Latest News

Tuesday, February 6, 2018

ဟာနုာ ဘိခ်ျ ၏ မှတ်တမ်း


နေရာကား လီဒ ဒုက္ခသည်စခန်း

ရခိုင် ပြည်နယ်အတွင်း အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာကြသည်ဆိုသော
ဒုက္ခသည် ၆ သိန်းကျော် ခိုလှုံနေထိုင်နေရာဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် တဖက်တွင်
ပြန့်ကျဲနေသော စခန်းများစွာ ထဲက တခု ဖြစ်သည်။

ထိုနေရာသို့ ရောက်ရှိလာခဲ့ရခြင်းမှာလည်းနယူးယောက်တိုင်းမ် သတင်းစာ အယ်ဒီတာ
မှ တာဝန်ပေး၍ ရောက်လာခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်စခန်းများတွင် ဘယ်လိုဆင်းရဲဒုက္ခရောက်စွာ နေထိုင်ကြရသည်ကို သိလို
၍ မဟုတ်။ အဆိုပါ ဆင်းရဲဒုက္ခများက အားလုံးအသိပင်။ အယ်ဒီတာ သိလိုနေသည့် ကိစ္စက
မြန်မာ လုံခြုံရေး တပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများ တကယ်ခံစားရခြင်း ရှိမရှိကို
စုံစမ်းထောက်လှမ်း၍ အဖြစ်မှန်ကို တင်ပြရန်ဖြစ်သည်။

သူ့အဖို သိချင်နေရသည့်ကိစ္စက ကြားရသူတိုင်း ရင်ထုမနာ ဖြစ်အောင် တညီတညွတ်
တည်း ကလေး လူကြီး မိန်းမများပါမကျန်ထွက်ဆိုနေကြသော အကြောင်းမျုားက မည်မျ အတိုင်းအတာ အထိ မှန်ကန်မှု ရှိလေသနည်းဆိုသည်ကိုပင် ဖြစ်သည်။ မုန်တိုင်းရှိခဲ့သည်က မှန်သော်လည်း ထိုမုန်တိုင်းကားအယ်ဒီတာ အမြင်တွင် too perfect ဖြစ်လွန်းနေသည်။ သို့အတွက် ရေးရိုးရေစဉ် လို
ရွာသူကြီးများ ခေါ်လာပေးပြီး ပါးစပ်မှ အလွတ်ကျက်ထားသလို ပြောဆိုနေသည့်ကိစ္စများကို
သူ စိတ်ဝင်စားခြင်း မရှိတော့။ အတွင်းကျကျစုံစမ်းရေးသားရန် သူမကို လွှတ်ခဲ့ခြင်းပင်။

ထိုအတွက်လည်း ယခုလိုနေရာသို့ ရောက်ရှိနေရခြင်းပင် ဖြစ်သည်။

စခန်းထဲတွင် ပထမဆုံး သူမ ရှာဖွေ တွေ့ရှိလာခဲ့ရသည်က မိဘမဲ့ ညီအမ လေးယောက်ပင်
ဖြစ်သည်။ အမေဖြစ်သူက မြန်မာ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခံရပြီး အဖေကတော့
သေသလားရှင်သလား မသိရဟု ဆိုသည်။

ကလေးမလေးများ၏ အသက်က ၁၂, ၈, ၅, ၂ နှစ် အသီးသီး ရှိနေကြသည်။ ထိုကလေး လေး
ယောက်က ဘင်္ဂလားဒေ့ရှ် နယ်မြေထဲသို့ ဘယ်လို နည်းနဲ့ ရောက်လာနေကြသည်ကိုတော့
မသိခဲ့ရ။ ယခုလောလောဆယ် တွင် ဦးလေးဖြစ်သူက ခေါ်ယူကာ သူ၏ မိသားစု အဖြစ်
လက်ခံထားခဲ့ခြင်းဖြစ်သည်။ ဦးလေးက ကာလကြာမြင့်စွာကပင် ဒုက္ခသည်စခန်းသို့
ရောက်ရှိနေထိုင်နေသော လူဟောင်းကြီးတဦးလည်း ဖြစ်သည်။

