Latest News

Sunday, February 18, 2018

ပျူခေတ်လက်ရာ ရှေးဟောင်းဒင်္ဂါးပြားများ ဝမ်းတွင်းမြို့၌ တွေ့ရှိ

ပျူခေတ်လက်ရာ ရှေးဟောင်းဒင်္ဂါးပြားများ ဝမ်းတွင်းမြို့၌ တွေ့ရှိ

ဝမ်းတွင်း ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် တမာတန်းကျေးရွာ အုပ်စု မင်းကုန်းကျေးရွာ၏ အရှေ့မြောက်ဘက် တမာတန်းကွင်းအမှတ် ၁၅၆၉ ရှိ မင်းကုန်းကျေးရွာ၌ ရေပိုက်လိုင်း သွယ်တန်းရန် ရေမြောင်းတူးရာမှ ဒင်္ဂါးပြား ၂၂၄ ပြား တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

တွေ့ရှိခဲ့သည့် ဒင်္ဂါးပြား ၂၂၄ ပြားမှ ရှေးဟောင်းငွေဒင်္ဂါးပြားများဟု ယူဆရသောကြောင့် မန္တလေးမြို့ရှိ ရှေးဟောင်းသုတေသန ဋ္ဌာနသို့ ဆသ်သွယ်ဆောင်ရွက်ခဲ့ရာ ၄င်းဒင်္ဂါးပြားများအား ၂၀၁၈ဖေဖော်ဝါရီ ၁၇ရက် ၁၆:၀၀နာရီအချိန်ခန့်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေး)မှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးဝင်း ပါသော အဖွဲ့များ လာရောက်၍ စတင်တွေ့ရှိသူများနှင့်တွေ့ဆုံကာ စာရင်းကောင်ယူခြင်း မှတ်တမ်းဓာတ်ပုံရိုက်ခြင်း များသွာကြည့်ရှုစစ်ဆေး လုပ်ဆောင်ခဲ့ပြီး ဒင်္ဂါးပြားများမှာပျူခေတ်လက်ရာများ ဖြစ်ကြောင်း သုံသပ်ကာ နိုင်ငံတော်သို့အပ်ပါက ဆုကြေးငွေ ချီးမြင့်မည်ဖြစ်ကြောင်းနှင့် ထိန်းသိမ်းထားလိုပါက ထိန်းသိမ်းခွင့်ရှောက်ထားရမည်ဖြစ်ကြောင်း တရားမဝင်ရောင်းချပါက ဥပဒေအရအရေးယူခံရမည် ဖြစ်ကြောင်းရှင့်လင်းပြောကြားခဲ့ပြီး လာရောက်အပ်နှံနိုင်သော ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေး) လိပ်စာများအား ရှင်းလင်းပြောကြားကာ ပိုင်ရှင်များထံ ပြန်လည်အပ်နှံသွားကြောင်း သိရှိရသည်။
ဘိုဘို(မလှိုင်)မြန်​မာ့အလင်း

No comments:

Post a Comment