မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ နေ့စဉ် လှည့်ကင်း၊ရပ်ကင်း၊လုံခြုံရေးနှင့် မှုခင်းများ မဖြစ်ပွားစေရေး အကြမ်းဖက်မှုများ ကာကွယ်တာဆီးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဒါရမ်း-၁၂၅ ဆိုင်ကယ်(၁၃၂)စီး ထောက်ပံ့ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၉)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးဝန်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီး တင်မိုး က” ကျွန်တော်တို့တိုင်းဒေသကြီးမှာ ခရိုင်(၅)ခရိုင် နှင့် မြို့နယ်(၂၅)မြို့နယ်ရှိ တယ်၊စခန်းတွေကတော့(၄၂)စခန်းရှိတဲ့အတွက် အခုရရှိတဲ့ ဆိုင်ကယ်တွေနဲ့ပက်သက်ပြီး မြို့နယ်တစ်မြို့နယ်လျှင် (၄)စီးနှုန်းဖြင့် ထောက်ပံတယ်၊ ခရိုင်ရုံးစိုက်တဲ့မြို့နယ်တွေကျ (၅)စီးပေးပါတယ်၊ ခရိုင်ရုံးတွေကိုလည်း ဘယ်နှစ်စီးဆိုပြီးသတ်မှတ်ထားတာ ရှိပါတယ်၊ တိုးတက်လာတဲ့လူဦးရေ များပြားလာတဲ့မှုခင်းတွေနဲ့ပက်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေဟာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်တဲ့နေ့ရာမှာ နဂိုက နှစ်ယောက်တစ်စီး၊တစ်ယောက်တစ်စီးဆိုပြီး လုံလောက်စွာမရှိတဲ့အတွက် ယခုလိုအစိုးရ အဖွဲ့တွေက ထောက်ပံ့ခြင်းအားဖြင့် ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်း လှည့်ကင်း၊ရပ်ကင်း၊ဝပ်ကင်းများ ဆောင် ရွက်တဲ့နေရာမှာ ပိုမိုကြီးအဆင်ပြေချောမွေ့နိုင်ရန်အတွက် ခွဲဝေပြီး တာဝန်ယူ သွားမှာဖြစ်ပါကြောင်း” ပြောသည်။
အခမ်းနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို မှ မော်တော်ဆိုင်ကယ်(၁၃၂)စီးအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေး ထံပေးအပ်ခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးမှ ဆိုင်ကယ်စီးဦးထုပ်(၁၃၂)လုံးအား ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှသန်း ထံပေးအပ်ခြင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးမှ တရားဥပဒေစိုးမိုးရေးလုပ်ငန်များ ဆောင်ရွက်မည့် ရဲအကူတပ်ဖွဲ့ခွဲ နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးများထံသို့ ဆိုင်ကယ်နှင့်ဆိုင်ကယ်စီးဦးထုပ်များ ပြန်လည်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။kyawzayya(MMAL)
No comments:
Post a Comment