Latest News

Friday, February 9, 2018

မုံရွာဆေးရုံကြီးသို့ နှစ်ရက်အတွင်း ခွေးကိုက်လူနာ ၃၀ ဦး ရောက်လာ၊ ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေး အခက်အခဲဖြစ်ခဲ့

မုံရွာဆေးရုံကြီးသို့  နှစ်ရက်အတွင်း  ခွေးကိုက်လူနာ  ၃၀  ဦး  ရောက်လာ၊ ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေး အခက်အခဲဖြစ်ခဲ့

  စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့ ကုတင် ၅၀၀ ဆံ့  တိုင်းဆေးရုံကြီး သို့ နှစ်ရက်အတွင်း ခွေးကိုက်ခံရ၍ လူနာ အယောက် ၃၀ လာတက်ခဲ့ရာ ခွေးရူးပြန်ကာကွယ်ထိုးဆေး အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
 
   ခွေးကိုက်လူနာများမှာ ဖေဖော်ဝါရီ ၇ ရက်နေ့က ညပိုင်းအထိ လူနာ ၂၇ ဦး၊ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ၃ ဦး ဆေးရုံသို့ ရောက်လာခဲ့ပြီး လူနာ အများစုမှ ပြင်ပ ဆေးအရောင်းဆိုင်များမှ ခွေးရူးပြန်ကာကွယ်ဆေးဝယ်ယူ၍ ထိုးနှံခဲ့ရကြောင်း သိရသည်။

     "မနေ့က မနက်ပိုင်းမှာတင် ခွေးကိုက်လူနာ ၁၈ ဦးရောက်လာတယ်၊ သူတို့က နန္ဒ၀န်ရပ်ကွက်၊ရတနာပုံရပ်ကွက် တို့က လူနာတွေလို့သိရတယ်၊ သူတို့ကို ခွေးတစ်ကောင်ထဲကပဲ လှည့်ကိုက်သွားတာ၊ ည အထိတော့ ၂၇ ဦးထိ ရှိလာတယ်၊ ခွေးရူးပြန်ကာကွယ်ဆေးက စစ်ကိုင်းတိုင်းမှာ မုံရွာနဲ့ကလေးမြို့မှာ ကာကွယ်ဆေး ဌာန အအေးခန်းရှိတယ်၊ ခွေးရူးပြန်ကာကွယ်ဆေး ကို မုံရွာဆေးရုံက တင်ပြတောင်းခံထားတော့ ဆေးရောက်ဖို့ တစ်ရက်ခရီးကြာနေလို့  အခက်အခဲရှိပြီး မနေ့ကလူနာ တွေ ပထမ dose  အတွက် ပြင်ပ
ကနေ ၀ယ် ထိုးပေးလိုက်ရတယ်၊ ဒီနေ့မှာ ဆေးကချက်ချင်းပဲ ရောက်လာတော့ ဒီမနက်မှာ လာတဲ့  လူနာ ၃ဦးတော့ ၀ယ်စရာမလိုပဲ ထိုးလို့ရခဲ့တယ်၊ ကာကွယ်ဆေးထိုးပြီး ဆေးတစ်မျိုးထပ်ထိုးပြီးတော့ စောင့်ကြည့်ရတာမို့ တစ်ရက်ဆေးရုံမှာတင်ထားရတယ်၊ မနေ့က လူနာ ၂၇ ဦးကတော့အကုန်လုးံနီးပါးအခြေအနေကောင်းကြလို့ ဆင်းခွင့်ပေးပြီးပြီ "ဟု မုံရွာဆေးရုံ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုလေးက ဖေဖော်ဝါရီ ၈ ရက်နေ့တွင်ပြောသည်။
     
     ခွေးကိုက်လူနာများထဲတွင်  မုံရွာမြို့တွင် နေထိုင်သော အသက် ၇၅ နှစ်အရွယ် အဖွား ဒေါ်ပုတိုမှာ ခွေးကိုက်သဖြင့်  အလန့်တကြား ထွက်ပြေးစဉ် လဲကျသည့် အရှိန်ကြောင့် ပေါင်ကျိုးဒဏ်ရာရရှိသဖြင့် ဆေးရုံအရိုးအကြောဆောင်တွင် ဆက်လတ် ကုသခံနေရကြောင်းသိရသည်။
       မြန်မာနိုင်ငံတွင် နွေဦးပေါက် ရာသီချိန်သည် ခွေးရူး ရာသီချိန်ဖြစ်ပြီး ခွေးရူးပြန် Rabies ဗိုင်းရပ် ကူးစက်ခံထားရသော ခွေး၊ကြောင်၊မြည်း၊နွား၊လင်းနို့၊မျောက်၊ကျွဲ စသော သတ္ထ၀ါများ  ကိုက်ခြင်း၊ကုတ်ခြစ်ခံရခြင်းမှ တဆင့်ကူးစက်နိုင်ကြောင်းသိရသည်။
    ခွေးကိုက်ခံရပါက  ဒဏ်ရာကို စင်ကြယ်စွာဆေး၍ ခွေးရူးပြန်ကာကွယ်ဆေးရနိုင်သော ဆေးရုံများ၌ တစ်ပတ်အတွင်း ထိုးနှံသင့်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ထားသော စာရင်းများအရ နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့်လူ ၅သောင်း ခန့်အသက်ဆုးံရှုးံနေပြီး အရှေ့တောင်အရှ နိုင်ငံများတွင်  ခွေးရူးပြန်ရောဂါဖြစ်ခြင်း၏ ၉၇ ရာခိုင်နှုန်း သည် ခွေးကိုက် ခံရခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။

ကိုသစ္စာ-မုံရွာ

No comments:

Post a Comment