သူတို့နှင့် တွေ့ဖြစ်ဖို့ အကြောင်းဖန်လာရသည်ကလည်း ဦးလေးဆိုသူအား ငွေကြေးထောက်ပံ့
ပေးနေသည့် နိုင်ငံတကာ ကုသိုလ်ဖြစ် အသင်းတခုမှ ခေါ်ဆောင်လာ၍ ရောက်လာရခြင်း
လည်း ဖြစ်သည်။

ကျမတို မိဘတွေ မြန်မာ ပြည်ထဲမှာ အသတ်ခံခဲ့ကြရတယ် မှ အစချီလာခဲ့ပြီး နောက် တနာရီလောက်အတွင်းမှာပင် လက်ထဲရှိ မှတ်စု စာအုပ်ထဲတွင်ကား ဖတ်ရသူ အပေါင်း၏နှလုံးသည်းပွတ်တို့အား ထိုးနှက်ကြတော့မည့် အကြောင်းအရာများနှင့် ပြည့်နှက်သွားရပေတော့သည်။

သို့သော် ထိုအကြောင်းများထဲတွင် အမှန်တရားက မဆိုစလောက်သာ ပါသည်ဆိုသည်အား
နောက် သုံးရက်အကြာတွင် သိရှိလာခဲ့ရသည်။သူ့တွင် မိန်းမ သုံးယောက်ရှိနေပြီး နှစ်ယောက်
က ဘင်္ဂလားဒေ့ရှ်တွင် ရှိနေပြီး တယောက်ကမြန်မာ ပြည်ထဲတွင် ရှိသည်။ ယခု ကလေးများ
က မြန်မာပြည်ထဲရှိ အငယ်ဆုံး ဇနီးမှ မွေးဖွားပေးခဲ့ခြင်းပင် ဖြစ်သည်။ ထိုမိန်းကလေးများကို
ခေါ်ယူလက်ခံထားခဲ့သည့် ဦးလေးဆိုသူမှာတကယ်တော့ အဖေအရင်း ပင် ဖြစ်တော့သည်

ဤသည်ကလည်း နောက်ပိုင်းတွင် အတွင်းကျကျ စုံစမ်းနိုင်ခဲ့၍ ဦးလေး ဖြစ်သူမှ ၀န်ခံလာခဲ့ရသဖြင့်သာ သိခဲ့ရခြင်းဖြစ် သည်။

ဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့ မိမိတို့အဖြစ်အပျက်များကို ကုန်ပစ္စည်းတခုနှယ် အခုလို အသုံးချနေကြခြင်းမှာလည်း ဒီမှာတင်မဟုတ် နေရာတိုင်းလိုလို တွင် ဖြစ်သည်။

အကူအညီပေးကြသော အဖွဲ့အစည်းများကလည်း အမှန်တကယ် အလိုအပ်ဆုံးဟု ယူဆ
သူများကိုသာ ပေးကမ်းတတ်ကြရာ စခန်းရှိလူများလည်း ထိုစာရင်းထဲပါအောင် သူ့ထက်ငါ
ဇာတ်နာနိုင်မှ ဖြစ်ပေတော့မည်။ ယခု ဦးလေးဆိုသူသည် မိမိပိုင် ပစ္စည်းများသာ ဆုံးရှုံးခဲ့ပြီး
မိသားစု သိုက်သိုက်ဝန်းဝန်းနှင့် ရောက်ရှိလာသည်ဆိုလျင် အကူအညီပေးခံရမည့် စာရင်း
ထဲတွင် နောက်ဆုံးက ရောက်ရှိသွားတော့မည်ကို ဒုက္ခသည် စခန်းတွင် နှစ်ပေါင်းများစွာ နေ
ထိုင်ခဲ့ပြီး ဖြစ်သော ၀ါရင့် ဒုက္ခသည် ဦးလေ့းဖြစ်သူက ကောင်းစွာ သိနားလည်ထားပြီး ဖြစ်
သောကြောင့် သူ့သမီးများအား မိဘနှစ်ပါးအသတ်ခံလိုက်ရသော မိဘမဲ့ ကလေးများ
အသွင် ပြောင်းလဲပေးခဲ့ခြင်းပင် ဖြစ်သည်။

