Latest News
Thursday, February 22, 2018
အိမ်သာမရှိတဲ့  ၀န်ထမ်းတွေ
ရန်ကုန် ကြည့်မြင့်တိုင် ဘူတာကြီးကို အပြင်ပန်းက ကြည့် လိုက်ရင်  သံလမ်းတစ်လျှောက် ပန်းခြံတွေ နဲ့  ခမ်းနားသပ်ရပ်နေပါတယ်.။
အဲ့ ဒီအိမ်ထောင်စု လေးစုထဲမှာ မီးရထားဝန်ထမ်းကို တင်မောင်သိန်းတို့ မိသားတစ်စုလည်းပါဝင်ပါတယ်.။
နှစ်ပေါင်းနှစ်ဆယ်ကျော် အခက်အခဲဖြစ်လာတဲ့  အိမ်သာပြဿနာက အရင်နှစ်တွေမှာသိပ်အရေးမကြီးဘူးလို့ ထင်ရပေမဲ့  သူ့ သမီးလေးတွေ အရွယ်ရောက်လာတဲ့  အခါ နေ့ စဉ် နှင့်အမျှ စိတ်ညစ်နေရတယ်လို့ ဆိုပါတယ်။
အိမ်သာမရှိတဲ့ သူတို့ မိသားစုအတွက်တော့ အများသုံးအိမ်သာက အားကိုးရာတစ်ခုလို့ ဆိုရပါမယ်။
အများသုံးအိမ်သာကလူတစ်ဦးလျှင် ငွေ (၁၀၀)နှုန်းထားဖြင့် မနက် (၄း၀၀)နာရီမှ ညနေ (၉း၀၀)အထိ သာဖွင့်ပါတယ်။
“အများသုံးအိမ်သာက အချိန်နဲ့  ဖွင့်တယ် ကျွန်တော့် သမီးကဆယ်တန်းရောက်တော့ အရွယ်လေးရပြီးဘူတာဆိုတာက လူပေါင်းစုံလေညရေး အချိန်မတော် သွားဖို့ ကျတော့ သမီးအရွယ်လေးတွေ စိတ်မချဘူးလေ ခုဆို သက်ငယ်မုဒိမ်းတွေကလည်းများလာတော့ ပိုပြီးပူပင်ရတာပေါ့ဗျာ “လို့ သူကပြောပါတယ်.။
ကိုတင်မောင်သိန်းရဲ့ သမီးငယ်ဖြစ်သူ ဒုတိယတန်းကျောင်းသူလေးဆို သူမှတ်မိတဲ့ အရွယ်တည်းက အိမ်သာကို မသွားပဲ သူတို့ အနားမှာရှိတဲ့  ရေမြောင်းထဲမှာသာ အပေါ့ အလေးကို သွားတယ်လို့ ပြောပြပါတယ်။
ကြည့်မြင်တိုင်ဘူတာကြီးမှာ မီးရထားဝန်ထမ်းအိမ်ထောင်စု (၂၀၀)ခန့် ရှိပြီး လူဦးရေ (၃၀၀)ခန့် ရှိနေပါတယ်.။
တစ်ခြားသော ၀န်ထမ်းအိမ်ယာက ၀န်ထမ်းတွေကို လေးလုံးကို အိမ်သာတစ်လုံးဖြင့် တည်ဆောက်ထားပေမဲ့ ကိုတင်မောင်သိန်းတို့  ရဲ့ အိမ်ယာကိုတော့ ငွေကြေးအခက်အခဲကြောင့် မဆောင်ရွက်နိုင်သေးတာလို့  မီးရထားရုံပိုင်ကြီးကဆိုပါတယ်။
တစ်ခြားသော ၀န်ထမ်းအိမ်ယာတွေမှာ ဆောက်ပေးထားတဲ့  အိမ်သာနှစ်လုံးတွဲကုန်ကျငွေကို ပန်းရံသမားတစ်ဦးကခန့် မှန်းတွက်ကြည့်တဲ့ အခါမှာတော့  သိန်း(၂၀)၀န်းကျင်သာရှိပါတယ်။
ကိုတင်မောင်သိန်းကတော့ သူ့ တို့ အိမ်ယာမှာ အိမ်သာတစ်လုံးဖြစ်လာဖို့ တော့ သူအသက်ရှိနေသရွေ တာဝန်ရှိ သူတွေ ထံတင်ပြနိုင်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။
ကိုတင်မောင်သိန်းတို့ လို ရန်ကုန်အပါဝင် မြန်မာနိုင်ငံမှာ ယင်လုံအိမ်သာ သုံးခွင့်မရတဲ့ ပြည်သူတွေ အများကြီး ရှိနေပါသေးတယ်။
မျိုးမင်းပိုင်
၂၀၁၄ ခုနှစ်တွင်ကောက်ယူခဲ့ သောသန်ခေါင်းစာရင်းတွင် လည်းမြန်မာတစ်နိင်ငံလုံးရှိ အိမ်သာမရှိသောသူများနှင့် အိမ်သာ သုံးစွဲနိုင်သူများ၏ စာရင်းဇယားအချက်လက်များကိုအောက်ပါလင့်တွင်လည်းလေ့ လာနိုင်သည်။
http://myanmar.unfpa.org/sites/default/files/pub-pdf/Census%20Highlights%20Report%20-%20MYANMAR.pdf
No comments:
Post a Comment