Latest News

Wednesday, February 7, 2018

ဖားကန့် ရတနာမြေမှ မိဘပြည်သူများသို့ ...

ဖားကန့် ရတနာမြေမှ မိဘပြည်သူများသို့ ...

     ဖားကန့်မြို့နှင့် အနီးတဝိုက်တွင် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုကာ ၊ ဒုတ် ဓါး လက်နက်များဖြင့် ခရီးသွားပြည်သူများအား အသက်အန္တရာယ် ဆုံးရှုံးသည်အထိ အန္တရာယ်ပြု လုယက်နေသော အသက် ၁၆ နှစ်မှ ၂၀ နှစ်ကြား လူငယ် ၁၄ ဦးကို ၆.၂.၂၀၁၈ နေ့တွင် ဖမ်းဆီးထားသည် ဟု ဖားကန့်မြို့ စခန်းမှူး ဦးဝင်ဇော်ဦးထံမှ သိရပါတယ် ။ ၎င်းတို့နှင့်အတူ  လုယူ ထားသော ဆိုင်ကယ် ၁၄ စီးကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟုလည်း ဆိုပါသည် ။

     ဆိုင်ကယ် လုယက်ခြင်း ခံရသော မိဘပြည်သူများအနေဖြင့် မိမိတို့ ဆိုင်ကယ်များ ဟုတ်မဟုတ် သိရှိနိာင်ရန်  ၇.၂.၂၀၁၈ နေ့တွင် ဖားကန့် ရဲစခန်းသို့ လာရောက်လေ့လာ စစ်ဆေးနိုင်ကြောင်း ၊ တိကျ ခိုင်မာသော အထောက်အထားများ ရှိပါက ဆိုင်ကယ်များကို ပိုင်ရှင်များထံ သို့ ပြန်လည်ပေးအပ်သွားမည်ဟု  သိရပါသည် ။

      ရဲတပ်ဖွဲ့အနေနဲ့  ရဲတပ်ဖွဲ့ ဝင် အင်အား နဲနေသည့်အတွက် ယခုကဲသို့ ရာဇဝတ်မှုများကို နိုင်နင်းစွာ ထိန်သိမ်းနိုင်မှုများ အားနည်းနေသည့်အတွက် ၄ င်းတို့အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်နေသည်ဟု ဆိုပါသည် ။ တဆက်တည်းမှာပဲ မိမိကျေးရွာ ၊မိမိပတ်ဝန်းကျင် တွင် ယခုကဲ့သို့ ရာဇဝတ်မှုများ မဖြစ်ပွားစေရန် ၊ ရာဇဝတ်မှုများ ကျဆင်းစေရေးအတွက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့်ဆက်သွယ်ကာ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ပါဝင်ဆောင်စေလိုသည်ဟု ဆိုပါသည် ။

  ဖမ်းဆီးထားသော ဆိုင်ကယ် လုယက်သက် လူငယ်များ ...

ဓါတ်ပုံ -ဖားကန့် ရဲစခန်း

ဇော်​မိုးထက်​(ဖားကန့်​)

No comments:

Post a Comment