Latest News

Saturday, February 10, 2018

ဧရာဝတီမြစ်အတွင်း သဲသောင်ထွန်းမှု ယမန်နှစ်ကထက်ပိုများလာ

ဧရာဝတီမြစ်အတွင်း သဲသောင်ထွန်းမှု ယမန်နှစ်ကထက်ပိုများလာ

ကသာ ဖေဖော်ဝါရီ  ၁ဝ

နှစ်စဉ် နွေရာသီကာလတွင် သောင်ထွန်းလေ့ရှိသော ကသာမြို့အရှေ့ဘက်ရှိ ဧရာဝတီ မြစ်ရေပြင်ထဲ၌ ယခုနှစ်တွင် သောင်များပေါ်ထွန်းနေမှုမှာ ယခင်နှစ်များကထက် ပိုမို ကျယ်ပြန့်များပြားနေ၍ ရေကြောင်းသွားလာရေးတွင် အဆင်မပြေမှုများ ရှိလာသလို သဲသောင်များထွန်းနေခြင်းကြောင့်  နွေရာသီကာလတွင် ကသာမြို့မှ လူနေအိမ်များ၌ ချိုးရေသုံးစွဲမှုအတွက် အခက်အခဲဖြစ်လာမည်ကိုလည်း ဒေသခံပြည်သူများက စိုးရိမ် လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်အနီးတွင် ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် သောင်တူးစက်များဖြင့် သောင်တူးခြင်းလုပ်ငန်းကို နိုင်ငံတော်၏လမ်းညွန်ချက်ဖြင့် သက်ဆိုင်ရာဌာနများက နှစ်စဉ် ဆောင်ရွက်လျက်ရှိသော်လည်း သဲသောင်ဖြစ်ထွန်း ခြင်းမှာ လျော့ကျခြင်းမရှိဘဲ တစ်နှစ်ထက်တစ်နှစ်  တိုးလာသည့်အတွက် ယခုနှစ်တွင် ကသာမြို့နယ်အရှေ့ဘက်၌ သဲသောင်ပြင်ကြီး ကျယ်ဝန်းစွာ ပေါ်ထွက်လာရာ မြစ် အတွင်း ကူးသန်းသွားလာနေသော ရေယာဉ်၊ မော်တော်များမှာ သွားလာရေးလွယ်ကူ ခြင်းမရှိတော့ဘဲ အခက်အခဲများ ကြုံတွေ့လာရကြောင်း၊ ရေယာဉ်များအနေဖြင့် ကသာမြို့အနီး ဆိုက်ကပ်နိုင်ရေးအတွက် နေရာပြောင်းရွှေ့၍ ဆိုက်ကပ်ခြင်းများ ပြုလုပ်လာရကြောင်း  ရေယာဉ်မောင်းသူများထံမှ သိရသည်။

ထို့အတူ ကသာမြို့ရှိ လူနေအိမ်များမှာလည်း နွေကာလတွင် သုံးရေချိုးရေ လုံလောက်မှုမရှိပါက ယခင်က သဲသောင်များသို့လာ၍  ရေချိုး၊အဝတ်လျှော်ခြင်းများ ပြုလုပ်ကြရာ သဲသောင်ကြီးများ ပိုမိုကျယ်ပြန့်လာပါက သုံးရေအတွက် အခက်အခဲ ကြုံရမည်ကိုလည်း မြို့နေပြည်သူအချို့က စိုးရိမ်လျက်ရှိသည်။

၂ဝ၁၈ နှစ်ဆန်းပိုင်းမှစ၍ ကသာမြို့အနီး၌ ဧရာဝတီမြစ်အတွင်း သဲသောင်များ စတင်ပေါ်ထွန်းလာပြီး ယခုနှစ်တွင် သောင်ထွန်းမှုမှာ ယခင်နှစ်များကထက်ပို၍ များပြား လာသဖြင့် ဧရာဝတီကို ကာကွယ်ရန်အတွက် မြစ်ကမ်းဘေးတစ်လျှောက် မြို့ရွာ များတွင် မြစ်အတွင်းသို့ အမှိုက်စွန့်ပစ်ခြင်း၊ ကမ်းနားသစ်ပင်များ ခုတ်လှဲခြင်း၊ မြစ် အတွင်းမှ သဲတင်ခြင်းလုပ်ငန်းများကို မပြုလုပ်ကြရန် လိုအပ်သလို စည်းကမ်းမဲ့ ပြုလုပ် သူများကိုလည်း ဒေသ္တရအာဏာဖြင့် ပြင်းပြင်းထန်ထန် တားမြစ်သတိပေး အရေးယူ ခြင်းများ ဆောင်ရွက်ရန်လိုကြောင်း၊ ရေယာဉ်များပေါ်တွင် အမှိုက်ကန်များ ပါရှိအောင် လည်း စစ်ဆေးဆောင်ရွက်ရန်လိုကြောင်း မြို့ခံတစ်ဦးက အကြံပြုပြောကြားသည်။
ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုနေရာမှ ဖြတ်သန်းစီးဆင်းလျက်ရှိကာ မြစ်ဝှမ်းဒေသသည်  ၄၁၃၆၇၄ စတုရန်းကီလိုမီတာ  ကျယ်ဝန်းပြီး မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ ၆၁ ရာခိုင်နှုန်းကို အကျိုးပြုလျက်ရှိကာ မြစ်ကြောင်းသည် ၂၁၇ဝ ကီလိုမီတာနီးပါး ရှည်လျားပြီး တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်း ဝယ်ရေး ရေကြောင်းလမ်းလည်းဖြစ်ကြောင်း၊ က္ဘာပေါ်မှ မိုင် ၆ဝဝ ကျော်ရှည်သည့် မြစ် ၁၇၇ စင်းတွင်လည်း အပါအဝင်ဖြစ်ကြောင်း၊ ထို့အပြင် ပင်လယ်ထဲအထိ ၁၂ လရာသီ အစဉ် အဆက်မပြတ်စီးဝင်နိုင်သည့် မြစ်ကြီးများမှာ တစ်က္ဘာလုံးတွင် ၂၁ စင်းသာရှိရာ ထိုစာရင်းတွင်လည်း ဧရာဝတီမြစ်သည် တစ်ခု အပါအဝင်ဖြစ်ကြောင်း သိရသည်။
ငွေအိုး(ကသာ)မြန်​မာ့အလင်း

No comments:

Post a Comment