Latest News

Saturday, February 17, 2018

ညောင်ဦးမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် လူကုန်ကူးမှုဖြစ်ပွား

ညောင်ဦးမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် လူကုန်ကူးမှုဖြစ်ပွား

ညောင်ဦး  ဖေဖော်ဝါရီ  ၁၇                                                          

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကုက္ကိုကုန်းကျေးရွာတွင် လူကုန်ကူးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ရက် နံနက် ၇နာရီခန့်တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် လေယာဉ်ကွင်းရပ်ကွက်နေ (အဘ) ဦးတင်လှိုင်၏သမီး မခင်ခင်လှက ညောင်ဦးမြို့နယ် ကုက္ကိုကုန်းကျေးရွာနေ မသီတာဝင်း ၂၃နှစ် နိုင်ငံသားမှတ်ပုံတင်မရှိ (အဘ) ဦးမြို့ဝေ အား အမ်းမြို့ ထမင်းဆိုင် စားပွဲထိုးအလုပ်ကို လုပ်ရမည်။ တစ်လလျှင် တစ်သိန်းကျပ်ရမည်။ တစ်နှစ်စာအတွက် ၁၂သိန်းရမည်ဟု ပြောဆိုစည်းရုံး ခေါ်ဆောင်သွားရာမန္တလေး မူဆယ်လမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ အမည်မသိ တရုတ်အမျိုးသားတစ်ဦးထံ မြန်မာငွေ ကျပ်သိန်း(၃၀)နှင့် ရောင်းစားခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရောင်းစားခံရသူ မသီတာမြင့်က မိဘများထံ ဆက်သွယ်အကြောင်းကြားချက်အရ မိဘများက သက်ဆိုင်ရာများထံ အသိပေးတိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားချက်အရ လက်ပန်ခြေပေါ်တိုက်နယ်စခန်းပိုင် ရဲအုပ်မြဝင်းရဲကင်းစခန်းမှုးနှင့်အဖွဲ့မှသွားရောက်ခေါ်ဆောင်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၇ရက်နေ့ နံက် ၆နာရီ၌ ကျေးရွာတာဝန်ခံ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ မိဘများရှေ့မှောက် အရောက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

တရားခံဖြစ်သူ ခင်ခင်လှအား ရခိုင်ပြည်နယ် အမ်းမြို့နယ် မြို့မရဲစခန်းနယ်ထိန်းအဖွဲ့နှင့် လက်ပန်ခြေပေါ်ရဲကင်းစခန်းအဖွဲ့များ ပူးပေါင်းချိတ်ဆက်ဖမ်းဆီးပြီး အရေးယူဆောင်ရွတ်ထားကြောင်း သိရှိရသည်။ကျော်ဌေး-ညောင်ဦး(မြန်​မာ့အလင်း)




No comments:

Post a Comment