Latest News

Tuesday, February 13, 2018

မော်ရင်ဟိုနဲ့ ချယ်လ်ဆီးကို ရွဲ့လိုက်တဲ့ ကွန်တီ

မော်ရင်ဟိုနဲ့ ချယ်လ်ဆီးကို ရွဲ့လိုက်တဲ့ ကွန်တီ

ချယ်လ်ဆီးနည်းပြ ကွန်တီက သူ့အနေနဲ့ ကစားသမားတွေ ခေါ်ယူပေးဖို့ တောင်းဆိုမှု အချို့  မအောင်မမြင်ဖြစ်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပြီး လိုချင်တဲ့ ကစားသမားတွေကို အသင်းက ခေါ်ယူဖို့ တောင်းဆိုမှုနည်းလမ်း ကို ပြိုင်ဘက်အသင်းနည်းပြတွေဖြစ်တဲ့ မော်ရင်ဟို၊ ဂွါဒီယိုလာတို့ဆီကနေ သင်ယူ သင့်တယ်လို့ ဆိုလိုက်ပါတယ်။  ကွန်တီဟာ ဇန်နဝါရီဈေးကွက်အတွင်း  အလက်ဆစ် ဆန်းချက်ဇ်၊ အလက်ဆန်ဒရိုနဲ့ ဗန်ဒိုက်တို့ သုံးဦးကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် တစ်ဦးကိုမျှ ခေါ်ယူနိုင်ခြင်းမရှိတာဖြစ်ပါ တယ်။ ဗန်ဒိုက်က လီဗာပူး၊ ဆန်းချက်ဇ်က  မန်ယူကို ရောက်သွားတာဟာ ကွန်တီအတွက် ပိုပြီးခံရခက်မှာပါ။

ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့မူဝါဒဟာ  အကျိုးသက်ရောက်မှု   ချက်ချင်းရှိတဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ပြီး အသင်းကို သက်ရောက်မှု လုပ်ဆောင်ဖို့ထက် ရှိပြီးသား ကစားသမားတွေရဲ့ ခြေစွမ်းတိုးတက်ရေးကိုသာ ဆောင်ရွက်ပေးဖို့ဖြစ် ပေမယ့် တစ်ဖက်မှာကျတော့  နည်းပြကို အချိန်ပေးလိုခြင်းမရှိပြန်ပါဘူး။ ကွန်တီက
တော့ သူ့ကို ထုတ်ပယ်လိုက်တယ်ဆိုရင် ဒါဟာ တုံးအတဲ့ လုပ်ရပ်ဖြစ်လာလိမ့်မယ် လို့ အရိပ်အမြွက်သတိပေးစကားဆိုခဲ့ပြီးဖြစ်ပါတယ်။

ကွန်တီအနေနဲ့ လိုချင်တဲ့ ကစားသမား တွေကို အသင်းက ခေါ်မပေး၊ ရလဒ်ပိုင်း ကျတော့လည်း အသင်းက စိတ်မရှည်ဆိုတော့  စုပ်လည်းစူး၊ စားလည်းရူးဆိုသလို ဖြစ်နေတာပါ။ ကွန်တီက လာမယ့် နွေ ဈေးကွက်မှာ ထိပ်တန်း ကစားသမားသုံးဦး အား ဖြည့်ချင်ပြီး ဒီအတွက် ပေါင်သန်း ၂၅ဝ သုံးစွဲခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သတင်းထွက်နေခဲ့ပါသေးတယ်။ ချယ်လ် ဆီးရဲ့ လုံလောက်တဲ့ အားဖြည့်မှုမရှိတဲ့ အပြောင်းအလဲမူဝါဒဟာ   ကွန်တီရဲ့ အနာဂတ်ပေါ်မှာလည်း တိုက်ရိုက် သက်ရောက်မှုရှိနိုင်တဲ့ အကြောင်းတရားပါ။

အပြောင်းအရွှေ့ကိစ္စရပ်အပေါ် မေးမြန်းခံခဲ့ရချိန်မှာ ကွန်တီက ''လိုချင်တဲ့ ကစားသမားကို ခေါ်ယူဖို့ တောင်းဆိုရတာက ကျွန်တော့်အတွက် ကပ်ဆိုးတစ်ခုလိုပါပဲ။ ဒီအတွက် ကျွန်တော့အနေနဲ့ ပြိုင်ဘက် နည်းပြတွေဖြစ်တဲ့ မော်ရင်ဟို၊ ဂွါဒီယိုလာ တို့လို နည်းပြတွေဆီက သင်ယူရပါမယ်'' လို့ ကွန်တီက ဆိုခဲ့ပါတယ်။
မေလဲ့သင်း(​ကြေးမှုံ)

No comments:

Post a Comment