Latest News

Wednesday, February 7, 2018

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အခြေခံပညာနှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝန်း၌ ကျင်းပ

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အခြေခံပညာနှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝန်း၌ ကျင်းပ


ရန်ကုန်    ဖေဖော်ဝါရီ    ၇

 နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ် နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ကျင်းပသည်။

ယခုနှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားသော ပထမတန်းကို စာသင်ခန်းအတွင်း ပုံမှန်စစ်ဆေးမှုပြုလုပ်၍ စစ်ဆေးအကဲဖြတ်ခြင်းပြုလုပ်ရန်  သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

၂ဝ၁၇-၂ဝ၁၈  ပညာသင်နှစ်အတွက်  ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့် နဝမတန်းများ၏ ကျောင်းတွင်းနှစ်ဆုံး စာမေးပွဲများကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာ နှုန်းဖြင့် စာသင်ချိန် တစ်ချိန်စာသာ စစ်ဆေးမည်ဖြစ်သည်။

ယခုပညာသင်နှစ်၏ အခြေခံပညာအတန်းများဖြစ်သည့် စတုတ္ထတန်းနှင့်  အဋ္ဌမတန်းများ၏                        လ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှ

နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းများကို  လာမည့် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆  ရက်အထိနှင့် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၇ ရက်မှ ၁၆ ရက် အထိ  တစ်ရက်လျှင်  တစ်ဘာသာ စစ်ဆေးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈    ပညာသင်နှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်  အခြေခံပညာအဆင့်၌ KGသီးသန့် ၇၉၅၉၆ ဦးအပါအဝင် မူလတန်းတွင် ၄၅ဝ၇၁၂ ဦး၊  အလယ်တန်းတွင် ၃၃၂၉ဝဝ၊  အထက်တန်းတွင် ၁၃၁၂၂၆ ဦး       အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း  ၉၁၄၈၃၈ ဦး    တက်ရောက်ပညာ သင်ကြားခဲ့ကြောင်း ပညာရေးမှူးရုံး မှ ကျောင်းဖွင့်ရာသီက  သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ လည်း  အခြေခံပညာကျောင်း ၄၁၈၆  ကျောင်းတွင် ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ်အတွက် စာမေးပွဲများ စတင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  အခြေခံပညာကျောင်းများတွင် ပညာ သင်ကြားလျက်ရှိသော ကျောင်းသား  ကျောင်းသူများ      အနက်မှ တက္ကသိုလ်ဝင်တန်း၊   အဋ္ဌမတန်းနှင့် စတုတ္ထတန်း ကျောင်းသား ကျောင်းသူ များမှအပ     ကျန်ကျောင်းသား ကျောင်းသူများ၏   ၂ဝ၁၇-၂ဝ၁၈   ပညာသင်နှစ်အတွက် အတန်းတင် စာမေးပွဲများကို     တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်အသီးသီးမှ ကျောင်းများတွင်လည်း ယနေ့နံနက် ပိုင်းက အေးချမ်းစွာ စတင်ကျင်းပ ခဲ့ကြောင်း သိရသည်။

ယနေ့တွင်     နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၏ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့်    နဝမတန်းများ၏ နှစ်ဆုံးစာမေးပွဲကို တစ်ပြိုင်နက်တည်း  စတင်ကျင်းပခဲ့ရာ    နေပြည်တော်၊ ရန်ကုန်၊    မန္တလေးမြို့ကြီးများနှင့် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်း များတွင် ကျောင်းသား ကျောင်းသူများ က စာမေးပွဲကို အေးချမ်းစွာ ဖြေဆို ခဲ့ကြကြောင်း သိရသည်။

မတ် ၇ ရက်တွင် စတင်ကျင်းပ မည့်        တက္ကသိုလ်ဝင်စာမေးပွဲ တွင်     မြန်မာပြည်တစ်ပြည်လုံး၌ ကျောင်းတွင်း ဖြေဆိုသူ ၅၁၈ဝဝ၆ ဦးနှင့်   ကျောင်းပြင်ပ ဖြေဆိုသူ ၃၂၆၂၃၁ ဦး စုစုပေါင်း ၈၄၄၂၃၇ ဦးတို့ ဖြေဆိုကြမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးတွင်   ကျောင်းတွင်း ဖြေဆိုသူ ၇၂၈၉ဝ နှင့်  ကျောင်းပြင်ပ ဖြေဆိုသူ   ၄၈၄၄ဝ  စုစုပေါင်း ၁၂၁၃၃ဝ တို့ ဝင်ရောက်ဖြေဆိုကြ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ သိရသည်။
သတင်း-ဥမ္မာသန့်၊အေးမြ(မန္တလေး)​ကြေးမှုံ

No comments:

Post a Comment