ထို့အပြင် ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှသည့် နေရာသို့ ဒီတိုင်း သွားပါက လက်ချည်း
ဗလာနှင့် ပြန်လာရဖို့က များသဖြင့် မွေးကင်းစကလေးတဦးအား လက်တွင် ချီထားသော
သားသည် အမေများကို အသုံးချကြရသည်မှာလည်း ဒုက္ခသည် စခန်းများတွင် အားလုံး
မဖြစ်မနေ လိုက်လုပ်ရသော လုပ်ထုံးလုပ်နည်းတခု ဖြစ်လာနေခဲ့ရသည်။ ကလေးက ငိုလေ
ပေးသူများက ရှေ့သို့ တက်လာပါရန် ဖိတ်ခေါ်ကြလေ့ ရှိသည် မဟုတ်ပါလား။

၎င်းတို့အားလည်း အပြစ်တင်၍ မဖြစ်ပြန်။ ထိုသို့မှ မလုပ်လျင်လည်း လက်ဗလာဖြင့် အိမ်ပြန်
ရပါက မိသားစုများ ငုတ်တုတ် ငတ်ကြဖို့သာရှိပေသည်။

သို့သော် အခုလိုမဟုတ်မဟတ် လုပ်ကြံဇာတ်များ ခင်းလာနေကြခြင်းကြောင့် မိမိ၏ အယ်ဒီ
တာ အပါအ၀င် တော်တော်များများက သံသယရှိလာခဲ့ရသည်။ ထိုအရေးက ကြာလျင် အမှန်
တကယ် ထိခိုက်ခဲ့ရသူများအတွက် နစ်နာစရာပင်ဟုလည်း တွေးလိုက်မိသည်။ မြန်မာ အစိုးရ
၏ ငြင်းဆိုနေမှူများကိုလည်း ထောက်ခံချက်ပေးသလို ဖြစ်သွားနိုင်သည်ကို သတိထား
သင့်သည်ဟု သူမ ထင်မြင်မိပြန်သည်။

ခက်နေရသည်က အဖြစ်မှန်ကို သိချင်နေကြသော မိမိအပါအ၀င် သတင်းသမားများကို
အခင်းဖြစ်ရာ အရပ်သို့ ၀င်ရောက်ရန် မြန်မာအစိုးရက တားမြစ်နေကြ၍သာ ဖြစ်ပြီး ၎င်းတို့
ပြောစကားများလည်း မည်သူမျ အယုံအကြည်မရှိကြ။ ကျင်းကြီးများထဲတွင် လူသေအလောင်း
များ မြုပ်နှံထားသည်ကို စုံစမ်းရန် ကြိုးပမ်းခဲ့ကြသော သတင်းထောက်နှစ်ဦးကို ဖမ်းဆီး
လိုက်ကြပြန်သည်။

ထို့အတွက်လည်း အဆိုပါ အကြောင်းများကိုဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဝေေ၀
ဆာဆာ ပြောမည့် တဖက်နိုင်ငံ ဒုက္ခသည်စခန်းများသို့ အလုအယက် သွားရောက်နေကြ
ရခြင်းပင်။ ၎င်းတို့အဖို့ က ကျည်ထိထားသောဒဏ်ရာ နှင့် ကလေးတယောက်ကို တွေ့ခဲ့ရ
လျင်ပင် လာရကျိးနပ်ခဲ့ကြရသည်ဟု ယူဆခဲ့ကြရသည်အထိပင်။

မိမိအဖို့က လူတိုင်း ပြောဆိုခဲ့မှုများကို ကိုးကားမည်ဆိုတိုင်း နောက်ထပ် လူ တဒါဇင်ခန်က စာအုပ်ထဲတွင် မေးရန် မြန်းရန် ကျန်ရှိနေခဲ့ရစမြဲပင်။ သတင်းရေးသူတယောက်အဖို့ကား သံသ
ယ ဆိုတာ ကျန်မနေခဲ့မှ ဖြစ်ပေမည်။ ဤသည်ကလည်း မိမိ အလုပ်နှင့် ပါတ်သက်၍ ခံယူထား
ချက်ပင် ဖြစ်သည်။ တခါတရံ လူတယောက်၏ကိုယ်ရေး ကိုယ်တာများကို နှိုက်ထုတ်ခဲ့ရသည်။

