထို့ကြောင့် ယာဉ်မောင်း ပြည့်ဖြိုးအောင်အား ဘားအံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)မြန်​မာ့အလင်း

No comments:

Post a Comment