Latest News

Wednesday, February 7, 2018

မြန်မာ့ ပယင်းအတွင်းမှ တွေ့ရသည့် နှစ်ပေါင်းသန်း ၁ဝဝ သက်တမ်းရှိ အမြီးပါ ပင့်ကူ

မြန်မာ့ ပယင်းအတွင်းမှ တွေ့ရသည့် နှစ်ပေါင်းသန်း ၁ဝဝ
သက်တမ်းရှိ အမြီးပါ ပင့်ကူ

လွန်ခဲ့သောနှစ်ပေါင်းသန်း ၁ဝဝခန့်က တည်ရှိခဲ့ပြီး ယခုအချိန်တွင် မျိုးသုန်းပျောက် ကွယ်သွားပြီဖြစ်သည့် အမြီးပါပင့် ကူမျိုးစိတ် တစ်မျိုးကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်မှ ထွက်သည့် ပယင်းအတွင်းမှတွေ့ ရှိရသည်။

သိပ္ပံပညာရှင်များ ပါဝင်သည့် သုတေသန အဖွဲ့နှစ်ဖွဲ့သည်  ကနဦးတွင် အဆိုပါပယင်း အတွင်း၌ သတ္တဝါ တစ်ကောင်ကို တွေ့ရှိခြင်း ဖြစ်ပြီး သုတေသနပြု လေ့လာမှုများကို ဆက်လက်ပြုလုပ်ရာ ယင်းသတ္တဝါမှာ ခြေထောက် ရှစ်ချောင်းနှင့် အမြီးတစ်ချောင်းပါပင့်ကူဖြစ် နေသည်ကိုတွေ့ရသည်။

အရွယ်အစားအားဖြင့် ခန္ဓာကိုယ်သည် ၂ ဒသမ ၅ မီလီမီတာရှည်ပြီး၎င်း၏အမြီး မှာမူ ခန္ဓာကိုယ်ထက်ပိုရှည်ကာ ၃ မီလီမီတာ ရှိသည်။ အဆိုပါပင့်ကူအမျိုးအစားသည်  ကမ္ဘာပေါ်တွင် ယနေ့အချိန်အထိတွေ့ရှိဖူးခြင်းမရှိသည့် မျိုးစိတ်အသစ်တစ်မျိုးဖြစ်ပြီး၎င်းကို ချီမော်လားလားချွန်နယိယီဟု အမည်သတ်မှတ်ပေးထားသည်။

ပယင်းအတွင်းမှ ပင့်ကူတွေ့ရှိရသည်မှာ မထူးဆန်းသော်လည်း ထိုပင့်ကူတွင်အမြီးပါ နေသည်က ထူးဆန်း နေခြင်းဖြစ်သည်။ မည်သည့်သတ္တဝါတွင် မဆိုပါရှိသည့်အမြီးသည် ပတ်ဝန်းကျင် အခြေအနေများကို အာရုံခံရန် ဖြစ်သော်လည်း ယခုပင့်ကူတွင် ပါသည့်အမြီး သည် မည်သည့်နေရာတွင် အသုံးပြုသည်ကို မသိရသေးပေ။

သာမန်အားဖြင့်ပင့်ကူများသည် ၎င်းတို့ အတွက်အိမ်တည်ဆောက်ရန် လိုအပ်သည့် အမျှင်များထုတ်လုပ်ပေး ရသည့် ကိုယ်တွင်း အင်္ဂါပါဝင်သည်။ သို့သော်ရှေးခေတ်ပင့်ကူ များသည် အိမ်ဖွဲ့၍နေထိုင်ခြင်းရှိ၊ မရှိကို တိတိ ကျကျ မသိရသေးကြောင်း သိပ္ပံပညာရှင် များကပြောသည်။

 မြန်မာနိုင်ငံမှ ထွက်ရှိသည့် အဆိုပါပယင်းကို သုတေသန အဖွဲ့အစည်းများက လေ့လာမှုများ လုပ်ရန်အတွက် ဝယ်ယူ သွားခြင်းဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၌ ရှိသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများသည် အလွန်တရာ လှပပြီး ပင့်ကူကဲ့သို့ မျိုးစိတ်များ အများ အပြား ကျက်စားရာ နေရာတစ်ခု လည်းဖြစ်သည်။ ထို့ပြင် ယင်းဒေသထွက် ပယင်းများတွင် ကမ္ဘာပေါ်၌ မည်သည့်အခါမျှမမြင်မတွေ့ ဘူးသော  မျိုးသုန်းပျောက် ကွယ်သွားပြီဖြစ် သည့် သတ္တဝါမျိုးစိတ်များကို   မကြာခဏတွေ့ရလေ့ရှိသည်။           ထက်မြတ်(မြ၀တီ)

No comments:

Post a Comment