ဤနေရာတွင် တွေ့လာခဲ့ရသည်ကား မိမိ မတရား အကျင့်ခံခဲ့ရကြောင်း လူစိမ်းတယောက်
ကို ထုတ်ဖေါ်ပြောဆိုခဲ့ပြီး အပြောခံရသူကသံသယ ရှိလာသည်အခါ ထိုအမျိုးသမီးအဖို့
မည်သို့ ခံစားရပေမည်နည်း ဆိုသည်ပင်။

နိုင်ငံခြားသတင်း မီဒီယာများတွင် ဒုက္ခသည်ဆိုသူများ ပြောကြားခဲ့မှုများကို အဖန်တရာထပ်
အောင် ဖတ်ရှု့ခဲ့ရပြီး ဖြစ်သော်လည်း မိမိအဖိုကား မဟုတ်မှန်ကြောင်း သိနေခဲ့ရပြီးလည်း
ဖြစ်သည်။ အချို့သော အကြောင်းအရာများ တွင် ၎င်းတို့ အပြောများက မျက်ရည်ခြူ
ခြင်း သက်သက်ထက် မပိုပေ။

ထိုသို့ဆို၍ လူပေါင်း ၆ သိန်းကျော်မျ ဒုက္ခသုက္ခရောက်ခဲ့ရမှုများကို မထေမဲ့မြင် ပြောဆိုခြင်း
တော့ မဟုတ်ပေ။

လေးရက်ခန့် မိမိမှ နူးရှတ် ဆိုသည့် ကိုးနှစ်အရွယ် ကလေးငယ်တဦးအား တွေ့ဆုံမေးမြန်း
ခွင့် ရခဲ့သည်။ မိမိ၏ မှတ်စုစာအုပ်ထံတွင်သူ နေထိုင်ခဲ့ရာ အိမ်ပုံကို ဆွဲပြခဲ့သည်။ ထို့
အပြင် အဆိုပါ အိမ်ဘေးရှိ သစ်ပင်တွင် သူ၏မိဘများကို စစ်သားများက ကြိုးဆွဲချ သတ်ခဲ့
သည်ဟုလည်း ဆိုပြန်သည်။

ထို့နောက် ပလပ်စတစ်ရေဗုံး ဖြင့် မြစ်ကိုကူးကာ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ခဲ့ရကြောင်း
ပုံဆွဲ ပြပြန်သည်။ သူ၏ ဖိနပ်ကိုလည်း ခါးတွင်နွယ်ကြိုးဖြင်သိုင်းကာ ယူလာခဲ့ရသည်ဟုလည်း
ဆိုသည်။ ထိုဖိနပ်က သူ၏ ဖိနပ်တော့ မဟုတ်သေဆုံးသွားရပြီ ဖြစ်သော မိခင်၏ ဖိနပ်ဟု
ဆိုကာ မျက်ရည်များ ကျလာပြန်သည်။

သို့သော် ကလေးပြောစကားများက ရှေ့နောက်မညီမှုများ တွေ့လာခဲ့ရသည်။ ကိုးနှစ်သား
နူးရှတ်ကလေးက ကရစ်ကက် အားကစားကိုသဘောကျသည်ဟု ဆိုပြန်သည်။ ကရစ်ကက်
က ဘင်္ဂလားတွင်သာ လူကြိုက်များပြီး မြန်မာပြည်တွင် ဘာမှန်းးသိသူပင် နည်းပါးလှသည်။
သူ၏ အဖိုးအဖွားများကလည်း မြန်မာစစ်တပ်၏ အသတ်ခံရပြန်သည်ဟု ဆိုသည်။ သို့
သော်လည်း မိမိ၏ ထပ်မံ စစ်ကြောမေးမြန်းမှုအောက်တွင် သွေးရိုးသားရိုး သေဆုံးခဲ့ရတာ
ဟု ၀န်ခံလာခဲ့သည်။

မိမိက ဒီမှာတင် ရပ်နေ၍ မဖြစ်တော့။ နူးရှတ်နှင့် အတူနေ ရွာသားများကို ရှာရပြန်သည်။
တွေ့ခဲ့ရသည့်အခါ ကြိုးဆွဲချ အသတ်ခံရဖို့နေနေသာသာ အဆိုပါရွာမှ တဦးတလေမျပင်
အသတ်မခံခဲ့ရဟု တညီတညွတ်တည်း ပြောပြခဲ့ကြသည်။

