Latest News

Wednesday, February 7, 2018

ဘင်္ဂါလီ တို့၏ အရေး ဆွေးနွေးရန် ကုလ လုံခြုံရေး ကောင်စီအား နိုင်ငံ ရှစ်နိုင်ငံ တောင်းဆို

ဘင်္ဂါလီ တို့၏ အရေး ဆွေးနွေးရန် ကုလ လုံခြုံရေး ကောင်စီအား
နိုင်ငံ ရှစ်နိုင်ငံ တောင်းဆို


သိန်းချီပြီး တဖက်နိုင်ငံတွင် ပြန်လည် ရောက်ရှိနေသော ဘင်္ဂါလီ တို့၏ ကံကြမ္မာကို ဆွေးနွေးပေးရန် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် ဦးဆောင်သော နိုင်ငံ ရှစ်နိုင်ငံ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တောင်းဆိုလိုက်ကြပြီ ဖြစ်သည်။

အဆိုပါ ရှစ်နိုင်ငံတွင် ပိုလန်၊ ဆွီဒင်၊ နယ်သာလန်၊ ကာဇတ်စတန် နှင့် အီကွေတိုရီရယ် ဂီနီတို့ လည်း ပါဝင်သည်။

ပြီးခဲ့သည့် တလက အလားတူ လုံခြုံရေး ကောင်စီ စည်းဝေးပွဲ ကျင်းပခဲ့ပြီး ကြေငြာချက်တစောင် ထုတ်ပြန်ကာ မြန်မာ လုံခြုံရေး တပ်ဖွဲ့များအား ထိမ်းချုပ်ရန် နှင့် ဒုက္ခသည်များ အား နေရပ်ပြန်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

သို့သော် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ UNHCR ကို ဘေးချိတ်ကာ နှစ်နိုင်ငံ သဘောတူညီချက် ဖြင့် အဆိုပါ ကိစ္စကို အကောင်အထည် ဖေါ်ရန် သဘောတူညီချက် ရရှိခဲ့ပြီး နေထိုင်ရန် ယာယီအိမ်များအား မြန်မာ အစိုးရမှ စနစ်တကျ ဆောက်လုပ်ပေးခဲ့ပြီး မနေ့ကပင် အိမ်နီးချင်း နိုင်ငံများမှ သံအမတ်ကြီးများ၊ ကုလ ဌာနေ ကိုယ်စားလှယ်များ နဲ့ သတင်းစာ ဆရာများအား မိမိတို့ဖက်မှ မည်မျှ အထိ အဆင်သင့် ပြင်ဆင်ထားကြောင်း မောင်းတော မြို့သို့ ခေါ်ယူပြသခဲ့ပြီး ဖြစ်သည်။

သို့သော် ကုလသမဂ္ဂ မှ ၎င်းတို့အား ပြည်ဝင်ခွင့် ပြုရန် ငြင်းပါယ်ခြင်း နှင့် သဘောတူညီချက် ရရှိရေး ဆွေးနွေးပွဲများ တွင် နေရာ မပေခဲ့ခြင်းများကြောင့် ရန်ငြိုးသိုကာ ၀ါဒဖြန့် ထိုးစစ်ကြီး မကြာမီ က ပြုလုပ်ခဲ့ပြန်သည်။

မြောက်ကိုရီယား အား စီးပွားရေး ဒဏ်ခတ်မှုအား လေ့လာ စောင့်ကြည့်နေသော ကုလအဖွဲ့မှ မြန်မာနိုင်ငံသည် မြောက်ကိုရီယား ထံမှ ပဲံထိန်း ဒုံးကျည်များ ၀ယ်ယူခဲ့သည်ကို သိရှိရသည်ဆိုကာ အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိပဲ အမေရိကန် နှင့် ရန်တိုက်ပေးရန် ကြိုးစားခဲ့သည်။

အလားတူ ကုလ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ကလည်း ရခိုင်ပြည်နယ် ရှိ ပဋိပက္ခသည် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်ပြီး ဒေသတွင်း နိုင်ငံများကို ကူးစက်သွားနိုင်ကြောင်းဆိုကာ အာဆီယံနိုင်ငံများဖက် လှည့်ပေးလိုက်ပြန်သည်။

၎င်းတို့၏ ဖိအားပေးမှုကြောင့် ဘင်္ဂလားဒေ့ရှ် ဖက်မှ ကောင်းမိကောင်းရက် ချုပ်ဆိုထားသော စာချုပ်ကို ပြစ်ပါယ်မည့် လက္ခဏ များ ပြသလာခဲ့ပြီ ဖြစ်သည်။

နိုင်ငံတနိုင်ငံက မိမိဘာသာ တောင်းဆိုချက်များကို တဖက်သတ် တင်ပြလာပြီး အခြားတဖက်မှ မည်သို့မျှ ပြင်ဆင် ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်ခွင့်မရှိပဲ လက်ခံရမည် ဟု ကုလသမဂ္ဂ က လိုလားနေခြင်းပင် ဖြစ်သည်။

တခု အံ့သြဖို့ ကောင်းသည်က အဆိုပါ ဒုက္ခသည်များ လာမည့် မုတ်သုံ မိုးရာသီတွင် ပို၍ ဒုက္ခ ရောက်ဖွယ် ရှိသည်ဟု ပြောဆိုနေကြသော်လည်း အစဉ်အလာအရ ဒုက္ခသည်များ လက်ခံတတ်သည့် နိုင်ငံကြီးများ အပါအ၀င် ဘာသာတူ နိုင်ငံများကအစ တဦးတလေမျှ လက်ခံရန်ပင် စကားစမလာခဲ့သေးဟူသော အချက်ပင် ဖြစ်ပေသည်။
လှစိုး​ဝေ

No comments:

Post a Comment