Latest News

Sunday, February 11, 2018

ငွေတောင်(ခ)မြွေတောင် ပင်လယ်ကမ်းခြေတွင် အပန်းဖြေ ရေလှိုင်းစီး သူများဖြင့် စည်ကား

ငွေတောင်(ခ)မြွေတောင် ပင်လယ်ကမ်းခြေတွင် အပန်းဖြေ ရေလှိုင်းစီး သူများဖြင့် စည်ကား


ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင်ဖေဖော်ဝါရီ၁၁နံနက်ပိုင်းကရုံးပိတ်ရက်ဖြစ်၍ ဆံတော်ရှင်မြတ်မော်တင် စေတီတော် မြတ်ကြီးအား အနယ်နယ်အရပ်မှလာရောက်ဖူးမျှော်ကြည်ညိုကြသော ဘုရားဖူးဧည့်သည်များ၊ဘုရားဖူးကားများရောက်ရှိမှုသိသိသာသာတိုးတက်လာခဲ့ပြီးနေ့လယ်ပိုင်းတွင်ဇီးချိုင်ကျေးရွာအနီးရှိငွေတောင်(ခ)မြွေတောင်ပင်လယ်ကမ်းခြေတွင်အပန်းဖြေပင်လယ်ရေလှိုင်းစီးသူများ၊ရေကစားသူများ၊ဆော့ကစားသူများဖြင့်စည်ကားလျက်ရှိသည်။

ဆံတော်ရှင် မဟာမကုဋ္ဋရံသီ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁ရက်ကစည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး နောက်ဘုရားဖူးများလာရောက်မှုအနည်းဆုံးအထိ ကျဆင်း သွားခဲ့ပြီး ဖေဖော်ဝါရီ ၁၀ရက် မှ ၁၂ ရက်အထိ ရက်ရှည်ရုံးပိတ်ရက်များအတွင်း သိသိသာသာ ပြန်လည်တိုးတက်လာကြောင်း ဘုရားပွဲရှိဓျေးရောင်း သူများကပြောသည်။

နံနက်ပိုင်းနှင့်ညပိုင်းတို့တွင်မော်တင်စွန်းစေတီတော်ရင်ပြင်တော်ပေါ်၌ဘုရားဖူးသူများ၊ ပရိတ်၊ ပဌာန်းရွတ်ဖတ်ပူဇော်သူများဖြင့် အေးချမ်းလျက်ရှိပြီး နေ့လည်ပိုင်းတွင် ငွေတောင်ကမ်းခြေ၌ ပင်လယ်ထွက်ပစ္စည်းများ ဝယ်ယူကြကာ အပန်းဖြေအနားယူသူများ ဖြင့်စည်းကားလျက်ရှိသည်။

 ယခုနှစ်ဘုရားပွဲမှာ ယခင်ကျင်းပခဲ့သောပွဲတော်များနှင့် မတူပဲစေတီတော် အားပြုပြင်မွန်းမံမှုထီးတော်ကြီးနှင့်အရံစေတီတော်များ အသစ်ပြန်လည်တင်လှူမှု၊စေတီတော်၏ရင်ပြင်တော်၌ ပြခန်း
များဆောင်ရွက်ထားမှု၊ဘုရားဖူးခရီးသွားများသွားလာနေထိုင်ရေးကိစ္စများအဆင်ပြေစေရန်အအေးခန်းဧည့်ရိပ်သာများ အပြင် လွတ်လပ်စွာ တည်းခိုနိုင်ရန်အတွက် သီးခြားတည်းခိုခန်းငယ်များ၊ ရေ၊
မီး၊မိလ္လာ၊ သန့်ရှင်းရေးစသည့်တို့ကိုလည်းဘုရားပွဲကျင်းပရေး ကော်မတီ၏လမ်းညွှန်မှုဖြင့်ဟိုင်းကြီးကျွန်းမြို့ ရှိဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြောင်းသိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)မြန်​မာ့အလင်း

No comments:

Post a Comment