Latest News

Tuesday, February 13, 2018

မိုင်းယုမှ တရားမဝင်ရောက်ရှိလာသော တရုတ်နိုင်ငံသား တစ်ဦးအား မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၌ ဖမ်းဆီးရမိ

မိုင်းယုမှ တရားမဝင်ရောက်ရှိလာသော တရုတ်နိုင်ငံသား တစ်ဦးအား မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၌ ဖမ်းဆီးရမိ

တာချီလိတ် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ တရုတ်နယ်စပ်ဘက် တရားမဝင် ဝင်ရောက်ရှိလာသော တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၁၂ ရက် ည ၈ နာရီကျော်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား၌ ဖမ်းဆီးရမိသည်။

 ဖေဖော်ဝါရီ ၁၂ ရက် နေ့လည် ၂ နာရီအချိန်တွင် တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဌာနခွဲ(၆)မှ တာဝန်ထမ်းဆောင်နေသော ဒုလဝကမှူး ဦးအောင်ပြည့်စိုးသည် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရန်အတွက် ရောက်ရှိလာသော တရုတ်နိုင်ငံသား Mr.Yan Linအား မသင်္ကာသဖြင့် စစ်ဆေးမေးမြန်းရာ မြန်မာနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထား လက်မှတ်တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် လဝကဌာနခွဲရုံးသို့ ခေါ်ယူစစ်ဆေးရာ ဖေဖော်ဝါရီ ၈ ရက်နေ့က တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ အသိမိတ်ဆွေ တစ်ဦး၏ နာရေးသို့ မိုင်းယုမှ တဆင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်မပါရှိဘဲ တရားမဝင် ဝင်ရောက်လာခဲ့ကြောင်း၊ မိုင်းယုမြို့မှ ကားဖြင့် တာချီလိတ်မြို့သို့ လာရောက်ခဲ့ပြီး အသုဘထားရှိရာ ပါဆပ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ၃ ရက်ခန့်နေထိုင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့်Mr.Yan Lin (၃၉ နှစ်)၊ ဝမ်မိုင်ရပ်၊ ကျိန်းဟုန်မြို့၊ ယူနန်ပြည်နယ်နေ တရုတ်နိုင်ငံသားအား တာချီ လိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။မြင့်မိုရ်(တာချီလိတ်)မြန်​မာ့အလင်း

No comments:

Post a Comment