ဤသို့ဆိုကာ ပလပ်စတစ်ဗုံးဖြင့် မြစ်ကို ဖြတ်ကူးခဲ့ရပါသည်ဆိုသော နူးရှတ်သည် ဘယ်က
ပေါ်လာရပေသနည်း။ ၎င်းအား ကူတာပလောင်ဒုက္ခသည် စခန်းရှိ ဈေးထဲတွင် ငိုနေသည်ကို
တွေ့ရှိခဲ့ကြရခြင်းပင် ဖြစ်ပြီး သူ့အား စာသင်ကျောင်းတကျောင်းသို့ ခေါ်သွားကာ ၀ိုင်းဝန်း
နှစ်သိမ့်စောင့်ရှောက်ပေးခဲ့ကြခြင်းပင် ဖြစ်သည်။နူးရှတ်ကလေး အနေဖြင့် တခုခု ဆိုးဆိုးဝါးဝါး
ဖြစ်ခဲ့သည်မှာ ယုံမှား သံသယ ဖြစ်စရာ မလိုသော်လည်း သူ၏ အကြောင်း အဖြစ်မှန်ကို
ယခုထိ မည္သူမ် မသိခဲ့ၾကရေပ။

ငယ်ရွယ်နုနယ်သော ကလေးများ အဖို့ကားမိမိတို့ ကြုံတွေ့ခဲ့ရသည်များကို မှတ်မိနေကြ
သလို ကြားဖူးနားဝ ရှိခဲ့သည်များကိုလည်းအသေးစိတ် ပြန်လည်ပြောဆိုနိုင်စွမ်း ရှိသည်
ကို မေ့ထား၍ မဖြစ်ပြန်ပေ။

အဆိုပါ ဖြစ်ရပ်များနှင့် ပါတ်သက်ပြီး ဒုက္ခသည်စခန်းရှိ ယူနီဆက် မှ ပြောခွင့်ရ ဘင်ဂျမင်
စတိန်းလက်ချနာ က "ကလေးများ အနေဖြင့်လူကြီးများ ပြောနေသည့် ကြမ်းကြုတ်ရက်စက်
မှုများကို နေ့တဒူဝ ကြားနေရသဖြင့် ခေါင်းထဲတွင် အကြောက်တရားများ စွဲထင်လာပြီး သူတို့
မြင်တာ နှင့် ကြားတာကို ခွဲခြားနိုင်စွမ်းမရှိတော့ဟု" မိမိအား ပြောပြခဲ့သည်။

ထိုနေရာတွင် စောစောပိုင်းက ပြောသော ကလေးမလေး လေးယောက်၏
အဖေအကြောင်းပြန်ဆက်ပါအုန်းမည်။ သူ့နာမည်က ဆိုယွတ်ဟူစိန်ဟု သိရသည်။

၎င်း မြနိမာပြည်သို ခေတ္တပြန်သွားခဲ့စဉ်အတွင်းအသားလတ်လတ် နှင့် သိမ်သိမ်မွေ့မွေ့ ရှိလှ
သော ၁၂ နှစ် အရွယ် မိန်းကလေးတဦးကိုတွေ့လာခဲ့ရပြီး လက်ထပ်ချင်မိသည်ဟု ဆိုသည်။

ရိုဟင်ဂျာ ဆိုသူများကြားတွင် ကလေးသူငယ်များကို ထိမ်းမြားလက်ထပ်ယူနေခြင်းများကလုပ်ရိုးလုပ်စဉ်တခုမျသာ ဖြစ်၍ ဟူစိန် လက်ထပ်ချင်သည်မှာလည်း အဆန်ုးတော့ မဟုတ်ပေ။ အဆန်းတကြယ် ဖြစ်ရသည်က ဟူစိန်တွင်ဘင်္ဂလားဖက်တွင် ဇနီးနှစ်ယာက် ရှိနေပါလျက်နှင့် နောက်ထပ်တယောက်ပါ ထပ်ယူချင်၍ မည်သို့များ စီမံခန့်ခွဲမည်ကို အတွေးရကျပ်ခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ဟူစိန်က ထိုသို့တွေးခဲ့ခြင်း ရှိပုံမရ။သူ၏ စိတ်ထဲတွင် ဖခင်ဖြစ်သူပင် မိန်းမ ၆
ယောက်ယူခဲ့ပြီး ကလေး ၄၂ ယောက် ယူနိုင်ခဲ့သေးလျင် မိမိကော အဘယ်ကြောင့် မလုပ်
နိုင်ရပေမည်နည်းဟူသော အတွေးသာလျင်ထိုအချိန်က ရှိခဲ့သည်။

