Latest News

Tuesday, February 13, 2018

စတုတ္ထအကောင်းဆုံး စီရိုနယ်ဒို

စတုတ္ထအကောင်းဆုံး စီရိုနယ်ဒို

တိုက်စစ်မှူး စီရိုနယ်ဒိုဟာ နောက်ဆုံးလေး နှစ်မှာ ဘလွန်းဒီအောဆု သုံးကြိမ်အထိ ရရှိထားပြီး မက်ဆီနဲ့အပြိုင် ကမ္ဘာ့အကောင်း
ဆုံးဆုကို တစ်လှည့်စီ ရယူနေတဲ့ စူပါစတားကစားသမားပါ။ ဒါပေမယ့် ဂယ်ရီလိုင်နီကာရဲ့ အမြင်မှာတော့ စီရိုနယ်ဒိုဟာ ဟာ လက်ရှိအချိန်မှာ စတုတ္ထအကောင်းဆုံး အဆင့်မှာပဲ ရှိပြီး ထိပ်တန်းသုံးနေရာ အတွင်း ဝင်သူမဟုတ်ဘူးရယ်လို့ ဆိုခဲ့ပါ တယ်။

စီရိုနယ်ဒိုဟာ  ပြီးခဲ့တဲ့ ၂ဝ၁၆ခုနှစ်နဲ့ ၂ဝ၁၇ခုနှစ်မှာ နှစ်နှစ်ဆက်တိုက် ဘလွန်းဒီ အောဆုကို  ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပေမယ့် ဂယ်ရီလိုင်နီကာကတော့  စီရိုနယ်ဒိုဟာဟာ လက်ရှိအချိန်မှာ မက်ဆီ၊ နေမာ၊  ဟယ်ရီ ကိန်းတို့ရဲ့ ခြေစွမ်းအောက်သာ ရောက်ရှိ နေတဲ့ သူရယ်လို့ သတ်မှတ်လိုက်တာပါ။

စီရိုနယ်ဒိုဟာဟာ လက်ရှိအချိန်မှာ  အသက် (၃၃)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သလို လိဂ် ၁၇ ပွဲမှာ ရှစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် သူလို ကစားသမားအတွက် တော့ ခြေစွမ်းအတော်လေး ကျဆင်းခဲ့တယ်လို့ ဆိုရတော့ မှာပါ။ ဒီပို့တီပိုနဲ့ အင်တာဗျူး ပြုလုပ်စဉ် ဂယ်ရီလိုင်
နီကာကို 'မက်ဆီနဲ့ စီရိုနယ်ဒိုဟာတို့ နှစ်ဦးအနက် ဘယ်သူက ပိုကောင်းတဲ့ ကစားသမားဖြစ်သလဲ''ဆိုတဲ့ မေးခွန်းကို အမေးခံရစဉ်မှာ သူက ''စီရိုနယ်ဒိုကို ကျွန်တော်အတော့်ကို သဘောကျပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အခြားကမ္ဘာက လာတဲ့ သူပါ'' လို့ ဖြေကြားခဲ့တာပါ။

ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့ဆုံမယ့်  နေမာနဲ့ စီရိုနယ်ဒို ဘယ်သူပိုကောင်းသလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ သူက'' နေမာဟာ ဘာစီလိုနာမှာကစားခဲ့တဲ့သူ။ အနာဂတ်ရှိတဲ့ သူပါ။ စီရိုနယ်ဒိုကတော့ ကြီးမြင့်ပြီးသားပါ'' လို့ တုံ့ပြန်ခဲ့သလို နောက်ဆုံးမေးခွန်းအဖြစ် ''ဟယ်ရီကိန်းနဲ့ စီရိုနယ်ဒို ကော'' ဆိုတဲ့ မေးခွန်းအတွက်တော့ '' အနာဂတ်အတွက်တော့ ကိန်းပါ'' လို့ ဆိုခဲ့တာ ပါ။

စီရိုနယ်ဒိုရဲ့ ရီးယဲလ်မက်ဒရစ် အသင်းဟာ  လက်ရှိအချိန်မှာ လာလီဂါအမှတ်ပေးဇယားအဆင့်( ၄)နေရာအထိရောက်ရှိ နေသလို ကိုပါဒယ်ရေးဖလားကလည်း နုတ်ထွက်ခဲ့ရပြီးဖြစ်ပါတယ်။ ယနေ့ည(ဖေဖော်ဝါရီ ၁၄ ရက်) မှာတော့ ရီးယဲလ်ဟာ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment