Latest News

Wednesday, February 7, 2018

Mini Pitch ကွင်းများ တည်ဆောက်နေမှုကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော် လာရောက်စစ်ဆေး

Mini Pitch ကွင်းများ တည်ဆောက်နေမှုကို MFF ဥက္ကဋ္ဌ
ဦးဇော်ဇော် လာရောက်စစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၆

 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့တွင် သုဝဏ္ဏ အားကစားကွင်း အနီး၌ Mini Pitch ကွင်းများတည်ဆောက်နေမှုကို လာရောက်ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။ အဆိုပါကွင်းကို အာရှဘောလုံးအဖွဲ့ချုပ်၏ AFC Development အစီအစဉ်များအနက် တစ်ခုဖြစ်သည့် AFC President’s Infrastructure Initiative အနေဖြင့် ပံ့ပိုးကူညီ တည်ဆောက်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ကဲ့သို့ ထိုင်း၊ လာအို၊ ကာဂျစ္စတန်၊ နီပေါနှင့် မွန်ဂိုလီးယား စသည့်နိုင်ငံများသို့လည်း AFC မှ Mini Pitch ကွင်းများ ပံ့ပိုးတည်ဆောက်ပေးခဲ့သည်။

 မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်အနေဖြင့် အဆိုပါ Mini Pitch ကွင်း များကို ဖူဆယ်ကွင်းအဖြစ်အသုံးပြု၍ လူငယ်ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ကာ အခကြေးငွေဖြင့်လည်း ငှားရမ်း ပေးမည်ဖြစ်ကြောင်း MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။(MWD)

No comments:

Post a Comment