Latest News

Sunday, February 18, 2018

ဟန်းဆက်ခိုးယူသူကို စစ်ဆေးရာမှ ကျပ်သိန်း(၁၅၀)ဖိုး ဖောက်ထွင်းမှုပေါ်ပေါက်

ဟန်းဆက်ခိုးယူသူကို စစ်ဆေးရာမှ ကျပ်သိန်း(၁၅၀)ဖိုး ဖောက်ထွင်းမှုပေါ်ပေါက်


မိုးကောင်း ဖေဖေါ်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ဟန်းဆက်လိုက်လံရောင်းချနေသူကို ခေါ်ယူစစ်ဆေးရာမှ ကျပ်သိန်း (၁၅၀)ဖိုး ဖောက်ထွင်းမှုပေါ်ပေါက်ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာလွန်ခဲ့သောနှစ်ပတ်ခန့်က မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ရှိ နေအိမ် တစ်အိမ် ဖောက်ထွင်းခံရမှုကြောင့် ရွှေထည်မျိုးစုံ ကျပ်သိန်း(၁၅၀)ခန့်နှင့် ဟန်းဆက်တစ်လုံးပါသွားရာ ယင်းဖောက်ထွင်းမှုအတွက် စုံစမ်းမှုပြုနေစဉ် ဖေဖေါ်ဝါရီ (၁၆)ရက်နေ့က မိုးကောင်းဘူတာအနီး အမျိုးသားတစ်ဦးမှ SAMSUNG အမျိုးအစား အဖြူရောင်ဟန်းဆက် ကို ကျပ်တစ်သောင်း ငါးထောင်ဖြင့် လိုက်လံရောင်းချနေကြောင်း သတင်းရသဖြင့် သွားရောက် စစ်မေးမြန်းရာ မိုးကောင်းမြို့၊ ကျွန်းတောရပ်နေ ဒေါင်လွမ်း(၂၇)နှစ်ဖြစ်ပြီး အဆိုပါဟန်းဆက်ကို ၎င်းပိုင်ဆိုင်ကြောင်း တစ်စုံတစ်ရာ သက်သေ မပြနိုင်သဖြင့် ယင်းဟန်းဆက်ကို သက်သေများရှေ့၌ သိမ်းဆည်းပြီး မိုးကောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

အဆိုပါတရားခံအား အမှုဖွင့်စစ်ဆေးမေးမြန်းရာ လွန်ခဲ့သောနှစ်ပတ်က ဖိုးချစ်ကုန်းရပ်ရှိ နေအိမ်ကို ဖောက်ထွင်း သူဖြစ်ကြောင်း သိရှိရပြီး ဆက်လက် ဖော်ထုတ်ရာ လက်ခံထုခွဲပေါင်နှံပေးသူ ဈေးကုန်းရပ်နေ မထုဘူ(ခ)မနွယ်နွယ်ပြုံးဟု သိရှိရသဖြင့် သက်သေများနှင့် အဆိုပါ ရွှေထည်များ ရောင်းချပေါင်နှံထားသောနေရာတွင် လိုက်လံသိမ်းဆည်းရာ ရွှေထည်ပစ္စည်း(၂၄)မျိုး ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၁၁၀)ဖိုးခန့် ပြန်လည် သိမ်းဆည်းရမိ၍ ကျန်ပစ္စည်းများရရှိနိုင်ရေး ဆက်လက်စစ်ကြော ဆောင်ရွက်နေကြောင်း သိရသည်။
မြန်​မာ့အလင်း

No comments:

Post a Comment