Latest News

Friday, February 9, 2018

ရဲတပ်သားသေနတ်ဆော့ကစားရာမှ ကျည်ပေါက်ထွက်ပြီး အချုပ်သားအားထိမှန်မှု ညောင်လေးပင်၌ဖြစ်ပွား

ရဲတပ်သားသေနတ်ဆော့ကစားရာမှ ကျည်ပေါက်ထွက်ပြီး အချုပ်သားအားထိမှန်မှု ညောင်လေးပင်၌ဖြစ်ပွား

ညောင်လေးပင် ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မရဲစခန်းအချုပ်ခန်း၌ဖေဖော်ဝါရီ ၉ ရက်နံနက် ၉ နာရီ ၄၅ အချိန် ခန့်က ရဲတပ်သားတစ်ဦး သေနတ်အားဆော့ကစားရာမှ ကျည်ပေါက်ထွက်ပြီး ချုပ်နှောင်ထားသော အချုပ်သားအားထိမှန် မှု ဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့မရဲစခန်း၌ စခန်းရှေ့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား နိုင်ထူးအောင်သည် ခွင့်ပြုချက်တစ်စုံတစ်ရာရယူခြင်းမရှိဘဲ တာဝန်ကျနေရာမှစွန့်ခွာ၍ ရဲစခန်းအချုပ်ထောင်သို့ထုတ်ပေးထားရှိသည့်(MA-13)၉ မမ ကျည် ၁ဝ တောင့်နှင့်အတူကျားအချုပ်ခန်းအမှတ် ၂ ရှေ့သို့သွားရောက်ခဲ့ပြီး ¤င်းကိုင်ဆောင်ထားးသည့်သေနတ်အား ဆော့ကစားစဉ် ကျည်ပေါက်ထွက်မှုဖြစ်ပွားခဲ့ရာ အချုပ်ခန်းတွင်းရှိ ပြည်ပအလုပ်အကိုင်အမှုဖြင့် ရင်ဆိုင်နေသည့်အချုပ်တရားခံ ဇေယျာဦး ၂၇ နှစ် အောင်းကြီးကျေးရွာနေသူအားကျည်နှစ်ချက်ထိမှန်ပြီး ဝဲဘက်လက်မောင်းမှကျည်ဖောက်ထွက် ဒဏ်ရာနှင့် နောက်ကျောဖောက်ထွက်ဒဏ်ရာ၊ယာလက်မောင်းကျည်ဖောက်ထွက်ဒဏ်ရာနှင့် နောက်ကျောကုန်းကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့သဖြင့် ညောင်လေးပင်မြို့ပြည်သူ့ဆေးရုံ၌ အတွင်းလူနာ(စိုးရိမ်ရ)ဖြင့် တက်ရောက်လျှက်ရှိသည်။
သို့ပါ၍ သေနတ်အားပေါ့ဆစွာကိုင်တွယ် ကျည်ဖောက်ထွက်စေသူ ရဲတပ်သား နိုင်ထူးအောင်အား ညောင်လေးပင်မြို့မရဲစခန်းမှအရေးယူဆောင်ရွက်လျှက်ရှိကြောင်းးသိရသည်။
ခင်အောင်လှိုင်(ညောင်လေးပင်)မြန်​မာ့အလင်း

No comments:

Post a Comment