Latest News

Saturday, February 10, 2018

ရန်ကုန်မြို့မှ ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်သူ များပြားနေ

ရန်ကုန်မြို့မှ ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်သူ များပြားနေ

ရန်ကုန်   ဖေဖော်ဝါရီ   ၁ဝ

ဆောင်းရာသီ၏    လက်ကျန်အအေး ဓာတ်နှင့်အတူ    ပြည်ထောင်စုနေ့ ပါဝင်သည့်  အစိုးရရုံးပိတ်ရက်ရသော ကြောင့် ဖေဖော်ဝါရီ ၉ ရက်နေ့မှစ၍ ရန်ကုန်မြို့မှ   ဘုရားဖူးနှင့် အပန်းဖြေ ခရီးထွက်သူ  များပြားနေကြောင်း သိရ သည်။

အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲများ   စစ်ဆေး နေချိန်ဖြစ်၍  ကျောင်းသားမိဘများ နေ့ရပ်စွန့်ခွာရန်   ခက်ခဲနေသော်လည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူ    များ၊  ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများ    နှင့် ကလေးငယ်မရှိသော မိသားစုများ မှာ မျှတသည့်ငွေကြေးဖြင့်  သင့်လျော် သည့်ခရီးစဉ်ကို ရွေးချယ်သွားလာမှုများ ရှိနေကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ  (၁၅၃) လမ်းတွင် နေထိုင်သည့် ဒေါ်မိမိလေးက ''အန်တီက  တောင်ကြီး  အင်းလေး ခရီးစဉ်သွားမှာလေ၊    ဘုရားဖူးပေါ့၊ အန်တီတို့   မိသားစုငါးယောက်ရှိတာ၊ ပြီးခဲ့တဲ့အပတ်က တူလေးတွေ  သွားကြ တယ်၊ အခုကတော့ အန်တီတို့ ညီအစ်မ နှစ်ယောက်သွားမှာပါ၊    ခရီးစဉ်က လေးညအိပ်    ငါးရက်ခရီးလေ''  ဟု ပြောသည်။

ရုံးပိတ်ရက်တွင်     ချောင်းသာ အပန်းဖြေခရီးကို     သွားရောက်ရန် ရွေးချယ်ထားသော   ကိုညီညီလွင်က       ''ကျွန်တော်တို့  အခု  သွားကြမှာတော့ နှစ်ယောက်ပါပဲ၊   ဟိုမှာလဲ   ချိန်းထား တာတွေရှိတယ်၊ နှစ်ညအိပ်  သုံးရက် ခရီးစဉ်ပါ၊  အဓိကကတော့ အလုပ်မှာ ပင်ပန်းထားသမျှတွေကို   ခေါင်းသွား      ရှင်းမယ့် သဘောပါ၊ ဟိုမှာ  တည်းခိုဖို့ တော့ ခရီးသွားလုပ်ငန်းကပဲ တစ်ခါတည်း စီစဉ်ပေးထားတယ်''ဟု ပြောသည်။”

ကုမ္ပဏီတစ်ခုတွင်      အတူတူ  အလုပ်လုပ်ကြရင်း    ရင်းနှီးလာသည့် သူငယ်ချင်း    သုံးယောက်နှင့်အတူ  ကျိုက်ထီးရိုး    ဘုရားဖူးခရီးထွက်မည့် မယုဇာခိုင်က “သမီးတို့က ၁ဝ ရက်နေ့ ညတစ်ညကိုတော့   တောင်ပေါ်မှာ အိပ်မှာပါ၊   ၁၁ ရက်နေ့   ပြန်လာမှာ၊ ပိတ်ရက်နဲ့ တိုက်ဆိုင်တာရယ်၊  တစ်ခါမှ မရောက်ဘူးသေးလို့၊  ဒါ ပထမဦးဆုံး သွားတာပါ'' ဟု ပြောသည်။”

 ဒဂုံတက္ကသိုလ်       ကျောင်းသား        တစ်ဦးက        ''ကျွန်တော်တို့က         ဒဂုံ တက္ကသိုလ်ကပါ၊      ပထမနှစ်ကနေ   နောက်ဆုံးနှစ်အထိပါတယ်၊ ငွေဆောင် ဘက်သွားမှာပါ၊   ငွေဆောင်ကနေ    ၁၅   မိနစ်လောက်သွားရတဲ့ရွာ၊ြေ>ွမကျွန်း နားကရွာကို   သွားမှာပါ၊   အားလုံး ၂၅  ဦး လောက် ပါတယ်၊ ခရီးစဉ်ကတော့ တစ်ညအိပ်ပဲ၊  သူငယ်ချင်းတွေအားလုံး  စုစုစည်းစည်း နဲ့   သွားချင်လို့  ဒီခရီးစဉ်ကို  ရွေးဖြစ် တာပါ''ဟု ပြောသည်။

Great Golden Star  ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းမှ     ခရီး     သွားလာရေးတာဝန်ခံ    ကိုအောင်ကို မင်းက “''ဝန်ဆောင်မှုအနေနဲ့က  ခရီး သွားတဲ့အခါမှာ   အန္တရာယ်ကင်းကင်း သွားနိုင်အောင်       အဓိကထားပြီး ဝန်ဆောင်မှု  လုပ်ပေးတာပါ၊  ခရီးစဉ် တိုင်းကို    အစစအရာရာ   တာဝန်ယူ ဖြေရှင်းပေးနိုင်အောင်      တာဝန်ခံ တစ်ယောက်စီကို ယာဉ်တိုင်းမှာ ထည့် ပေးထားပါတယ်''ဟု ပြောသည်။

၂ဝ၁၇ ခုနှစ်ထက်စာလျှင်   ခရီး သွားလာမှု အနည်းငယ်လျော့ကျလာ သော်လည်း ပုံမှန်ခရီးစဉ်များသွားလာ    မှုရှိနေသည်ဟု   သိရသည်။ ကျောင်း ပိတ်ရက်နှင့်    ရုံးပိတ်ရက်များတွင် ကျိုက်ထီးရိုးခရီးစဉ်၊ ပုပ္ပား-ပုဂံ(စွယ်တော် လေးဆူ)၊   တောင်ကြီး-အင်းလေး - ပင်းတယခရီးစဉ်၊ မန္တလေး- ပြင်ဦးလွင်- စစ်ကိုင်း-မုံရွာခရီးစဉ်နှင့်   မ္တလေး-လားရှိုး- မူဆယ်-ရွှေလီခရီးစဉ်များမှာ ခရီးသွား ပြည်သူများအများဆုံး ရွေးချယ် လေ့ရှိသည့် ခရီးစဉ်များ ဖြစ်ကြောင်း သိရသည်။
သတင်း-ထင်ပေါ်ဝင်းဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)

No comments:

Post a Comment