သို့သော် နောက်ပိုင်းတွင် မိန်းမ သုံးယောက်အကြား ကူးချည်သန်းချည်ဖြင့် ဗျာများလာခဲ့ရ
သည်ဟု ၀န်ခံလာခဲ့သည်။ တပူပေါ် နှစ်ပူဆင့် ဆိုသလို နောက်ဆုံးဇနှီးက မွေးခဲ့သော
သမီး လေးယောက်က ရွာ မီးရှို့ခံရ၍ မိမိဆီတွင် လာရောက်ခိုလှုံလာခဲ့ကြသည်။ ထိုအခါ
သူနှင့် လက်ရှိအတူနေသူ ဆာဂျီဒါ ဟု ခေါ်သော ဇနီးဖြစ်သူက မကြည်မဖြူ ဖြစ်လာခဲ့သည်။

သူမကပင် အဆိုပါ ကလေးများသည် ဟူစိန်ပြောသလို ဦးလေးမဟုတ်ပဲ အဖေအရင်းဖြစ်
ကြောင်း ဖွင့်ချခဲ့ခြင်းကြောင့် သိရှိခဲ့ရခြင်းလည်းဖြစ်သည်။

ထိုအကြောင်းကို ဟူစိန် သိသွားသည့် အခါတွင်တော့ ဆာဂျီဒါအား ရိုက်နှက်ကြောင်း မိမိ
အား အိမ်နီုးချင်းများက ပြန်ပြောခဲ့ပေသည်။

မိမိကြောင့် ဆာဂျီဒါတယောက် ရိုက်နှက်ခံခဲ့ရသည်ကို သိရ၍ စိတ်မကောင်း ဖြစ်ခဲ့ရပြန်သည်။

သို့သော် ဆာဂျီဒါ အပေါ်တွင့်တော့ သနား ဂရုဏာ သက်ခဲ့မိခြင်းကား မရှိ။ သူမကား အဆို
ပါ ကလေး လေးယောက်အား မြန်မာဘက်သို့ပြန်ပို့စေချင်နေသည်ကိုး။ ထိုသို့ သူမက
ခင်ပွန်းဖြစ်သူ၏ တတိယမြောက် ဇနီးသည်မှမွေးဖွားခဲ့သော အဆိုပါ ကလေးများကို လူသား
ချင်းစာနာစွာ မထွေးပွေ့ ရကောင်းသလားဟုမိမိက သူမအပေါ် ကောက်ချက်ချနေစဉ်မှာ
ပင် ပိုးဟတ်တကောင်က ကြမ်းပြင်ပေါ်တွင်တောက်တောက် နှင့် ဖြတ်ပြေးသွားပြီး နောက်
မှ ကြွက်တကောင်က ပြေးလိုက်သွားသည်ကိုလည်း သတိထားလိုက်မိပြန်သည်။

ဆာဂျီဒါက တော့ တရှုံ့ရှုံ့ ဖြင့် ငိုနေပြီ ဖြစ်သည်။

သူမတို့ နေထိုင်ရာ ၀ါးအိမ်လေး အတွင်းတွင်မတော့ မိမိ၏ လှုပ်ရှားမှုများကို ကလေးများ
က မျက်တောင်မခတ် လိုက်ကြည့်နေကြရင်းကမိမိက ဘာလုပ်လိုက်၍ မိန်းမကြီးတဦး ငိုယိုရ
သည့်အထိ ဖြစ်သွားခဲ့ရလေသနည်းဟု တွေးကောင်း တွေးနေကြမည်သာ ဖြစ်ပေတော့သည်။
လှစိုးဝေ

(ဖေဖေါ်ဝါရီ ၁ ရက်နေ့ထုတ် နယူးယောက်တိုင်သတင်းစာကြီးတွင် ပါရှိသော ဆောင်းပါးရှင် Hannah Beech ၏ "The Rohingya suffer real horrors. So why are some oftheir stories untrue" ကို ခံစားတင်ပြသည်။)

No comments:

Post a Comment